ကြုံဖူးဆုံဖူးကိုလူထူများ(၇)

ကြုံဖူးဆုံဖူးကိုလူထူများ(၇)
May 23, 2018 AsianFame MediaGroup
ကြုံဖူးဆုံဖူးကိုလူထူများ(၇)

ပေလောကမှာ ကျင်လည် ကူး ခတ်၊ ရောနှောလုံးထွေး၊ တွန်း တိုက်ခြေရှုပ်ခဲ့မိသည်မှာ နှစ် ၄ဝ ပြည့်လုလုပြီဖြစ်ရာ၊ စာပေလောက ထဲမှ ”ကိုလူထူး”များ အကြောင်းရေး လို့ စာတစ်စောင်ပေတစ်ဖွဲ့တော့ ဖြစ်လောက်ပြီဟု ကျွန်တော်ထင်ပါ သည်။ လုံ့လဝီရိယနည်းသော ကျွန် တော်၏ စရိုက်ကြောင့် စာတစ်စောင် ပေတစ်ဖွဲ့တော့ မဖြစ်နိုင်။ စာတိုပေစ Fragments တွေသာ ဖြစ်လောက် ပါ၏။

လက်ငင်းကာလမှာ သတိရ လိုက်သည်က သွားလေသူ ကလောင် ရှင် ”မောင်မြေကြီး (ပန်းတောင်း) ဖြစ်သည်။ များသောအားဖြင့် သူ့ကို ကြည့်လိုက်လျှင် ပုဆိုးအကောင်းစား၊ ရှပ်အင်္ကျီအကောင်းစား တိုက်ပုံအင်္ကျီ အကောင်းစား၊ လွယ်အိတ်အကောင်း စားနှင့် ဆေးတံကြီးခဲလျက်၊ တကယ့် ပဂေးစာရေးဆရာ ဂရုကြီးလိုလို၊ ဘာ လိုလို။ သို့သော် ခရစ်သက္ကရာဇ် ၂ဝဝဝ ကျော်လောက်ကစ၍ မောင် မြေကြီးသည် ဘာစာကိုမှ ဟုတ္တိပတ္တိ ရေးသည်မရှိတော့ပါ။ စာလည်း မ ဖတ်တော့ပါ။ သို့သော်ပါးစပ်ကမူ ”မော်ဒန်” ရှုတ်ချ၍ ”ဂန္ထဝင်”ကို ဂုဏ်တင်နေတတ်သော အပယ်ခံ စာ ပေသမားကြီးဖြစ်နေပြီ။

ကံအကြောင်းမသင့်၍ မောင် မြေကြီးထံမှာ ကျွန်တော်ယာယီသွား ရောက်တည်းခိုနေထိုင်ခဲ့ရပါသည်။ နံနက် ၇ နာရီထိုးလျှင် အအိပ်ကြီး သော ကျွန်တော့်ကို သူမရမက ဇွတ် နှိုးပါလေပြီ။

”ဟေ့ကောင် ကြူးနှစ်ထတော့ ကွ၊ မျက်နှာသစ်”

ကျွန်တော်မျက်နှာသစ်ပြီးသော် …

”ရော့ …မောနင်းကပ် အား ဆေး”ဟုဆိုကာ မောင်မြေကြီးက အသင့်ဝယ်ထားသော အရက်ဖြူ ပုလင်းထဲမှ တစ်ဖန်ခွက်ငှဲ့ပြီး ကျွန် တော့်ကို ကမ်းလင့်ပါ၏။

”ဒါ …သောက်ပြီးရင် စာ ရေးတော့ ငါ့လူ။ ၁၁ နာရီ မထိုးခင် ဆောင်းပါးတစ်ပုဒ် အပြီးရေး ရေးပြီး ရင် ထပ်တိုက်မယ် ”

