အားကျခြင်းနှင့် စိတ်ကျခြင်း

အားကျခြင်းနှင့် စိတ်ကျခြင်း
June 6, 2018 Leanne Win
အားကျခြင်းနှင့် စိတ်ကျခြင်း

အားကျမိပါသည်။
အသက်ကကြီး အလုပ်က မရှိ၊ ယောင်တိယောင်ချာ ဖြစ်နေကြသော သူတွေအကြားမှာ ကျွန်တော်က ကြိုး စားလှုပ်ရှားနေမိသည်။
စာဖတ်သည်၊ စာရေးဖို့ ကြိုးစား သည်။ စာရေးပို့ အကြောင်းအရာတွေ တွေးသည်။ အသက်ကြီးလာတော့ တွေ့ခဲ့ကြုံခဲ့ရသော အတွေ့အကြုံ လေးတွေ အမြင်အကြားလေးတွေ ရှိသည်။ သို့သော်လည်း ကိုယ်ရေးချင် တာတွေလျှောက်ရေးလို့လည်း မဖြစ်၊ ခေတ်ရေစီးနှင့် ကင်းကွာလျှင် ရေး သမျှ စာတွေ အယ်ဒီတာ၏ စားပွဲ ဘေးက ခြင်းတောင်းထဲ ရောက်ပေ လိမ့်မည်။

စာပေရေစီးကြောင်းနှင့် ကင်း ကွာခြင်း မရှိအောင် စာတွေ ဖတ်ပါ မှ စိတ်ဓာတ်ကျစရာ ကြုံရလေတော့ သည်။

ယနေ့ပေါ်ပြူလာဂျာနယ်ကို ကိုင်မိသည်နှင့် ဆွဲဆောင်မှုရှိသော မျက်နှာဖုံးကို ကြည့်မိသည်။ ပေါ်ပြူ လာဂျာနယ်သည် ဏသစ ဂျာနယ်ဖြစ်၍ အမည်နှင့်လိုက်ဖက်စွာသော မျက် နှာဖုံးကို ဖန်တီးထားသည်။ စိတ်ဝင် စားစရာ မျက်နှာဖုံးကို ကြည့်ရင်း ရေးချင်သော အကြောင်းအရာတို့ စိတ်ထဲမှာ ပေါ်လာသည်။

စာရေးသူဆိုတာ ကိုယ်ရေးချင် တိုင်းရေးမရသော သဘာဝကို နား လည်ရမည်ဟူသော အဆုံးအမကို လိုက်နာရပေမည်။ မရေးရဲ။ စာမျက် နှာတွေ တစ်ရွက်ချင်း ဆက်လှန်မိ သည်။

အပတ်စဉ် ဖတ်ရှုနေရသော ဆရာကြူးနစ်၏ စာကိုတွေ့သည်။ အာရုံယူ၍ ဖတ်သည်။ ခေတ်ရေစီး မှာ ဘယ်သူတွေ ဘယ်လိုစာရေး သနည်း။ ကိုယ်က ဘယ်လိုစာရေးရ မည်နည်း လေ့လာရမည်။

ဆရာကြူးနစ်က “ကြုံဖူးဆုံဖူး ကိုလူထူးများ”ဟု ရေးလာသည်မှာ အမှတ်(၇)ရောက်နေပြီ။ ဆရာကြူးနစ် ၏ စာတွေဖတ်ပြီး အားတက်သည်။ ဆရာ့လို အတွေ့အကြုံတွေ ရေးချင် သည်။ ကိုယ်တွေ့ခဲ့သမျှ ရေးလျှင် စာရေးသားမှုမရှိသော်လည်း ဖြစ်စဉ် ဖြစ်ရပ်ဟောင်းလေးများတော့ ရေး နိုင်လိမ့်မည်ဟု အားကျခဲ့ဖူးသည်။

ယခုတော့ ဆရာကြူးနစ်၏ စာ ဖတ်မိမှ စိတ်ဓာတ်ကျရပြီ။ ပင်စင် စား အဘိုးကြီး၊ အဘွားကြီးတို့ရသည့် ပင်စင်နှင့် နှစ်ယောက်ထဲ စားရ သည်။ ကျေနပ်ပါသည်။ အကုသိုလ် ကင်းပါသည်။ ဘယ်သူ့မှ အားမကျ ပါ။ မနာလိုဝန်တိုမှုမဖြစ်ခဲ့ပါ။ ကိုယ့် ဘဝကိုယ် ကျေနပ်ပါသည်။ သားကြီး ငါးကြီးစားဖို့ လောဘမတက်ပါ။ ဟင်းသီးဟင်းရွက်စားရင်း အကု သိုလ်ကင်းပါသည်။ သက်သတ်လွတ် စားရင်း တင်းတိမ်ပါသည်။

