ချစ်သူနှစ်ဦး မင်္ဂလာပွဲ ပြုလုပ်နိုင်ဖို့  အတွက် ပိုက်ဆံရှာဦးမယ်ဆိုတဲ့ နန်းသူဇာ

ချစ်သူနှစ်ဦး မင်္ဂလာပွဲ ပြုလုပ်နိုင်ဖို့  အတွက် ပိုက်ဆံရှာဦးမယ်ဆိုတဲ့ နန်းသူဇာ
May 28, 2018 Leanne Win
ချစ်သူနှစ်ဦး မင်္ဂလာပွဲ ပြုလုပ်နိုင်ဖို့  အတွက် ပိုက်ဆံရှာဦးမယ်ဆိုတဲ့ နန်းသူဇာ

အခုလတ်တလောမှာတော့ အဆိုတော်နန်းသူဇာက ပြည်တွင်းခရီးတွေသွားနေရသလို အနုပညာနဲ့ ပတ်သက်ရင်တော့ ကြော်ငြာတွေကိုသာ လက်ခံရိုက်ကူးနေပြီး သီချင်းအခွေဘက်ကိုတော့ မလှည့်နိုင်သေးဘူးလို့ ပြောပါတယ်။ သီချင်းခွေဘက်မလှည့်ဖြစ်နိုင်တဲ့ အကြောင်းအရင်းကို နန်းသူဇာက….

“အသက်အရွယ်ကြီးလာ တော့ စီးပွားရေးဘက်လည်းလုပ်ချင်တာရယ်။ အချိန်မပေးနိုင်တာရယ်ကြောင့်ပါ။ နောက်ပြီးတော့ သီချင်းအခွေ ကျတော့လည်း သီချင်းရွေးနေတာကြောင့်လည်းပါပါတယ်။ အခွေမထွက်ရင်တောင်တစ်ပုဒ်ချင်းစီလုပ်ဖို့တော့ ရှိပါတယ်”လို့ ပြောပါတယ်။ အခုလက်ရှိမှာ မိဘရဲ့လုပ်ငန်းတွေမှာ ကူညီလုပ်ကိုင်ပေးနေပြီး သူ့ကိုယ် ပိုင်စီးပွားရေးလုပ်ငန်းလုပ်ဖို့ကိုတော့ “ကိုယ်ပိုင်လုပ်ဖို့အတွက် စဉ်းစားလိုက်တိုင်း ဘတ်ဂျက်က အများကြီး ရင်းနှီးရမှာဆိုတော့ ရင်းနှီးဖို့အတွက်ကိုစိုးကြောက်နေတယ်။ ဘယ်တော့ရင်းနှီးပြီး လုပ်ကိုင်ဖြစ်မလဲတော့ မသိဘူး။ စားသောက်ဆိုင်ဖွင့်ချင်တယ်။ လုပ်ချင်တဲ့ စီးပွားရေးလုပ်ငန်းတွေကများတယ်”လို့ နန်းသူဇာက ပြောပါတယ်။

စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်လာဖို့အတွက် ဘယ်အရာတွေက တွန်းအားတွေဖြစ်လာစေခဲ့လဲဆို တော့ နန်းသူဇာက “ဒီခေတ်ကြီးမှာအနုပညာသမားဆိုတာက အရွယ်ရှိတုန်းရယ် ဆန်းရှိတုန်းရယ်ပဲလုပ် လို့ရတာ။ အဲဒီတော့အသက်ကြီးလာတော့ အမေကိုလည်းကျေနပ်အောင်ထားပြီး အိမ်ကိုလည်း ကူ ချင်တာကြောင့်ပါ”လို့ ပြောပါတယ်။ သူလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာတော့ ချစ်သူကျော်ထွဋ် ဆွေက စိတ်ပါဝင်စားရင် သူရောပါဝင်လုပ်ကိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

ချစ်သူနှစ်ဦးလက်ထပ်ယူဖို့ဆိုတဲ့ အကြောင်းနဲ့ပတ်သက်ပြီးတော့လည်း “ပိုက်ဆံတွေရှာလိုက်ပါဦးမယ်။ အခုက စီးပွားရေးတွေက ကျပ်တည်းလာပြီလေ။ တစ်ခုခုဆိုလိုချင်တာတွေကလည်းများလာပြီ။ အဲဒီတော့ ကိုယ်ရှာမှပဲ ကိုယ်ရမယ်။ ကိုယ်ဖြစ်ချင်တဲ့ ပုံစံမျိုးလုပ်နိုင်နေနိုင်တဲ့အခြေနေမျိုးဆိုရင် မိသားစုဘဝလေးတည်ထောင်သွားမှာပါ”လို့ နန်းသူဇာက ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*