ထိုစဉ်က ကျွန်တော်သည် အ ရက်သောက်ချင်၍ စာရေးခြင်း မဟုတ်ပါ။ သုံးစရာခြူးတစ်ပြားမှ မရှိ သဖြင့် အသည်းအသန်ငွေလိုနေရာ၊ သူအရက်မတိုက်လည်း ကျွန်တော် က စာတစ်ပုဒ်ကို ညှစ်ထုတ်ဖွဲ့နွဲ့လိုက် မှာ ဖြစ်သည်။

သို့နှင့် ကျွန်တော်က စာတ ကုပ်ကုပ်ရေးချွတ်နေစဉ် မောင်မြေ ကြီးသည် ဆေးတံကြီးခဲကာ ကျွန် တော့်ဘေးမှာ မြိန့်မြိန့်ကြီး ထိုင်နေ တော့သည်။ ကျွန်တော်ရေးပြီးသွား သော ကော်ပီစာရွက်တွေကို ကောက် ယူ၍ ခန့်ခန့်ကြီး ဖတ်ရှုစစ်ဆေးနေ ပြန်သည်။ တစ်ရွက်ဖတ်ပြီးတိုင်း သူ က ”အိန်း ..အဆင်ပြေတယ်ကွ၊ အလုပ်ဖြစ်တယ်ကွ”စသည်ဖြင့် ခပ် တည်တည်ကြီး မှတ်ချက်ချနေတတ် ပြန်သည်။ တစ်ပုဒ်လုံး

ပြီးသွားသော် သူပဲ၊ အစအဆုံး ပြန်ဖတ်ပြီး ”ဟုတ် ပြီ၊ ဟုတ်ပြီ၊ အိုကေ ”ဟု မိန့်ကြား ပြန်၏။

စာရေးဆရာချင်းအတူတူ သူ ကဖြင့် ဘာတစ်လုံးမျှ မရေးဘဲ ကျွန် တော့်ကို အတင်းရေးခိုင်းကာ ကျွန် တော့်ဘေးမှာ ဟန်ပန်တစ်ခွဲသားဖြင့် ထိုင်၊ ဆရာကြီးစတိုင်လ် မှတ်ချက် ပေးနေတတ်သော မောင်မြေကြီး (ပန်းတောင်း)သည် ဘယ်လိုလူစား ပါလိမ့်။

နောက်နေ့တွေ နောက်နေ့တွေ မှာလည်း ယခင်နေ့များအတိုင်းပါပဲ။ ကျွန်တော့်ကို အိပ်ရာက အတင်းနှိုး အရက်တစ်ခွက်တိုက်။ နှိုးပြီးတော့ အချိန်သတ်မှတ်ပြီး ဆောင်းပါးတစ် ပုဒ်ဇွတ်ရေးခိုင်း၊ သူက ဖတ်ကြည့်ပြီး ဆရာကြီးလေသံဖြင့် ”အိုကေ”ဟု မှတ်ချက်ပေး။ သူ့အိမ်မှာ ငါလာနေ တယ်ဆိုပြီး ငါ့ကို အနိုင်ကျင့်တာ။ ငါ့ ကို ကျောတာပဲ။ ဒီလူကိုယ်ချင်းမစာ ဘူးဟု ကျွန်တော်တွေးခဲ့ဖူးသည်။ မဟုတ်ပါ။ သူအနိုင်မကျင့်ပါ။ သူမ ကျောပါ။ ကျွန်တော်စာမရေးဖြစ်မှာ စိုးပြီး စေတနာကောင်းဖြင့် တိုက် တွန်းနှိုးဆော်ခဲ့ခြင်းပါ။ ”ရေးနိုင်တုန်း ရေးထားကွ”ဆိုသည့် သဘောပါ။ သူ ကတော့ မရေးနိုင်တော့ပါ။ ထိုကာ လတွင် မောင်မြေကြီးမှာ creative power ခမ်းခြောက်ပြီး ဦးနှောက်ပုံ မှန်အနေအထားမရှိချင်တော့ပါ။

