ခဲတံလေးရဲ့ ဒိုင်ယာရီ

ခဲတံလေးရဲ့ ဒိုင်ယာရီ
June 22, 2018 AsianFame MediaGroup
ခဲတံလေးရဲ့ ဒိုင်ယာရီ

မင် မရှိတော့တဲ့ ဘောလ်ပင်လေးက စာရေးရာမှာ မင်မလိုက်ခဲ့လို့ ရေးဆွဲလို့ မရတဲ့ အတိုင်းအတာ အချိန်လေးနဲ့အတူ ငယ်ဘဝက ရေး ခဲ့ရတဲ့ ကျောက်သင်ပုန်း၊ ခဲတံလေး တွေကို ပြန်လည်မြင်ယောင်နေမိ တယ်။

ခဲတံလေးတစ်ချောင်းကို ခဲတံ ချွန်တဲ့ ဓားလေးနဲ့ ချွန်နေမိရင်း ခဲတံ လေးရဲ့ ဘဝသမိုင်းလေးကို ပြေး သတိရနေမိတယ်။

စာရေးဆရာမောင်ထင်က ခဲတံ လေးမှာ ခဲဖျက်ကလေး ပါလာတယ်။ မှားရင် ဖျက်လို့ရတယ်။ ခဲတံလေး ထဲက ခဲဆန်ကို ထင်းရှူးသားလေးက ကာကွယ်ပေးထားတယ်။ ကျွန်တော် တို့ ငယ်ငယ်က ပန်းချီရေးတော့ ခွေး တံဆိပ်၊ ၃ယြ၄ြ စတဲ့ အမှတ်အ သားအမျိုးမျိုးနဲ့ ပန်းချီသမား၊ ပန်း ချီဆရာတွေရဲ့ အသုံးအဆောင်ဖြစ်ခဲ့ ရတယ်။

ခဲတံကလေးနဲ့ရေးလို့ မှားရင် ခဲဖျက်ကလေးက ကူညီပေးတယ်။ ကျောက်သင်ပုန်းမှာ ကျောက်တံက လေးနဲ့ရေးရင် မှားရင်တော့ လက် ကလေးနဲ့ ဖျက်ရတယ်။ မင်းသိခဲ့ တယ်မဟုတ်လား။ လူသားတွေကော ခဲတံလေးလို ဖျက်လို့ရသလားလို့ ခဲတံကလေးက ပြန်မေးနေတယ်။ငါတို့က လူသားတွေ ပညာရှိတွေကို ဆိုကြတာပေါ့ကွာ။ ဖျက်လို့ရတာပေါ့ စိတ်ခေါ်တဲ့ စိတ်က ခဲတံလေးလို ဖျက်သင့်မဖျက်သင့် လျော်ညီစွာ ထားရတယ်။ လူသူပညာရှင်တွေက တို့ဘဝကို အလှစိတ်နဲ့ကြည့်မှာ အပြစ်မမြင်မိခဲ့ဘူး။ ဒါပေမဲ့ ဘယ် စကား၊ ဘယ်စာသားနေရာတွေကို စိတ်အကွက်ချပြီး ပြောသလိုရှိကြ ရတယ်။ မင်းက ခဲတံလေးဖြစ်နေတော့ စာရေးသူရဲ့ နောက်ကို လိုက်ရမယ် မဟုတ်လား။

ဆရာဦးသုခနဲ့ ပညာယူခဲ့ပုံကို ရွှေသမင်ကိုအောင်က စာပေမိသား စုများ ပြန်လည်တွေ့ဆုံရာမှာ ပြော ပြခဲ့တယ်။ နှစ်ပေါင်း သုံးဆယ် ကျော် ခံစားမိတာတွေကို တစ်နာရီ တာမျှ မျှဝေပုံဖော်ပြီး ပြောခဲ့ပေ တယ်။

ကိုအောင်ရဲ့ ဇနီးမမြဇင်ရဲ့ စေ တနာနဲ့အတူ ခဲတံလေးရဲ့ ဘဝက နေ ဘောလ်ပင်လေးတွေနဲ့အတူ ဘဝကို ဖြတ်သန်းခဲ့ရင်း ခံစားခဲ့ရတဲ့ စာပေနယ်က မိတ်ဆွေတွေနဲ့အတူ ပန်းချီသမားတွေနဲ့ တွေ့ဆုံကြရင်း ခဲတံလေးကိုထားခဲ့ကြပြီ ဘောလ်ပင် လေးတွေနဲ့ ဘဝပုံဖော်ခဲ့ရသူတွေနဲ့ အတူ တွေ့ဆုံကြရင် ဆရာဇော်ဂျီရဲ့ ကဗျာကို စာရေးဆရာမင်းယုဝေက ရွတ်ဆိုပြီး တင်ပြသွားတယ်။ ကဗျာ တစ်ပုဒ်က စာဘဝင်ရဲ့ ရင်ထဲမှာ စွဲငြိ ခဲ့ရရင်း အင်္ဂလိပ်လို သိမှ ပညာတတ် လို့ဆိုတဲ့စာပေသမား သြ အဖွဲ့က ဘိုလိုပြောမှ အထင်ကြီး တယ်လို့ ဆိုကြရင်း ခဲတံလေးက ကြားနေမိ တယ်။