ဆရာကြူးနစ်ရေးထားသည်က အားကျလောက်ပါသည်။
၁၉၇၅ ခုနှစ်က စာရေးဆရာ တစ်ယောက်အိမ်သို့ ရောက်သွား သည်။ ဆရာစာရေးပုံက ရှင်းပါ သည်။
ပျဉ်ထောင်သွပ်မိုး သစ်သားနှစ် ထပ်အိမ်ပိုင်ရှင် ဘာသာပြန်စာရေး ဆရာက စကားကို ဖော်ပြသည်။

‘ကျွန်တော်ချာလီချက်ပလင်စာ အုပ်ဘာသာပြန်လို့ရတဲ့ စာမူခနဲ့ ဒီ အိမ်ကို ဆောက်ပါသဗျာ’ဟု အညာ လေသံနှင့် ရိုးရိုးသားသား ပြောပုံ လေးဖတ်လိုက်ရပါသည်။

ကျွန်တော်အားကျမိပါသည်။ စိတ်ဓာတ်တွေ တက်ြ<ွကမိပါသည်။ ၁၉၆၅ ခုနှစ်က ဘာသာပြန် စာအုပ် ရေးသားခဲ့သော စာရေးဆရာကြီးက ပျဉ်ထောင်သွပ်မိုးနှစ်ထပ်အိမ် ဆောက်နိုင်သည်ဟု ရိုးသားစွာပြော သည်။ ရေးသူက ရေးသည်။ ကျွန် တော်က စိတ်ဝင်စားသည်။
ကျွန်တော်က တက္ကသိုလ်ဝင် တန်းအောင်ပြီး စစ်ထဲဝင်ခဲ့သည်။ ဇနီးက ဘွဲ့ရသည်။ အတူနေ သားက ဘွဲ့ရသည်။ သူတို့က အင်္ဂလိပ်စာ ဝါ သနာပါသည်။

ကျွန်တော်က စာအုပ်ရွေးသည်။ သူတို့ကို ဘာသာပြန်ခိုင်းမည်။ ရပ် ဝေးရောက် သမီးဆရာဝန်နှင့် မြေး နှစ်ယောက်ဆီ ပို့မည်။ မွမ်းမံစေမည်၊ ကျွန်တော်က ထုတ်ဝေမည်။

အကြံကောင်းရသော ကျွန် တော်က ရင်းနှီးသော ကဗျာဆရာထံ ဆက်သည်။ ကဗျာစာအုပ်ထုတ်သော ကုန်ကျစရိတ်နှင့် အမြတ်တို့ကို မေး သည်။

“အဘရယ်၊ ကဗျာစာအုပ်ဆို တာ ကဗျာဆရာတွေစုပြီး ထုတ်မှ တစ်အုပ်ဖြစ်တာပါ။ အရင်းရဖို့ အနိုင်နိုင်ပါ”ဟု ဆို၏။
တစ်ချိန်က ဘနျအျနူနမ စာရင်း ဝင် သမီးလို ရင်းနှီးချစ်ခင်သည့် စာ ရေးဆရာမကို ဆက်သည်။ မေး သည်။

“ဘဘရယ်။ တစ်ချိန်က သမီး စာအုပ်တွေရောင်းရတယ်။ ရုပ်ရှင်လည်း ရိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က (၂ဝ၁၇) အကယ်ဒမီမှာလည်း သမီးရေးတဲ့ စာအုပ်ဇာတ်လမ်းဝင်တဲ့ ရုပ်ရှင်စာ ရင်းမှာပါလာတယ်”

“ဒါပေမဲ့ အခုသမီးတို့နေတဲ့ တိုက်ခန်းက အမျိုးသားက စာအုပ် ထုတ်ဝေရေးလုပ်လို့ တဖြည်းဖြည်း စုဆောင်းပြီး ဆောက်လုပ်နေနိုင်တဲ့ တိုက်ခန်းပါ”ဟု ပြောသည်။ သမီးစာ ရေးခနဲ့ မဝယ်နိုင်ပါဘူး”ဟု ဆိုသည်။

