မြန်မာ့ရုပ်ရှင်နဲ့ဗီဒီယိုအတိတ်ပစ္စုပ္ပန် ပြောင်းလဲခြင်းခေတ်များ

မြန်မာ့ရုပ်ရှင်နဲ့ဗီဒီယိုအတိတ်ပစ္စုပ္ပန် ပြောင်းလဲခြင်းခေတ်များ
June 11, 2018 AsianFame MediaGroup
မြန်မာ့ရုပ်ရှင်နဲ့ဗီဒီယိုအတိတ်ပစ္စုပ္ပန် ပြောင်းလဲခြင်းခေတ်များ

တစ်ခါက မြန်မာ့ရုပ်ရှင်လောက ရဲ့ ဇာတ်ဝင်ခန်း ပစ္စည်း”အတု” ခေတ်ကို တွေးမိရင် အတု ပစ္စည်းများလုပ်တဲ့ သရုပ် ဆောင်တစ်ဦးဖြစ်တဲ့ ကမ္ဘာ ကျော် ငွေလှိုင်ကို လွမ်း မိတယ်။ နာမည်ကို ကမ္ဘာ ကျော်ငွေလှိုင်လို့ ကင်ပွန်းတပ် ထားပေမယ့် သူအရပ်ကပု တယ်။ ကိုယ်လုံးကလည်း ခပ် သေးသေး။ ဒါပေမဲ့ စိတ်ကူး ဥာဏ်ကတော့ ကြီး တယ်လို့ ပြောရ မှာပဲဖြစ်တယ်။ သရုပ်ဆောင် ရင် လည်း ဟာသလည်း သရုပ် ဆောင် သလို ကြုံရာကျပန်း ဇာတ်ရုပ်မျိုး လည်း သရုပ်ဆောင်သူ ဖြစ်တယ်။ ပင်ကိုက ဟာသဥာဏ် ရှိတယ်။ အင်မတန်ခင်မင်ဖို့ ကောင်း သူဖြစ် ပါတယ်။ တစ်ချိန်တစ်ခါ ရုပ် ရှင် အဖြူအမည်းခေတ်မှာ ရုပ်ရှင် ဇာတ်ဝင် တုတ်၊ ဓား၊ သေနတ်မှအစ၊ ထိုင်ခုံအတု၊ စားပွဲခုံအတု၊ ပုလင်း အတုစတဲ့ လိုအပ်တဲ့ ဇာတ်ဝင် ပစ္စည်းများအပ်ရင် ကမ္ဘာကျော် ငွေလှိုင်ကိုအပ်ပါက ပစ္စည်းအစစ်နဲ့ မခြား ပုံစံတူလုပ်ပေးနိုင်သူဖြစ်တယ်။ အဲဒီဇာတ်ဝင်ခန်း ပစ္စည်းအတုတွေ ဟာ ဇာတ်လမ်းအရ ဖျက်ဆီးပစ်ရ မယ့် ပစ္စည်းများပဲဖြစ် တယ်။ အဲဒီ ခေတ်က လက်ဖက်ရည် ဆိုင်၊ စား သောက်ဆိုင်တွေကခေါက် ကုလား ထိုင်များပဲဖြစ်တယ်။ အုတ်ခဲ ဆိုရင် လည်း အစစ်၊ အုတ်ခဲနဲ့အတု အုတ်ခဲ ခွဲမရအောင်တူတာမို့ ဇာတ်လမ်း အရ ရိုက်ကူးမယ့် တုတ်၊ ကုလားထိုင်၊ ခွေးချေးမှအစဇာတ်ကား မရိုက်ကူး ခင်မှာ အမှတ်အသားပြုရ တယ်။ ဘာ လို့လဲဆိုတော့ အခုခေတ် လို အချိန် အဆဘရိတ်နဲ့ ရိုက်စရာ မလိုဘူး။ ဒေါသတကြီး အက်ရှင် အမူအရာကို အပြည့်အဝလုပ်ခွင့်ရှိခဲ့ ကြတယ်။

