ကျပ်သိန်းပေါင်း သုံးထောင်ကျော်အကုန်ကျခံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်း ခွန်းဆင့်နေခြည် ဖွင့်ဟ

ကျပ်သိန်းပေါင်း သုံးထောင်ကျော်အကုန်ကျခံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်း ခွန်းဆင့်နေခြည် ဖွင့်ဟ
June 11, 2018 AsianFame MediaGroup
ကျပ်သိန်းပေါင်း သုံးထောင်ကျော်အကုန်ကျခံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်း ခွန်းဆင့်နေခြည် ဖွင့်ဟ

သရုပ်ဆောင် ခွန်းဆင့်နေခြည်က သူ့ရဲ့ ကျောက်ဆူး ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံးအကြိမ် ထုတ်လုပ် တဲ့ ‘မှော်ဝင်သမန်းကျား’ ရုပ်ရှင်ဇာတ်ကားကြီးကို ၂ဝ၁၃ ခုနှစ်အတွင်းက စတင်ရိုက်ကူးခဲ့ပါ တယ်။ ရုပ်ရှင်ရိုက်ကူးမှု အားလုံးပြီးစီးခါနီးမှ ပရိုဂျူဆာအဖွဲ့ဝင်အားလုံးက စိတ်ကျေနပ်မှု အားနည်းခဲ့လို့ ထိုင်းနိုင်ငံမှာ နောက်တစ် ကြိမ် ပြန်လည်ရိုက်ကူးခဲ့ရတယ်လို့ ခွန်းဆင့် နေခြည်က ပြောပြပါတယ်။ အဲဒီအတွက် ဒီရုပ်ရှင်ဇာတ်ကားရဲ့ ကုန်ကျစရိတ်က ငွေ ကျပ်သိန်းသုံးထောင်လောက်ရှိကြောင်းကို ခွန်းဆင့်နေခြည်က ..

”တချို့ကတော့ ပြောတယ်။ ဇာတ်ကားတစ် ကားကို ပိုက်ဆံကုန်နိုင်မှ ကောင်းနိုင်တာလားလို့ မေးကြတဲ့သူတွေရှိပါတယ်။ ပိုက်ဆံကုန်နိုင်မှ ကောင်းနိုင် တယ်လို့ မပြောလိုပါဘူး။ ပိုက်ဆံနည်းနည်းနဲ့ ကောင်းအောင် ရိုက်ကူး နိုင်တဲ့ဇာတ်ကားတွေ ရှိပါတယ်။ ခွန်းဆင့်အနေနဲ့ကတော့ ကိုယ်ကုန်ကျတဲ့ အတိုင်းအတာလေးကို သိအောင်ပြောပြတဲ့ သဘောလောက်ပါပဲ။ ဒီဇာတ် ကားကို ဒီလောက်ကုန်ကျထားတယ်။ အဲဒါကြောင့် ဒီဇာတ်ကားက ဟောလိဝုဒ် ဇာတ်ကားလောက် ကောင်းနိုင်ပါတယ်ဆိုတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတယ်။ မြန်မာဇာတ်ကားတစ်ကားလို့ လက်ညှိုးထိုးလိုက်တဲ့အချိန်မှာ ရုပ်ပိုင်းဆိုင်ရာ အသံပိုင်းဆိုင်ရာတွေမှာ အားနည်းနေ တာမျိုး မဖြစ်ရအောင်လို့ပါ။ မြန်မာ့ရုပ်ရှင်မှာ ကိုယ်တတ်နိုင်သလောက် အုတ်တစ်ချပ်သဲတစ်ပွင့် အနေနဲ့ အားဖြည့်ပေးတဲ့သဘောပါပဲ။ အဲဒါ ကြောင့် ကုန်ကျစရိတ်အနေနဲ့ကတော့ ဇာတ် ကား သုံးကားစာ ကျပ်သိန်းသုံးထောင်ကျော် လောက် ကုန်ကျနေပါပြီ” လို့ ပြောပြပါတယ်။

”အကျိုးအမြတ်က အစောကြီးကတည်းက အရင်းပြန်ရပါစေ မြတ်ပါစေဆိုတဲ့ ဆန္ဒနဲ့ရိုက်ကူး ခဲ့တာမျိုးမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်က အနုပညာ ရှင်တစ်ယောက်ဖြစ်တယ်၊ အနုပညာကို ချစ်တဲ့စိတ် ကြောင့်အနုပညာရလဒ်လေး တစ်ခုခုကျန်ရှိပါစေဆို တဲ့စိတ်ဆန္ဒနဲ့ပဲ အနုပညာကို ပုံဖော်တာပါလို့” ခွန်းဆင့်နေခြည် က ပြောပါတယ်။

”မှော်ဝင်သမန်းကျား” ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ရိုက်ကူးပြီး ရန်အောင်၊ သူထူးစံ၊ မင်းမော်ကွန်း၊ ခွန်းဆင့် နေခြည်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဇင်မာနွယ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*