ပိုးမီနဲ့ အတွဲများလို့ ချစ်သူနဲ့ ရန်ဖြစ်ရတယ်ဆိုတဲ့ ရဲနောင်

ပိုးမီနဲ့ အတွဲများလို့ ချစ်သူနဲ့ ရန်ဖြစ်ရတယ်ဆိုတဲ့ ရဲနောင်
June 15, 2018 Leanne Win
ပိုးမီနဲ့ အတွဲများလို့ ချစ်သူနဲ့ ရန်ဖြစ်ရတယ်ဆိုတဲ့ ရဲနောင်

ပိုးမီ ရဲနောင်ဆိုတာ မြန်မာအိုင်ဒေါရဲ့ဒုတိယမြောက်ရာသီမှာ အတွဲညီခဲ့တဲ့ အဆိုတော် နှစ်ယောက် ဘယ်လောက်ထိအတွဲညီခဲ့သလဲဆိုရင် ပြိုင်ပွဲတုန်းကလည်းအတူတူ၊ ပြိုင်ပွဲပြီးလို့ခရီးတွေထွက် သီချင်းတွေဆိုတော့လည်းအတူတူ ဒီတော့ကြည့်နေတဲ့ ပရိသတ်က အတွဲလို့ ထင်မှတ်နေကြပါပြီ။ဒီအကြောင်းနဲ့ ပတ်သက်လို့ရဲနောင် ပိုးမီတို့နှစ်ယောက်နဲ့ တွေ့ဆုံ မေးမြန်းဖြစ်တဲ့အခါ….

“တစ်ခါတလေကျရင် ကိုယ်တွေက သိတယ်မဟုတ်လား။ဟာသပေါ့။ သူတို့က သဘောတွေတူ ချစ်သူတွေဖြစ်လိုက်ကြပါတော့ ။ဘယ်တော့လဲ အဲလိုလာမေးတဲ့ အချိန်ကျရင် ကိုယ့်မောင်နှမအချင်းချင်းတစ်ယောက်နဲ့ တစ်ယောက်ပြောပြီးတော့ရယ်နေကြတာတွေရှိပါတယ်။ တစ်ခါတလေကျတော့လည်း ကျွန်တော်က ချစ်သူရှိတော့ ဖုန်းဆက်ပြီး ရန်ဖြစ်ရပါတယ်။(ရယ်လျက်)”လို့ ရဲနောင်ကပြောပါတယ်။ ချစ်သူရှိနေတဲ့ ရဲနောင်ကို ဖေ့ဘုတ်မှာ ပိုးမီနဲ့ ၂ယောက် တွဲပုံတင်တဲ့အခါသူ့ချစ်သူက ဘာပြောလာလဲဆိုတော့…

ကျွန်တော်က ပုံတွေဘာတွေတင်ရင် ချစ်သူကိုပြောလေ့ရှိတယ်။မပိုးမီနဲ့ ပုံတင်ဖို့ ဘယ်သူနဲ့ပုံတင်ဖို့ပေါ့။အခုတော့သူကနားလည်သွားပါပြီ။မပိုးနဲ့က မောင်နှမတွေလိုပဲလေ။တစ်ယောက်အကြောင်းလည်း တစ်ယောက်သိတယ်။ အတွင်းသိ အဆင်းသိလည်းဖြစ်နေပြီ။ပြီးတော့ ကျွန်တော့် ချစ်သူနဲ့က နှစ်ဖက်မိဘလည်းသိတယ်ဆိုတော့ အခြေအနေကောင်းပါတယ်လို့ ရဲနောင်က ဆက်လက်ပြောပြပါတယ်။ နှစ်ယောက်အတူတွဲပြီး သီချင်း တွဲလုပ်ဖို့ရှိသေးတယ်ဆိုတဲ့ရဲနောင်က…..

မပိုးမီနဲ့ နှစ်ယောက်ပေါင်းပြီး တွဲလုပ်ဖို့ ကျွန်တော် သီချင်းလေးတစ်ပုဒ်ရှိတယ်။တစ်ခါတုန်းကတောင် facebook live မှာ တင်ဖူးသေးတယ်လို့ ရဲနောင်ကပြောပြခဲ့ပါတယ်။

 

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*