ကြည့်ရှုဖူးခဲ့ဖူးတဲ့ ဇာတ်ဝင်ခန်း ရိုက် ကွင်းမှာ မင်းသားကျော်ဟိန်းနဲ့ လူဆိုးတွေ စားသောက်ဆိုင် တစ် ဆိုင်မှာအဆင်မပြေမှုနဲ့ ထိုးကြိတ် ကြရာမှကျော်ဟိန်းက သွက်လက် လျင်မြန်မှုနဲ့ အသာစီး ရနေစဉ် လူဆိုးတစ် ယောက်က ခေါက်ကုလား ထိုင်တစ်လုံးကို ဆွဲယူပြီး တအား ရိုက်ချလိုက် တယ်။ ကုလားထိုင်လည်း ကျိုးပဲ့ပျက် စီးသွားသလို ကျော်ဟိန်း လဲကျသွားတယ်။ လူဆိုးတွေ ဆိုင်ထဲ မှထွက်ပြေးသွားကြတယ်။ ကျော်ဟိန်းကိုလည်း ခေါင်းက သွေးများစီးကျပုံကို ရိုက်ကူးပြသပြီး ”ကတ်” ဆိုတဲ့အသံနဲ့ ကလက်က ကျော်ဟိန်းနဲ့ ကင်မရာ ကြားမှာ ခွပ်ခနဲဝင်ရိုက်လိုက်တယ်။ ကျော် ဟိန်းလဲနေရာမှ ထလာတယ်။ ဒီလိုပဲ အုတ်ခဲနဲ့ ဆိုရင်လည်း ခေါင်းကို အုတ်ခဲနဲ့ ကိုင်ထုလိုက်တယ်။ အုတ်ခဲ က ကျိုးကြေသွားတယ်။ အရိုက်ခံရသူ ခေါင်းလည်း သွေးတွေနဲ့ လဲကျပုံမျိုး ရိုက်ကူးတယ်။ စားပွဲအတုဆိုရင် လည်း အိမ်ထဲမှာ ပြဿနာတက်ပြီး ထိုးကြိတ်ရင်း လူက စားပွဲခုံပေါ် အရှိန်နဲ့ ပစ်လဲကျလို့ စားပွဲခုံအလယ် မှ ကျိုးကျပျက်စီးသွားပုံ။ အဲဒီလို သဘာဝယုတ္တိမျိုးနဲ့ ပသာဒအရမြင် တွေ့ကြည့်ရှုရမှုမျိုးဟာ ခံစားရမှု ပြည့်ဝစေခြင်းပဲဖြစ်တယ်လို့ ဆိုချင် တယ်။ ဒီလိုအတုပစ္စည်းနဲ့ ဇာတ်လမ်း ကို ပြုလုပ်အသက်သွင်းမှု တွေဟာ ဟောလိဝုဒ်ဇာတ်ကားတွေ တောင် ဒီနေ့အထိ အတုပစ္စည်းဆက်တင် တွေနဲ့ ကမ္ဘာကြီးကို ပြုစားနိုင်ခဲ့ကြ တာငြင်းလို့မရပါဘူး။ မြန်မာ့ ရုပ်ရှင် လောကနဲ့ ဗီဒီယိုလောကတို့ ဟာ ပေါချောင်ကောင်း လုပ်ကြလေ့ ရှိ တော့ စရိတ်သက်သာအောင် လျှော့ ရင်းလျှော့ရင်း အရစ်ချောင်ပြီး ပုံစံ ပျက်လာကြတယ်လို့ ဆိုရမယ်။

