မင်္ဂလာအခမ်းအနားကိုအစအဆုံးစီစဉ်ပေးမယ့် Aroma Wedding One Stop Service Center

မင်္ဂလာအခမ်းအနားကိုအစအဆုံးစီစဉ်ပေးမယ့် Aroma Wedding One Stop Service Center
June 14, 2018 Leanne Win
မင်္ဂလာအခမ်းအနားကိုအစအဆုံးစီစဉ်ပေးမယ့် Aroma Wedding One Stop Service Center

ဒီဇိုင်နာ အောင်မြတ်သူနဲ့ အဆို တော် စိန်လင်းတို့ တည်ထောင်ထား တဲ့ Aroma Wedding One Stop Service Center ရဲ့ တတိယမြောက် ဆိုင်ခွဲကိုPark Royal Hotelမှာ ဇွန်လ ၈ ရက်နေ့က ဖွင့်လှစ်ခဲ့ပါ တယ်။ ဒီဖွင့်ပွဲကို နိုင်ငံကျော် အနုပညာရှင်များဖြစ်ကြတဲ့ ရဲအောင်၊ သားစိုး၊ မေသန်းနု၊ စမိုင်းလ်၊ ဆုပန် ထွာ၊ ချမ်းချမ်း၊ ချစ်စနိုးဦး၊ ဆန်း သစ်လ၊ ဘေဘီမောင်၊ ရွှေပိုးအိမ်တို့နဲ့ အတူ အခြားသော အနုပညာရှင်များ စွာ တက်ရောက်ခဲ့ကြပါတယ်။ တတိ ယမြောက် ဆိုင်ခွဲဖွင့်လှစ်ပွဲနဲ့ ပတ် သက်ပြီး ဒီဇိုင်နာကိုအောင်မြတ်သူ က…

“Park Royal ဟိုတယ်က လူကြီး မင်းတွေက ကျွန်တော်တို့ဆိုင် ဒီမှာ လာရောက်ဖွင့်လှစ်ဖို့ ကမ်းလှမ်းပါ တယ်။ အဲဒီအတွက်ကြောင့် ဒီမှာလာ ရောက်ဖွင့်လှစ်တာပါ။ ကျွန်တော် တို့ရဲ့ Main Studio က တောင် ဥက္ကလာမှာရှိတဲ့အတွက် မြို့ထဲက Customer တွေ အလွယ်တကူလာ ရောက်နိုင်ဖို့အတွက်လည်း ရည်ရွယ် ပြီး ဖွင့်လှစ်လိုက်တာပါ။Customer တွေအနေနဲ့ ကျွန်တော်တို့ Aroma ရဲ့ Main officeကိုပဲလာလာ ဘယ် ဆိုင်ခွဲတွေကိုပဲလာလာ အားလုံးကို အဆင်ပြေအောင် ဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်။ ဒီဆိုင်မှာဆိုရင် လည်း မင်္ဂလာကိစ္စနဲ့ ပတ်သက်ပြီး တစ်ပွဲလုံးစာကို အစအဆုံးစီစဉ် ပေးမှာပါ။ မင်္ဂလာအခမ်းအနားတွေ၊ ဝတ်စုံတွေ၊ မိတ်ကပ် အပြင် အဆင် တွေ အားလုံးကို ခေတ် နဲ့အညီ လှပ နေအောင် ပြင်ဆင်ပေး မှာပါ။PreWedding ရိုက်ကူးရေး က အစ ခေတ်မီဆန်းသစ်လှပအောင် အမြဲကြိုးစားပြီး ဖန်တီးပေးသွားမှာ ပါ”လို့ ပြောပြခဲ့ပါတယ်။

ဆိုင်ဖွင့်ပွဲအထိမ်းအမှတ် အနေ နဲ့ ဇွန်လ ၈ ရက်နေ့ကနေ ၁ဝ ရက် နေ့အထိ ၃ ရက်တိုင်တိုင်Wedding Package ကို ၂၅ ရာခိုင်နှုန်း ဈေး လျှော့ပေးသွားမှာဖြစ်သလို Pre Wedding2 စုံရိုက်ရင်လည်း ၂ စုံ ထပ်ပြီး လက်ဆောင်ပေးသွားမှာ ဖြစ် ပါတယ်။

ဇင်မာနွယ်၊
ဓာတ်ပုံ- ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*