သီလရှင်တစ်ပါးအတွက် ကျောက်ကပ်အစားထိုး ကုသဖို့ ကုန်ကျငွေ လှူဒါန်းသွားမယ့် သဘင်မင်းသား ချစ်စွမ်းသာ

သီလရှင်တစ်ပါးအတွက် ကျောက်ကပ်အစားထိုး ကုသဖို့ ကုန်ကျငွေ လှူဒါန်းသွားမယ့် သဘင်မင်းသား ချစ်စွမ်းသာ
May 28, 2018 AsianFame MediaGroup
သီလရှင်တစ်ပါးအတွက် ကျောက်ကပ်အစားထိုး ကုသဖို့ ကုန်ကျငွေ လှူဒါန်းသွားမယ့် သဘင်မင်းသား ချစ်စွမ်းသာ

သဘင်မင်းသားချစ်စွမ်းသာက မင်းကွန်း မြတောင်ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ သီလရှင် ဆရာလေး မကုသလဝတီအတွက် ကျောက်ကပ်လဲ အစားထိုးကုသဖို့ ကုန်ကျငွေကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

”ကျွန်တော် ဘုရားရောက်တိုင်း မင်းကွန်း မြတောင် ကျောင်းတိုက်အတွင်း သီတင်းသုံးနေတဲ့ သီလရှင် ဆရာလေး မကုသလဝတီအတွက် ကျောက်ကပ်လဲ အစားထိုးကုသဖို့ အခက်အခဲမရှိ အောင်မြင်ဖို့ အဓိက ဆုတောင်းပေးပါ တယ်။ ဆရာလေးကိုလည်း ကျွန်တော် ပြောထားပါတယ်။ တပည့်တော် ငွေဘယ်လောက် ကုန်ပါစေ ကြိုးစားရှာမယ်။ ကုသပေးမယ်။ ဆရာလေး အားမလျှော့လိုက်ပါနဲ့ပေါ့။ ဆရာ လေးပို့သတဲ့ မေတ္တာကြောင့်လည်း အားလုံးအဆင်ပြေမှာပါ။ ဆရာလေးသာ ကျန်းမာရေး ဂရုစိုက်ပြီး ခွဲစိတ်ဖို့ အားမွေး ထားဖို့ ကျွန်တော်ပြောခဲ့ပါတယ်။ လိုသမျှငွေကို ကျွန်တော် ကြိုးစားကပြီး ရှာမယ်။ ကျွန်တော့်အတွက် အရေးကြီးတာ ဆရာလေး ခွဲစိတ်မှုအောင်မြင်ပြီး ကျန်းမာလာရင် ကြိုးစား သမျှ အမောပြေပါပြီ” လို့ ချစ်စွမ်းသာက ပြောပါတယ်။

ချစ်စွမ်းသာအနေနဲ့ အမြဲတမ်းလည်း အလှူအတန်းတွေ ကို ပြုလုပ်လေ့ရှိပြီး အဓိကအားဖြင့်တော့ သူကိုယ်တိုင်က မိဘမဲ့တစ်ယောက် ဖြစ်နေတဲ့အတွက် မိဘမဲ့ကလေးငယ်တွေ အတွက်ကို ကူညီစောင့်ရှောက် ထောက်ပံ့ပေးလျက်ရှိပါတယ်။ သူရဲ့ လက်ရှိအချိန်မှာတော့ ကိုယ်ပိုင်ဇာတ်တည်ထောင်ပြီး မြန်မာပြည်အနှံ့ လိုက်လံကပြလျက်ရှိနေပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*