အဆိုတော် ရွှေထူးရဲ့ ဘဝကို အခြေခံပြီး ရုပ်ရှင် ရိုက်ကူးမယ့် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်

အဆိုတော် ရွှေထူးရဲ့ ဘဝကို အခြေခံပြီး ရုပ်ရှင် ရိုက်ကူးမယ့် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်
June 6, 2018 AsianFame MediaGroup
အဆိုတော် ရွှေထူးရဲ့ ဘဝကို အခြေခံပြီး ရုပ်ရှင် ရိုက်ကူးမယ့် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်

7Th Sense Film production မှထုတ်လုပ်ပြီး ဇာတ်လမ်းဇာတ်ညွှန်း မိုးနီလွင်၊ ဒါရိုက်တာ ညွှန့်မြန်မာညီညီ အောင် ရိုက်ကူးမယ့် နှလုံးသားတံခါး ကို ဝင်ချည်ထွက်ချည် လုပ်တဲ့ ဧည့်သည် ရုပ်ရှင်ဇာတ် ကား မိတ်ဆက်ပွဲကို ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းက M3 စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်သွားမယ့် အနုပညာရှင်များက တော့ ရွှေထူး၊ ရွှေမှုံရတီ၊ နေခြည်ဦးနဲ့ ဖြိုးငွေစိုးတို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်းလေးက အဆိုတော်ရွှေထူးရဲ့ ဘဝအစိတ်အပိုင်းတစ်ခုကို အခြေခံ ရိုက်ကူးထားကြောင်းကို ဖန်တီးရိုက်ကူးမယ့် ဒါရိုက်တာညွှန့်မြန်မာညီညီအောင် က…

”ရွှေထူးရဲ့ Life လေးကို အခြေခံထားတာပေါ့နော်။ သူ Under Ground နဲ့ သီချင်းတွေဖျော်ဖြေတဲ့အခါမှာ သူဘယ်လိုရုန်းကန်ခဲ့တယ်။အောင်မြင်ပြီးတဲ့အချိန်မှာ သူဘယ်လိုဖြစ်တယ်ဆိုတာကို ဇာတ်လမ်းလေး တည် ဆောက်ထားတာပါ။ သူ့ရဲ့အပြင်ဘဝပုံစံကတော့ ရှေ့ပိုင်းမှန်ပါတယ်။ နောက်ပိုင်းကတော့ ဇာတ်ညွှန်း ရေးဆရာရဲ့ ဖန်တီးထားမှုပေါ့နော်” လို့ ပြောပြပါ တယ်။

ဒီရုပ်ရှင်ဇာတ်ကားက ရွှေထူးအတွက် ဒုတိယ မြောက်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် ရွှေထူးအနေနဲ့လည်း ပထမရုပ်ရှင်ဇာတ် ကားထက် ကောင်းမွန်အောင် ကြိုးစားသွားဖို့ စိတ်ခွန်အား တွေ အပြည့်ရှိ နေပါတယ်။ ဒီ့အတွက် ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်အနေနဲ့ ဘယ် လောက် ထိပံ့ပိုးမှုတွေ ပြုလုပ်ပေးခဲ့လဲဆိုတာ မေးကြည့် တော့ …

”ကျွန်တော် မှာရှိတဲ့ အစွမ်းအစနဲ့ ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ဒီ ကလေးမှာရှိနေတဲ့ အစွမ်းအစနဲ့ အံဝင်ခွင် ကျဖြစ်ရင်တော့ ပိုကောင်းတာပေါ့နော်။ ကျွန် တော့် ဘက်ကတော့ အတတ်နိုင်ဆုံး ကြိုးစား သွားမှာပါ” လို့ပြောပြပါတယ်။ ဒီရုပ်ရှင် ဇာတ် ကားကို နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြတဲ့ အဆိုတော်၊ သရုပ် ဆောင် Beauty Blogger တို့ကို သူဘယ်လို လမ်းညွှန်ပြသမှုတွေနဲ့ သင် ကြား ရိုက်ကူးသွားမလဲဆိုတာကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က . .

”ရွှေထူးကလည်း အဆိုတော်လောကမှာ သူ့ဟာသူအောင်မြင်နေတဲ့ လူငယ်တစ်ယောက်၊ ရွှေမှုံကလည်း ရုပ်ရှင်လောကမှာ အောင်မြင် နေတဲ့သူ။ နေခြည်ဦးကလည်း သူ့လောကမှာ သူ့ဟာ သူထိုးဖောက်ပြီးအောင်မြင်နေတဲ့ ကလေးတစ်ယောက်။ ဖြိုးငွေစိုးကလည်း အောင်မြင်ပြီးသားလူ။ သူတို့မှာ သူတို့ရဲ့ ပါရမီသူတို့ရဲ့ ကြိုးစားမှုနဲ့ အရည်အချင်းရှိလို့ ဒီနေရာကိုရောက်နေ ကြတာလေ။ အဲဒီတော့ ကျွန်တော်ကတော့ ဒီဇာတ်လမ်းရဲ့ ကာရိုက် တာမှန်ဖို့ အတွက်ကိုပဲ ကျွန်တော်ထိန်းကျောင်း သွားမှာပါ။ ဒီကလေးက နယ်ပယ်အသီး သီးမှာ အောင်မြင်နေတဲ့ ကလေးတွေဖြစ်တယ်။ ဇာတ် လမ်းလေးကတော့ လူငယ်ပရိသတ်တွေ ကြိုက် နှစ်သက်မယ့် ဇာတ်ကားလေးဖြစ်မှာပါ” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*