ပျက်ကျခြင်း

ပျက်ကျခြင်း
June 12, 2018 Leanne Win
ပျက်ကျခြင်း

လရောင်မြူဆွယ်အနမ်းနဲ့
ညရဲ့အမှောင်ခန်းထဲမှာ ရှိုက်သံသဲ့သဲ့များ
မြင်ကွင်းတွေ ရှင်းလင်းဖို့
လူလုံးထွက်ထွက်ပြရ
ကံလွဲပြီး တရားမှာ မြဲမြံခဲ့သူမို့
ရနံ့စစ်စစ်နဲ့ ဝေးနေဦးမယ်ထင်ရဲ့။

တစ်ဘဝလုံး ပြိုကျလိုက်ဖို့
မိုက်မဲတယ် ဆိုမလား
အလစ်ဝင်လာတတ်တဲ့ ခွဲခွာခြင်းအား
တောင်းပန်ခယရင်း
ပုံပြင်များနဲ့စပ်ဆိုချုပ်တဲ့ကမ္ဘာကိုတွေ့တယ်
ပျောက်ဆုံးခြင်းတွေကြား
ပျက်ကျသွားခဲ့တယ်
စိတ်ယာဉ်တစ်ခုလုံး မွမွကြေလို့။

ယွန်းပိုးအိမ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*