စဉ်းစားကြည့်ပါ။ တုတ်အတု မဟုတ်ဘဲ အစစ်နဲ့ ရိုက်မယ်ဆိုရင် ရိုက်သူက အချိန်အဆ၊ ဘရိတ်နဲ့ ရိုက်တယ်ဆိုပေမယ့် မတော်လို့ အချိန်အဆနဲ့ ကျော်လာရင် ခံရသူ ဘက်က ကွဲပြဲသွားမှာ စိုးရိမ်စိတ်ရှိနေ တာမို့ ထိဟန်ဆောင်ပြီး ကြိုတင်လဲ ကျတဲ့အမူအရာနဲ့ တကယ်ထိပြီးမှ နာကျင်စွာခံစားဟန် လဲကျတဲ့ အမူ အရာ။ ဘယ်လိုမှ မတူနိုင်သလို ပရိသတ်ကြည့်ရှုခံစားရမှုအမြင်ရဲ့ သဘာဝယုတ္တိဖြစ်တဲ့ ဖြစ်ပျက်ပုံ သ ဘာဝကျမှု၊ ပသာဒအမြင်ခံစားရမှုရဲ့ အနှစ်သာရ ကွာခြားပါတယ်။ ဟုတ် တယ်လေ။အချိန်အဆပြုပြီး ဘရိတ်နဲ့ ထိုးတဲ့ လက်သီးတောင်မှ မကြာခဏ ဘရိတ်ပေါက်ပြီး တကယ်ထိခိုက်မှု တွေ ရှိနေကြတာပဲလေ။ အထိုးခံရ မယ့်၊ အရိုက်ခံရမယ့် ဇာတ်ပို့ဖြစ်ဖြစ်၊ ဇာတ်ဆောင်ဖြစ်ဖြစ်၊ မထိခိုက် အောင် ကြိုတင်တိမ်းခြင်း၊ ရှောင်ခြင်း တို့ သိမြင်ခြင်းက အဲဒီဇာတ်ဝင်ခန်းရဲ့ အရသာကို ပျက်စေခြင်းပါပဲ။ အခု ပြောနေတာတွေဟာ ဖိုက်တင်ဇာတ် ကားများအတွက် ဇာတ်ဝင်ပစ္စည်း အတုခေတ်ပျောက်နေခြင်းရဲ့ သဘာ ဝ မကျမှုနဲ့ ပသာဒအမြင်ခံစား စေမှု အတွက် မပြုစားနိုင်ခြင်းများပဲဖြစ် တယ်။

အနုပညာဆိုတာ ဝတ္ထုတစ်ပုဒ် ပဲဖြစ်စေ၊ သီချင်းတစ်ပုဒ်ပဲဖြစ်စေ၊ ရုပ်ရှင်တစ်ကားပဲဖြစ်စေ ပရိသတ်ကို ပြုစားနည်းတွေပါရပါတယ်။ ဝတ္ထု က စာအရေးအသားနဲ့ ပရိသတ်ကို စိတ်ဝင်တစားဖြစ်စေအောင် ဆွဲငင် ပြုစားခြင်းပဲ။ သီချင်းက သီဆိုသူရဲ့ အသံ၊ ဟန်၊ တကယ်နစ်ဝင်ခံစားမှု ဌာန်တို့နဲ့ သရုပ်ပေါ်စေပြီး ပြုစား ရတာဖြစ်တယ်။ ရုပ်ရှင်နဲ့ ဗီဒီယိုတို့ မှာ ဝတ္ထုလိုမျိုး အခန်းစဉ် အချိတ် အဆက်နဲ့စကားလုံးတို့ရဲ့ အသံ၊ ဟန်၊ ဌာန်သုံးပါးနဲ့ အမူအရာ သရုပ် သကန်တို့နဲ့ ပြုစားရတာဖြစ်တယ်။ နောက်ပြီး ပြောရဦးမယ်။ ဟိုးတုန်း က အနုပညာအပေါ် ဝါသနာပါပြီး ခံစားတတ်ကြတယ်။ ဒါကြောင့် ရုပ် ရှင်ကုမ္ပဏီထောင်တယ်။ ကုမ္ပဏီက ရိုက်ကူးတဲ့ ဇာတ်လမ်းဟာ ဘယ်လို ဇာတ်လမ်းအမျိုးအစားဆိုတာ တခြားကုမ္ပဏီကမသိအောင်၊ ကိုယ်ပိုင်ရုပ်ရှင်ခြံတွေ ထူ ထောင်ပြီး ကိုယ်ပိုင်ရိုက်ကူးရေးစက် အဖွဲ့၊ ကိုယ်ပိုင်မင်းသား၊ မင်းသမီးတွေ မွေးထုတ်ရိုက်ကူးကြတယ်။ နောက် အခုခေတ်လို ဟာသဇာတ် ကား တစ်ကား ကြည့်ရှုသူများရင် နောက် ကုမ္ပဏီတွေက ငါးပွက်ရာ ငါးစာချ သလို၊ ဟာသဇာတ်ကားတွေ ရိုက်ကူး ကြတာမျိုးလို ဟိုခေတ်က မရှိဘူး။ စွန့်ဦးတီထွင်ခြင်း ဆိုသလို ထူးခြားမှု ဇာတ်လမ်းမျိုးကို ရှာကြံပြီး ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာအတွက် သူများ နောက် လိုက်မဖြစ်အောင် ရှောင် ကြဉ်ကြ တယ်။ ပြောရရင် ကိုယ် ပိုင်တီထွင်မှု ကိုယ်ပိုင်အယူအဆရှိ သူတွေ ဖြစ် တယ်။

