ငါးပါးသီလခံယူပြီး သတ္တဝါအားလုံးကို နေ့စဉ်မေတ္တာပို့တယ် ဆောင်းအိနြေ္ဒထွန်း

ငါးပါးသီလခံယူပြီး သတ္တဝါအားလုံးကို နေ့စဉ်မေတ္တာပို့တယ် ဆောင်းအိနြေ္ဒထွန်း
May 29, 2018 AsianFame MediaGroup
ငါးပါးသီလခံယူပြီး သတ္တဝါအားလုံးကို နေ့စဉ်မေတ္တာပို့တယ် ဆောင်းအိနြေ္ဒထွန်း

သရုပ်ဆောင် ဆောင်းအိနြေ္ဒထွန်းက မေလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့မွေးနေ့မှာ မွေးနေ့အလှူအဖြစ် ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်တွင် ဘုရားဖူးလာ ဧည့်ပရိသတ်များကို ကြာဆံကြော်၊ နန်းကြီးသုပ်၊ အအေးနှင့်အခြား သောအစားအသောက်များကို ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ ဒီ့အပြင် အရှင်ဥတ္တမဘုန်းတော်ကြီး ကျောင်းဆောင်သစ် အတွက် အလှူငွေ ၅ သိန်း၊ မေတ္တာသိင်္ဂဟအဖွဲ့ကို အလှူငွေ ၃ သိန်း၊ ကြည့်မြင့်တိုင်က မြတ်မေတ္တာဂရေ့ ဟုမ်းမိဘမဲ့ ဂေဟာတွင် အလှူငွေ တစ်သိန်းတို့ကို မွေးနေ့အလှူအဖြစ် ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်နဲ့ မိခင်အတွက်ကိုလည်းရည်စူး ပြီး အခုလိုလှူဒါန်းမှုများ ပြုလုပ်ခဲ့ရခြင်းဖြစ်တယ်လို့ သရုပ်ဆောင် ဆောင်းအိနြေ္ဒထွန်းကပြောပါတယ်။ ဆောင်းအိနြေ္ဒ ထွန်းက ဘာသာတရားကိုလည်း ယုံကြည်သက်ဝင်စွာကိုး ကွယ်နေတဲ့သူ တစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင် သူနေ့စဉ်ပြု လုပ်ဖြစ်တဲ့ ဘာသာရေးလုပ်ဖြစ်ပုံများအကြောင်း သရုပ်ဆောင် ဆောင်းအိနြေ္ဒထွန်းက အခုလိုပြောပြခဲ့ပါတယ်။

”နေ့စဉ်ကတော့ ပုံမှန်ပဲ မနက် မိုးလင်းတာနဲ့ ဘုရားရှိခိုးတယ်။ ရေချမ်းကပ်တယ်။ ငါးပါးသီလခံယူပြီး သတ္တဝါ အားလုံးကို မေတ္တာပို့တယ်။အမျှအတန်းပေးဝေတယ်။ အစ်မက ကံငါးပါးလုံအောင် အမြဲထိမ်းတယ်။ အနည်းဆုံး ၄ ပါးလောက်လုံအောင် ထိန်းပါတယ်။ နောက်တနင်္ဂနွေနေ့တိုင်းလဲ ဆွမ်းလောင်းတယ်။ ဝါတွင်း ကာလတွေမှာ ဆို ဝါတွင်းတတွင်းလုံး ဥပုသ်ယူတယ်။ နောက်တရားထိုင်တယ်။ ပုတီးတွေစိပ်ပါတယ်။ ၂၄ ပစ္စည်းပဋ္ဌာန်းဆိုလည်း အရှည် တော့မဟုတ်ဘူး။ ပဋ္ဌာန်းအကျဉ်းကိုပဲ အခေါက်ရေတော်တော်များများ ရွတ်ဖြစ်တယ်။ နေ့စဉ်နေ့တိုင်းရွတ်တယ်။ ကိုယ်အားနေတဲ့အချိန်လေးခဏမှာကို တခြားအတွေးတွေကို အဝင်မခံတော့ပဲ ဘုရားဂုဏ်တော်တွေကိုပဲ ရွတ်ဖတ်တယ်” လို့ ပြောပြပါတယ်။ ဂုဏ်တော်တွေကို ရွတ်ဖတ်တဲ့အကျိုးကြောင့် အန္တရာယ်အတွင်းမှလည်း လွတ်မြောက်လာခဲ့တဲ့ဖြစ်ရပ်တွေ ရှိခဲ့ကြောင်းကိုလည်း ဆောင်းအိနြေ္ဒထွန်းက အခုလိုပြောပြပါတယ်။