သြော် ခဲတံလေး မင်းက ဓား လေးနဲ့ ချွန်မှ မင်းခဲသားက ချွန်မြ နေတာပါ။ အခုကျတော့ ချွန်စက် ကလေးနဲ့ တိုးတက်ခဲ့ကြလေပြီပေါ့။

ငါက ပန်းချီရေးဆွဲတဲ့ ခဲတံလေး မင်းမသိဘူးလား၊ တိုင်းတစ်ပါးတွေက ခဲတံလေး။
ငါက ဥရောပကနေ ရောက် လာတာ။ လူနည်းစုသုံးခဲ့တယ်ကွ။
ငါက ခွေးတံဆိပ် ခဲတံဆွမ်း ခဲတံ။
ဓားလေးနဲ့ ချွန်မရတာကွာ .. မင်းက အလှတရားရေးတဲ့ စာတွေ။
ငါက ခဲတံလေးဖြစ်နေတော့ …

ကြာရနံ့သင်းတဲ့ စကားပြေလေး ရဲ့ လေညင်းလေးကို သံစဉ်လှတဲ့ဆို ဟန်လို ငါခံစားနေခဲ့ရင် ပညာရှိတွေ ရဲ့ ခဲတံလေးက သိနေတယ်။ သြော် ..ခဲတံလေးက ကျန်ခဲ့ပြီပေါ့။

ခဲဆန်လေးမပါတဲ့ ခဲတံလေး လည်း ငါတွေ့ကြုံဖူးတယ် …

ဒါပေမဲ့ ဒီနေရာမှာ ငါက ခဲတံ ဖြစ်နေတော့ လိုရာကိုရေးမယ်ဆိုတာ ငါသိနေတယ်။ ခဲတံကိုင်ဆောင်သူရဲ့ စိတ်ကို ငါသိခွင့်ရနေတယ်။ ငါက ခဲ တံတစ်ချောင်းဆိုပြီး မငြိမ်းချမ်းတဲ့ စကားတွေ မရေးချင်ဘူး။ စိတ်တွေ ဦးဆောင်ပြီး မင်းရေးချင်သလို ရေး နေပေမယ့် ငါက လက်သင့်ခံမှာ မ ဟုတ်ဘူး။ တစ်ခါတလေ ခဲဆန်လေး က ကျိုးပြလိုက်တယ်။ ဟေ့… ဒါကို မမသိရင် ဓားလေးနဲ့ဆက်သွယ် ပြီး မင်းငါ့ကို မချွန်လိုက်နဲ့ဆိုပြီး ဓား လေးနဲ့ သဟဇာတဖြစ်ခဲ့ရတယ်။

ဓားလေးနဲ့ မင်းက ချွန်လိုက်၊ အကျိုးမရှိတဲ့စာတွေ ရေးနေတာ၊ ငါ ကလေ ပါရမီမဖြည့်ချင်တော့ဘူး နော်။
စပယ်ခန်းမမှာ ဥာဏ်လင်းစာ ပေ၊ ရွှေသမင်စာပေ၊ ရတနာမွန်စာ ပေတိုက်က ကိုအောင်မှာ စာပေနဲ့ ဆက်နွှယ်ပြီး ဘဝတည်ထောင်ခဲ့ရသူ လေ။