အခုခေတ် ရုပ်ရှင်လောက၊ ဗီဒီ ယိုလောကမှာ ဝါသနာအခြေခံမှုနည်း ကြတယ်။ စီးပွားရေးဈေးကွက်မျက် နှာစာ လာဖွင့်ကြသူများတယ်။ အဲဒါ ကြောင့် ဟိုးတုန်းကလို ကိုယ်ပိုင်ရုပ် ရှင်ခြံမျိုးတွေ ပျောက်ကွယ်ခဲ့ခြင်းပဲ ဖြစ်တယ်။ ဈေးကွက်ဝင်မင်းသား အားကိုးရခြင်းကလည်း အနုပညာ အပေါ် ဝါသနာအခြေခံနဲ့ ထုတ် လုပ်ရေးဂုဏ်သိက္ခာ အရေးထက်၊ အကျိုးအမြတ်ရရေး အဓိကကြောင့် ဈေးကွက်ဝင် မင်းသားခေတ်ရယ်လို့ ဖြစ်လာခြင်းပါပဲ။ နောက် မြန်မာ့ရုပ် ရှင်နဲ့ ဗီဒီယိုလောကမှာ မင်းသားနဲ့ မင်းသမီးချစ်တာမှ အချစ်လို့သံ ယောဇဉ်လို့ပဲ သိနေကြတော့၊ ချစ် ကြိုက်ကွဲညား ရိုးအီတဲ့ ဇာတ်ကားတွေ အထပ်ထပ်အခါခါ ဖြစ်နေကြတာ ပေါ့။ ဟိုးတုန်းက အောင်မင်္ဂလာ ရုပ်ရှင်ဆိုရင် ရာဇဝင်နဲ့ ဘုရားသမိုင်း တွေပဲ ရိုက်ကူးလေ့ရှိတယ်။ တချို့က စွန့်စားမှုတွေ ရိုက်ကူးတယ်။ တချို့ က ဟာသဇာတ်ကား ရိုက်ကူးတယ်။ တချို့က လူမှုဘဝဖြစ်ပျက်စဉ်တို့ကို ရိုက်ကူးတယ်။ ဒါရိုက်တာရဲ့ ကျွမ်း ကျင်ရာကို ရိုက်ကူးကြတာမျိုးပဲ ဖြစ် တယ်။ အဲဒီအချိန်က ဒါရိုက်တာ ခေတ်။ ဒါရိုက်တာကို ယုံကြည်ရမှုနဲ့ ပရိသတ်က ကြည့်ကြတယ်။ အခု တော့ မင်းသားဘယ်သူလဲလေ့လာပြီး ရုပ်ရှင် ကြည့်ရှုကြတာမို့၊ ဗုဒ္ဓခေတ်ရဲ့ ကောသလမင်းကြီးက ဘာကြောင့် များ အိပ်မက်တွေမက်ခဲ့ပါလိမ့်လို့ တွေးကြည့်မိပါတော့တယ်ဗျာ။ ။

အောင်ဟိဏ်း (ကျိုက်ထော်)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*