သစ်ပင်ရဲ့ အနာထိတ်ဝပေါ်ကငှက်

သစ်ပင်ရဲ့ အနာထိတ်ဝပေါ်ကငှက်
June 19, 2018 Leanne Win
သစ်ပင်ရဲ့ အနာထိတ်ဝပေါ်ကငှက်

လူဟာ အသက်အရွယ်လေးရလာ ရင်ကဗျာကို ပိုချစ်တတ်လာ သလား မပြောတတ်ဘူး။လူဟာ အသက်အရွယ်လေးရလာ ရင်ကဗျာကို ပိုချစ်တတ်လာ သလား မပြောတတ်ဘူး။

ဒီနေ့ ကျွန်တော်အသက် ၇၃နှစ် ကျော်ပြီး ၇၄ နှစ်ထဲရောက်လာပြီပေါ။ အသက်ကြီးလာတာနဲ့အမျှ ကျွန်တော့် ကိုယ်ကျွန်တော် သတိမထားသလိုနဲ့ သတိထားမိတာက ကဗျာကို ငယ် ငယ်ကထက် ပိုချစ်တတ်လာတယ်လို့ ထင်တာပါပဲ။ ငယ်ငယ်တုန်းကတော့ အဖော်တွေ ပျော်စရာတွေ များလှ ပေမယ့် ခုလိုအသက်အရွယ်ကျတော့ အဖော်ကရှားလာတယ်။ ရှားလည်း ကိစ္စမရှိပါ။ ကဗျာက ရာသက်ပန် အဖော်အဖြစ် ကျွန်တော့်အတွက် ဖြစ်နေလို့ပါပဲ။ အခြားအခြားသော အခြားအခြားသော ကျွန်တော့်လို အရွယ်တွေ အဖော်မဲ့ကုန်ကြပေမယ့်၊ ချစ်တဲ့ကဗျာကတော့ ကျွန်တော့်လို  အဘိုးကြီးကို ပစ်မသွား။ ဒါကြောင့် အသက် ၈ဝ တရုတ်အဘိုးကြီး တစ် ယောက်ရဲ့ကဗျာ သို့မဟုတ် ငှက်က လေးတစ်ကောင်ကို အဖော်ပြုနေပုံ၊ သတိရတယ်။ တရုတ်အဘိုးကြီးဆို တော့ အသက် ၈ဝ ကျော် ကဗျာဆရာ ကြီး ”ကင်လင်းမန်”နဲ့ သူ့အဖော် ငှက် ကလေးအကြောင်း ပြောချင်ပါတယ်။ သူက အဘိုးအိုတစ်ယောက်ရဲ့ခံစား မှုကို ”မြက်ပင်စိမ်းစိမ်းတို့သည် မနေ့ကစပြီး မြင့်တက်လာနေပြီ..” ဆိုတဲ့ခေါင်းစဉ် ရေးဖွဲ့ခဲ့တာပါ။ မြည်း ရအောင်…။

”မြက်ပင်စိမ်းစိမ်းတို့သည်
မနေ့ကစပြီးမြင့်တက်လာနေပြီ
သစ်ပင်၏
အကိုင်းအခက်ပင်စပ်မှာတော့
ပိုင်းခုတ်ဖြတ်တောက်ခံရပေါ့
ငှက်တစ်ကောင်ကား
‘သစ်ပင်၏ အနာထိပ်ဝ’ မှီခို
ကပ်နေထိုင်လျက်ရှိ၏။

မြက်ပင်စိမ်းစိမ်းတို့သည်
မနေ့ကစပြီး မြင့်တက်လာနေပြီ
နှင်းရည်ပုလဲတို့
လင်းလက်သည့်
ငွေလက်စွပ်များအသွင်
စီယိမ်းကနေသည့်
သူ့လက်ဖျားတွင်
ဝတ်ဆင်ပေးနေသည့်
နွေဦး၏ လေပြည်ထဲတွင်
အရွက်ချင်း ထိခတ်သော
ဂီတသံသည် မကြာရတော့ပြီ
နွေဦး၏ လေနုအေးသည်
အိပျောင်းနွဲ့လျသည့်
သူ၏ဆံခြည်ကို ဖြီးသင်ပေးလေပြီ။

မြက်ပင်စိမ်းစိမ်းတို့သည်
မနေ့ကစပြီး မြင့်တက်လာနေပြီ
တစ်လက်မပြီး တစ်လက်မ
စိမ်းမြနေပြီ
ဘူဒိုစာကားကြီးများ အရပ်လေးမျက်နှာမှ ရောက်လာကြပြီ။
မနက်ဖန်မှ စတင်ပေလိမ့်မည်
အဲဒီမြက်ပင်စိမ်းတို့နေရာတွင် မိုးပျံတိုက်ကြီးများ ဆောက်တည်
တစ်ပြင်ပြီး တစ်ပြင်
ပေါ်ထွင်လာတော့မည်
‘မြက်ပေါက်တာထက်၊
သူတို့မြန်လိမ့်မည်…)
အံ့ဖွယ်များကို
လူသားတို့ ဖန်တီးနေကြသည်။

ငှက်လား….
ငှက်ကား ကောင်းကင်ခရီးသွား
ဝေဟင်၏သားဖြစ်သည်
မနက်ကျလျှင် သူတို့သည်
ဤအရပ်မှ ပျံကြပေလိမ့်တော့မည်
အဲဒီငှက်ကလေးများသည်
ကမ္ဘာမြေကြီးနဲ့
ကြာလေ လှမ်းလေ ဖြစ်ချေပြီ။

ငှက်တွေနဲ့ ကမ္ဘာကြီးဝေးသွားပြီ။ မြက်ပင်တွေနဲ့မြေကြီးလည်း ဝေးသွား ကြပြီ။ အသက် ၈ဝ ကျော်ပြီဖြစ်တဲ့ ကဗျာဆရာကြီး ကင်လင်းမန်ဟာ မြို့ ကြီးပြကြီးရဲ့ အရှိန်အဟုန်ပြင်းစွာနဲ့ တိုးချဲ့လာတဲ့ အင်္ဂတေမြို့ပြကြီး မြင် သောအခါ စိတ်ပူပန်စိတ်ထိခိုက်စွာနဲ့ ဒီလိုကဗျာမျိုးကို အန်တုလာလိုက် တာပဲဖြစ်မယ်။

ကဗျာဆရာကြီးဟာ သူ့တပည့် လေးတွေကိုတော့၊ ဒီလိုမေးခွန်း ထုတ် သတဲ့။

”ငှက်ကလေးတွေကတော့ အ တော်ပဲရှိလို့ ပျံနိုင်ပါရဲ့၊ လူတွေက ဘာနဲ့ ဘယ်လိုပျံရမှာလဲ…” တဲ့။အသက် ၈ဝ ကဗျာဆရာကြီးက မေး ရှာတယ်။

”ဘာနဲ့ ဘယ်ကို…” တဲ့။

ကိုငြိမ်း (မန္တလေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*