လူမှုကွန်ရက်တွေပေါ်မှာ သတင်းကြီးနေတဲ့  ဘောလိဝုဒ် စုံတွဲ

လူမှုကွန်ရက်တွေပေါ်မှာ သတင်းကြီးနေတဲ့  ဘောလိဝုဒ် စုံတွဲ
June 19, 2018 AsianFame MediaGroup
လူမှုကွန်ရက်တွေပေါ်မှာ သတင်းကြီးနေတဲ့  ဘောလိဝုဒ် စုံတွဲ

၂ဝ၁၇-၂ဝ၁၈ ခုနှစ် အတွက်ချီးမြှင့်တဲ့ BCCI Award လို့ခေါ်တဲ့ အိန္ဒိယ ခရစ်ကတ်ဆုပေးပွဲကြီးကို မင်းသမီးချော Anushka Sharma နဲ့ သူ့ခင်ပွန်းခရစ်ကတ်အကျော်အမော် Virat Kohli တို့ ယှဉ်တွဲတက်ရောက်လာတဲ့သတင်းဟာ ဘောလိ ဝုဒ်ပရိသတ်တွေကြားမှာ အသည်းခိုက်စရာ သတင်းတစ်ပုဒ် အဖြစ် ရေပန်းစားနေပါတယ်။

ဒီပွဲကိုတက်ရောက်လာတာက ဖိတ်ကြားခံရသူအနေနဲ့ ရော ဆုရှင်အဖြစ်နဲ့ပါ တက်ရောက်ခဲ့ကြတာပါ။ အကြောင်းက Virat ဟာ Polly Umrigar Award လို့ ခေါ်တဲ့ ကမ္ဘာ့အကောင်း ဆုံး ခရစ်ကတ်ကစားသမားဆုကို ၂ဝ၁၈ ခုနှစ်အတွက် ချီးမြှင့် ခံခဲ့ရလို့ပါ။ ”ကျွန်တော့် ဇနီးပွဲခင်းထဲမှာရှိနေပါတယ်။ ကျွန်တော့်အတွက် အရေးကြီးဆုံးလူပေါ့”လို့ ဆုယူ အပြီးမှာ စင်မြင့်ပေါ်ကနေ Virat ပြောလိုက်ချိန်မှာ ပရိသတ်တွေက တအားကိုကြည်နူးပျော်ရွှင်ခဲ့ရပါတယ်။ ဒီဆုကို ၂ဝ၁၇ ခုနှစ် ကလည်း Virat ပဲ ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

ဘောလိဝုဒ်ရဲ့ သရုပ်ဆောင်အနုပညာကြေး အမြင့်ဆုံးရ ရှိနေတဲ့ မင်းသမီး Anushka ဆိုတာ သရုပ်ဆောင်တစ် ယောက်ဖြစ်ရုံသာမက ရုပ်ရှင်ထုတ်လုပ်သူအဖြစ်နဲ့ပါ အောင်မြင်နေသူဖြစ်ပါတယ်။

Ref: The Indian Express

ဝဿန်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*