”အစ်မ အမြဲတမ်း စီးတဲ့ကား ကိုယ်ကိုယ်တိုင်ပဲ အမြဲမောင်းနေတဲ့ ကားက တစ်နေ့နယ်ဘက်ကို အလုပ် ကိစ္စနဲ့ သွားတော့။ နယ်ဆိုတော့ ဒရိုင်ဘာငှားသွားမယ်ဆိုပြီး ဒရိုင် ဘာငှားသွားတယ်။ ကိုယ်နဲ့အတူသွားနေ့တဲ့နေ့မှာတော့ ဘာမှမဖြစ်ပဲ။ ကိုယ်မပါ တော့တဲ့နေ့ကျတော့ ကားက မှောက်သွားတာ။ ကားကို ရစရာမရှိ စိစိမှုံ့မှုံ့ကိုကြေ သွားတဲ့အထိဖြစ်သွားတယ်။ ဒီကားကိုယ် အမြဲစီးနေတဲ့ကား ကိုယ်မပါတဲ့နေ့ကျမှ အဲဒီလိုဖြစ်သွားတာ။ ဒရိုင်ဘာအတွက်တော့ တကယ်စိတ်မကောင်းဘူး။ ကိုယ့်ကျ ကံက ဒီလိုဖြစ်တဲ့အထဲမပါရအောင် တမင်ဖယ်ထားခဲ့သလို ဖြစ်နေတယ်။ ဒါက ဘုရား ရဲ့ ဂုဏ်တွေကို အမြဲရွတ်ဖတ်လို့လို့ အစ်မထင်တယ်။ နောက်တစ်ခုက မော်လမြိုင်မှာနေ တုန်းက စက်ရုံမီးလောင်တာ အကုန်လုံးက အထုပ်တွေထုပ်ပြီး ပြေးကုန်ကြပြီး အစ်မ တို့ကိုလည်း ဘေးပတ်ဝန်းကျင်တွေကလူတွေက ပစ္စည်းတွေသိမ်းပြီး နေရာရွေ့ဖို့ပြော ကြတယ်။ ကိုယ့်ခြံနဲ့က နည်းနည်းဝေးပေမယ့်လည်း မီးတောက်က တအားကိုနီးနေပြီ မီးတောက်ကလည်း အမြင့်ကြီးဖြစ်နေပြီ။ ဒါပေမဲ့ အစ်မတို့ နားရောက်ခါနီးတော့ မီးက ငြိမ်းသွားတယ်။ တကယ်ကို ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေပါ။ အစ်မထင်တာ ကတော့ ဘုရားရဲ့ ဂါထာတွေကို ရွတ်လို့ အန္တရာယ်ကနေ လွတ်မြောက်လာရတယ်လို့ အစ်မထင်တယ်” လို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ အန္တရာယ်တွေကနေ လွတ်ကင်းလာခဲ့ တဲ့အကြောင်းအရာများကိုပြောပြခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဒဘာသာ မြန်မာလူမျိုးတစ်ဦး ဖြစ်ခွင့်ရတဲ့အပေါ် အင်မတန်မှ ဂုဏ်ယူဝမ်းမြောက်မိပါတယ်လို့ ဆောင်းအိေâန္ဒထွန်းက ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်