ဆောက်လုပ်ရေး လုပ်ငန်းက အရှုံး ပေါ်တဲ့အတွက် မလုပ်ဖြစ်တော့ဘူး မေသန်းနု

ဆောက်လုပ်ရေး လုပ်ငန်းက အရှုံး ပေါ်တဲ့အတွက် မလုပ်ဖြစ်တော့ဘူး မေသန်းနု
June 12, 2018 Leanne Win
ဆောက်လုပ်ရေး လုပ်ငန်းက အရှုံး ပေါ်တဲ့အတွက် မလုပ်ဖြစ်တော့ဘူး မေသန်းနု

ထပ်ဆင့်အကယ်ဒမီ ရုပ်ရှင် သရုပ်ဆောင် မေသန်းနုက အခုလတ်တလောမှာတော့ အနုပညာ လှုပ်ရှားမှုများအနေနဲ့ ရုပ်ရှင် သရုပ်ဆောင်၊ ဒါရိုက်တာ သားညီ ရိုက်ကူးတဲ့ ‘၂၅ %’ ရုပ်ရှင်ဇာတ် ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး နောက်ထပ်လည်း ဒါရိုက်တာ အေးစိုးရိုက်ကူးမယ့် ရုပ်ရှင်ဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်ဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သူက ကလေး ၃ယောက်အမေ နေရာကပါဝင်သရုပ်ဆောင်ရမှာပါ။ အခုချိန်မှာ သူတို့အနေနဲ့ကတော့ အမေခန်းတွေသာ အရိုက် များနေပြီး ဇာတ်ရွေးချယ်ခွင့်တွေလည်း မရှိတော့ဘူးလို့ မေသန်းနုက ပြောပါတယ်။ ဒီအပေါ်မှာ မေသန်းနုက…

“ခံစားမှုကတော့ အထွေအထူးမရှိပါဘူး။ အခုဒီအခြေအနေမှာ သိပ်လည်း ရွေးချယ်ခွင့် မရှိတော့ ကိုယ့်ဆီလာတဲ့ ဇာတ်ရုပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် ရိုက်ကူးပေး သွားရမှာပေါ့နော်။ကိုယ်ပါဝင်တဲ့ ဇာတ်ကားဘယ်လိုအကောင်းဆုံး ဖြစ်အောင် လုပ်ပေးသွားနိုင်မလဲဆို တာကိုပဲ ဦးစား ပေးသွားတာ” လို့ ပြောပြပါတယ်။ ဒီအချိန်မှာ သူရိုက်ကူးချင်ဆုံး ဇာတ်ကောင်စရိုက်နဲ့ ဇာတ်လမ်းပုံစံကို တော့ မေသန်းနုက…

“မဆင့်ကတော့ ဒရာမာ ဇာတ်ကားတွေရိုက်ကူးချင်တယ်။ ကိုယ့်အတွက် အနုပညာကျန်ရစ်မယ့် ဇာတ်ကားတွေကိုတော့ ပိုပြီးမျှော်လင့်ရတာပေါ့။ ‘ထာဝရ အမေ’လို ဇာတ်ကားမျိုးပေါ့။ ဒီလိုဇာတ်ကား ကတအားရှားတယ်လေ။ အဲဒီလိုဇာတ်ကားမျိုးတွေ မျှော်လင့်တာပါ”လို့ ပြောပြပါတယ်။ ‘ထာဝရ အမေ’ ရုပ်ရှင်ဇာတ်ကားက မြန်မာနိုင်ငံ မှာတင် အောင်မြင်မှုရရှိတာမဟုတ် ဘဲ ပြည်ပနိုင်ငံတွေမှာ သွားရောက် ပြသတဲ့အခါမှာလည်းကြည့်ရှုတဲ့ ပရိသတ်တိုင်းက ကြိုက်နှစ်သက်တဲ့ အတွက် ဝမ်းသာပျော်ရွှင်ရကြောင်း မေသန်းနုက ပြောပြပါတယ်။ မေသန်းနုက အနုပညာ အလုပ် တစ်ဖက်နဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ကိုလည်း လုပ်ကိုင်လာခဲ့သူဖြစ်ပါတယ်။ သူလုပ်ခဲ့တဲ့စီးပွားရေးလုပ်ငန်း ကတော့ ဆောက်လုပ်ရေးလုပ်ငန်း ဖြစ်ပြီး အခုအချိန်မှာတော့ ဒီလုပ်ငန်းကို မလုပ်ကိုင်တော့ဘူးလို့ ပြောပါတယ်။ဒီလုပ်ငန်းကို ဘာကြောင့် ရပ်ဆိုင်းပစ်လိုက်ရသလဲဆိုတဲ့ မေးမြန်းမှုအပေါ်ပြန်ပြောရာ မှာတော့…

“မဆင့်လောဘတကြီးနဲ့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်လိုက်တဲ့အခါမှာ အများကြီး အရှုံး ပေါ်တယ်။ လူတွေအများကြီး၊ ပွဲစားတွေအများကြီးနဲ့ ဆက်ဆံရတဲ့အခါ ကျတော့ ကိုယ့်အတွက် နစ်နာမှု တွေအများကြီးပဲ။ ငွေရေးကြေးရေး ရော၊ သိက္ခာတွေရော ရင်းရတာ ။ အခုတော့ ဒီအလုပ်ကိုမလုပ်တော့ပါဘူး။ ကိုယ်နဲ့လည်း မအပ်စပ်တော့လေ။အခြားအလုပ် တစ်ခုတော့ လုပ်ဖို့စဉ်းစားတယ်။သေချာရင်ပြောပါ့မယ်” လို့ မေသန်းနုကပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*