ကျွန်တော်က မကျေနပ်သေး၊ ဘာသာပြန်စာရေးဆရာကြီးထံဆက် ပြန်သည်။

“ဆရာ တစ်နှစ်မှာ ဘာသာပြန် စာအုပ် ဘယ်နှအုပ်ထုတ်နိုင်သလဲ”
“အတိုဆိုရင် သုံးလေးအုပ်ထုတ် နိုင်ပါတယ်”
“တစ်နှစ်မှာ ဈေးမကြီးတဲ့ ကား တစ်စီးဝယ်နိုင်သလား”

“ဘယ်ရမှာလဲ…ဗိုလ်မှူးကြီးရာ စာအုပ်တစ်အုပ်ဘာသာပြန်ထုတ်ရင် ကားတာရာတစ်လုံးနှစ်လုံးဖိုးတော့ ရပါတယ်”ဟု ပြောရင်းအားရပါးရ ရယ်သည်။

ကျွန်တော်မကျေနပ်သေး။
သားသား။ မီးမီးတို့အတွက် စိတ်ဓာတ်ပြုပြင်ရေး စာရေးဆရာကြီး ထံ ဖုန်းဆက်သည်။

“ခင်ဗျာ ရဲ့ စိတ်ပညာဆောင်း ပါးတွေ ဟောပြောချက်တွေက က လေးသူငယ်တွေအတွက် အကျိုးရှိ တယ်လို့ နာမည်ကြီးတယ်”

“ဟောပြောပွဲအပြီးမှာ စာအုပ် အဖြစ် ပုံနှိပ်ထုတ်ဝေတာတွေလည်း ရောင်းအားကောင်းတယ်လို့ နာမည် ကြီးတယ်။ တစ်နှစ်မှာ ကားလေးတစ် စီးဝယ်နိုင်သလား။ အိမ်ဆောက်ဖို့ ဘယ်နှနှစ်စုရမလဲ”

ကျွန်တော့်စကားအဆုံးမှာ သူ က ဟားတိုက်ရယ်လိုက်သည်။ စကား ပြောအသံကျယ်တာ အားရပါးရ ရယ်တတ်တာ နာမည်ကြီးသော စိတ် ပညာပါရဂူကြီးက ရယ်ပြီး မောမှ စကားဆက်သည်။

“ကျွန်တော့်စာအုပ်လေးတွေက ခပ်ပါးပါး ဈေးပေါပေါမို့ ရန်ကုန်က လည်း အုပ် ၈ဝ ဆိုတဲ့ ခေတ်မှာ ဆီ ဖိုးဆန် ဖိုးလေးပဲ ရပါတယ် အဘ ရယ်”ဟု ပြောသံကြားလိုက်ရပါတော့ သည်။

စာရေးဖို့အားယူရင်း တာစူရင်း ခေတ်နှင့်တစ်ပြေးညီပြေးနေသော ပေါ်ပြူလာဂျာနယ်ဖတ်သည်။ ဆရာ ကြူးနစ်၏ ဆောင်းပါးဖတ်သည်။
အားတက်ဖို့ အားမွေးဖို့ နောက် ဆုံးထုတ်ဂျာနယ်ဖတ်မိခါမှ စိတ် ဓာတ်အကြီးအကျယ်ကျမိရပါပြီ။

၁၉၆၅ ခုနှစ်က ဘာသာပြန် စာအုပ်ထုတ်ဝေသူ ဆောက်ထား သော ပျဉ်ထောင်အိမ်သို့ ဆရာကြူး နစ်က ၁၉၇၅ ခုနှစ်မှာ ရောက်ခဲ့ ကြောင်း ပြန်ရေးသည်။

၂ဝ၁၈ ခုနှစ်မှာ ကျွန်တော်ဖတ် မိသည်။ ၁၉၆၅ ခုနှစ်က ကျွန်တော့် အသက် ၃ဝ အရွယ်။ ယခုအသက် ၈၃ နှစ်။ ခေတ်ကောင်းနှင့် လွဲခဲ့ရသော ကျွန်တော်နောင်တတွေရနေမိရပါ တော့သည်။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*