သူ့ရဲ့နှလုံးအိမ်လေးကို စာရေး ဆရာတွေရဲ့ ရင်ခုန်သံ၊ ဖွင့်ဟသံ၊ တေးသီသံ၊ တေးထပ်သံတွေနဲ့ ဖွင့် ဆိုခဲ့ရတယ်။ ကိုအောင့်ငယ်ဘဝက ပဲကြီးရေစိမ်ကို ညှစ်ပြီး ဘဝပုံဖော်ခဲ့ ရပုံ၊ ကဗျာပုံပြင်ရေးဆွဲရင်း ဘဝပုံ ဖော်ခဲ့ရပုံ၊ တပြည်သူမရွှေထား တက္က သိုလ်ဘုန်းနိုင် ခေတ်၊ မြစာပေခေတ် ကာလတို့ရဲ့ ခေတ်များဆီကို ပြန် လည်မြင်ယောင်ရင်း၊ ငွေတာရီ၊ မြဝ တီမဂ္ဂဇင်းတွေမှာ ပုံပြင်သရုပ်ဖော်ပုံ တွေ ရေးဆွဲရင်း၊ ဆရာမင်းယုဝေ၊ ဆရာလေးမြိုင်၊ ဆရာဌေးမောင်၊ မမ ခင်ဆွေဦးရဲ့ တို့တိုင်းဌာနေ၊ စစ်ကိုင်း သူ စသည်တို့နဲ့အတူ …

ကဗျာနဲ့ ကြာခဲ့တဲ့ ဆရာသွေး သစ်၊ သူရဇော်၊ မောင်ယဉ်မှူး၊ အစ် မဒေါ်ကြွယ်ကြွယ်၊ ပန်းချီပြည်စိုးမြင့်၊ ကိုကျော်ညွန့်၊ ပန်းချီမျိုးမြင့်၊ ဝေမွန် လင်း၊ ဆရာဆွေမြင့်တို့က ဆေး ရောင်လေးတွေက လွမ်းနေတယ်လို့ လှမ်းပြောရင်း …

ဆရာဦးသုခရဲ့ မျက်စိမမြင်တဲ့ နှစ်ကာလတွေနဲ့ မင်းသားကျော်သူ က ဆရာဦးသုခကို အရွယ်လွန်မှ တွေ့ဆုံခဲ့ရတဲ့ ခဲကောက်ကြောင်းနှင့် မျက်စိမမြင်ဘဲ အိုက်တင်ကို အကဲ ခတ်ကာ သိနေတဲ့ ဆရာဦးသုခရဲ့ စိတ်ဘဝင်တွေနဲ့အတူ …။

ကိုအောင်ရဲ့ ငယ်ဘဝမှာ ပဲကြီး လေးတွေ တစ်ပြည် ၁ဝ ပြားနဲ့ ညှစ် ခဲ့ရတဲ့ သမိုင်းကအစ ဘဝစုံလင် စာ ပလ္လင်မှာနေခဲ့ရင်၊ ဆရာဦးရန်အောင် နဲ့ ဆရာဦးသုခတို့ကို ပူဇော်ပြောဆို ရင်၊ မတွေ့တာကြာပြီဖြစ်တဲ့ အရင် က အလင်္ကာဝတ်ရည်ရဲ့ အယ်ဒီတာ နွမ်ဂျာသိုင်း၊ ကဗျာတက်လူရဲ့ အစ် ကိုကြီးက ထန်းရည်၊ ညီကထန်းလျက်၊ ညီငယ်က ထန်းရည်ချိုချိုစတဲ့ ကျေး လက်ကဗျာထဲက စာလေးတွေနဲ့အတူ ထန်းရည်ချိုကိုရေးဖွဲ့ခဲ့ရင် …။

ဆရာဦးသုခရဲ့ တပည့်ဖြစ်ခဲ့ဖူး သူနှစ်ဦး မောင်နှင်းမိုး (ရုပ်ရှင်) “တက်လူ” ရဲ့ ကဗျာစာအုပ် အမေက ပန်းသည်ကို ကျွန်တော်က ပုံဖော်ခဲ့ ရင် …။

တက်လူရဲ့ ကဗျာကို ရွတ်ဆိုပြ ရင် …။
မြိတ်က ကဗျာဆရာ နရီ မြိတ်နဲ့ အတူ အညာက ကဗျာ ..။ စာပေ တောမှာ မမောနိုင်ဘဲ …နေခဲ့ကြ ရင် … စာပေဟောင်းနှင့် နှစ် ပေါင်းများစွာ … မင်တံလေးက …ငြိမ်းချမ်းသော …ငြိမ်းတယ် …ချမ်းတယ်မိုး အပြာရောင်သစ်ခွ ရဲ့ သမိုင်းအစ …။

ငြိမ်းချမ်းတဲ့ နှစ်ကာလလေး ရောက်တော့မည်ပ မင်တံလေးက ရှေးဦးစွာ …နှစ်ဦးမှာ … အမေက ဧရာဝတီ …ဗေဒါနှင့် အေးမြတဲ့ မြစ်နဒီ …တို့တိုင်းဌာ နေ …ကိုတော့ လွမ်းနေဦးမည် …ကျွန်တော့်ပြည် …။

တင်လှဝင်းတင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*