သူမတတ်နိုင်တော့သောအလုပ် ကို ကျွန်တော်ကလည်း ဖြစ်အောင် တိုက်တွန်းခဲ့သော မောင်မြေကြီး၏ စာပေအကျိုးဆောင်စေတနာကို သေသည့်တိုင် ကျွန်တော်မမေ့နိုင် တော့။ ခုနေခါ စာရေးဖို့ ထိုင်းမှိုင်းနေ ပါက သေးသေးလုံးလုံး၊ နဖူးပြောင် ပြောင်၊ မျက်လုံးပြူးပြူးနှင့် မောင်မြေ ကြီး၏ မျက်နှာကို ကျွန်တော်မြင် ယောင်ကြည့်လိုက်လျှင် ချက်ချင်းလို လို ကျွန်တော်ဈာန်ဝင်လာတတ်ပါ သည်။ အော် ..မောင်မြေကြီးလည်း လူထူးတစ်ယောက်ပါပဲ။

ကွယ်လွန်သူတွေကို ”လူထူး” စာရင်းသွင်းနေခြင်းကြောင့် ကျွန် တော့်အပေါ် အမြင်မစောင်းစေချင် ပါ။ ကွယ်လွန်သူတွေက သူတို့ အကြောင်း ဘာရေးရေး၊ စာရေး ဆရာကို အရေးမလုပ်ကြပါ။ သက်ရှိ ထင်ရှားတွေကတော့ ကောင်းတာရေး လည်း စာရေးဆရာကို ပြဿနာရှာ တတ်ကြပါသည်။ အနည်းဆုံးကတော့ လက်ဖက်ရည်က တိုက်ခိုင်းတတ်ကြ သည်။ ကပ်စေးနည်းတတ်သော ကျွန်တော်က လက်ဖက်ရည်တစ် ခွက်ဖိုး ကျပ်ငွေ ၅ဝဝ ကိုသော်မှ တုန်နေအောင် နှမျောတတ်ပါသည်။ ထို့ကြောင့် ကွယ်လွန်ပြီးသော စာ ရေးဆရာ ”လူထူး”တစ်ယောက် အကြောင်းရေးလိုက်ပါဦးမည်။

သူကတော့ သွားလေသူ မန္တ လေးအခြေစိုက် စာရေးဆရာ”မောင် နေဦး”ဖြစ်ပါသည်။ သူ့မှာ တော်လှန် သော ဘဝနောက်ခံရှိခဲ့သည်။ ၁၉၆၅ ခုနှစ်လောက်တုန်းက မည်သူမှ မတို့ မထိရဲသည့် ”ချာလီချက်ပလင်”အတ္ထု ပ္ပတ္တိစာအုပ်အထူကြီးကို မြန်မာပြန်ခဲ့ ဖူးသည်။ ထိုစဉ်က လက်ဝဲယိမ်းစာ ပေအယူအဆရေးရာ စာအုပ်များထဲ မှာ ထင်ရှားသည့် Ralph Fox ၏ The Novel and the People စာ အုပ်ကို (ဝတ္ထုနှင့် ပြည်သူ)ဆိုပြီး သေ သပ်စွာ မြန်မာပြန်ခဲ့သူမှာ ဆရာ မောင်နေဦးပဲဖြစ်ပါသည်။

၁၉၇၅ ခုနှစ်လောက်က ကျွန် တော်မန္တလေးကို အလည်အပတ် ရောက်တုန်း ဆရာမောင်နေဦးထံ သွားခဲ့ပါသည်။ ကျွန်တော့်ကို လိုက်ပို့ သော ”ဂိုက်”မှာ မောင်ကိုကို (အမရ ပူရ)ဖြစ်သည်။ ဆရာမောင်နေဦးက မြောက်ပြင်တဲမှာ နေပါသည်။ ကျွန် တော့်မှာ ဆရာမောင်နေဦးကို ကန် တော့ရန် ