ပထမဆုံးထွက်ရှိမယ့် တစ်ကိုယ်တော် စီးရီးခွေအတွက် စိတ်ပူပန်နေရတဲ့ မာရီကိုးလ်

ပထမဆုံးထွက်ရှိမယ့် တစ်ကိုယ်တော် စီးရီးခွေအတွက် စိတ်ပူပန်နေရတဲ့ မာရီကိုးလ်
June 4, 2018 AsianFame MediaGroup
ပထမဆုံးထွက်ရှိမယ့် တစ်ကိုယ်တော် စီးရီးခွေအတွက် စိတ်ပူပန်နေရတဲ့ မာရီကိုးလ်

မော်ဒယ်တစ်ဦးအနေနဲ့ အနုပညာလှုပ်ရှားမှုတွေကို အချိန်အတော်ကြာ ပြုလုပ်ခဲ့တဲ့ မာရီကိုးလ်က အခုဆိုရင် ဂီတပိုင်းလှုပ်ရှားမှုတွေကိုလည်း စတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ သီချင်းသီဆိုရတာကိုလည်း ဝါသနာပါတဲ့ မာရီကိုးလ်တစ်ယောက်က သူမရဲ့ ပထမဆုံး တစ်ကိုယ်တော်စီးရီးခွေအတွက် သီချင်းတွေ စတင်စုဆောင်းတာ၊ အသံသွင်းတာတွေ ပြုလုပ်နေပါပြီ။ စီးရီးခွေအတွက် လက်ရှိမာရီကိုးလ်ရဲ့ ပြင်ဆင်နေမှုများအကြောင်း ပြောပြရာမှာတော့ …

”ညီမက သီချင်းပိုင်းကို ကြိုးစားပြီး လုပ်နေတယ်။ အသံသွင်းဖို့အတွက်လည်း လုပ်နေသလို MTV ရိုက်ကူးဖို့အတွက်လည်း စီစဉ်နေပါတယ်။ အသံသွင်းတာ ကလည်း ၂၃ ရက်နေ့ကတည်းက စလုပ်နေတာပါ။ Mini Album လေး ထွက်နိုင်တဲ့အထိတော့ လုပ်သွားမှာပါ။ သီချင်းပုဒ်ရေ စုစုပေါင်း ၇ ပုဒ် ပါဝင်မယ်။ အမျိုးအစားတွေကလည်း Electro Music(EDM) ၊ Pop နဲ့ Slow Rock ပုံစံလေးတွေပါမယ်ပေါ့။ တေးရေးဆရာတွေကတော့ ကိုဝေကြီး၊ ကိုဆလိုင်း၊ ကိုထျန်ခေးနဲ့ တခြားသူတွေလည်းပါပါတယ်။ တစ်ခါတည်းပဲ MTV ပါ ရိုက်ကူးပြီးတော့ VCD လေးတန်းပြီးထွက် မှာပါ။ အခွေမထွက်ခင်တော့ အွန်လိုင်းမှာ သီချင်းနှစ်ပုဒ်၊ သုံးပုဒ်လောက် တင်မယ်။ ညီမကတော့ ခြောက်လပိုင်းလောက် ပရိသတ်ကို အရင်မိတ်ဆက် ဖို့ စဉ်းစားထားပါတယ်”လို့ မာရီကိုးလ်က ပြောပြပါတယ်။

ဂီတလောကထဲကို အစိမ်းသက်သက်ဝင်ရောက်လာတာဖြစ်တဲ့အတွက် လက်ရှိမှာအခက်အခဲတွေ များစွာ ကြုံတွေနေသလို ပထမဆုံးတစ် ကိုယ်တော်စီးရီးခွေဖြစ်တာကြောင့် စိုးရိမ်ပူပန်မှု တွေလည်းများပါတယ်လို့ မာရီကိုးလ်က ပြောပြပါတယ်။

”စိတ်ပူရပါတယ်။ သီချင်းရွေးတဲ့ အခါမှာလည်း ကိုယ်လိုချင်တဲ့ပုံစံနဲ့ တေးရေးဆရာရဲ့ ပုံစံလွဲသွားတာမျိုးလေးတွေလည်း ဖြစ်တတ်တယ်။ တီးလုံးကအစ စိတ်တိုင်းမကျမှာစိုးရတယ်” လို့ မာရီကိုးလ်က ပြောပြ ခဲ့ပါတယ်။

မြတ်မိုးပွင့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*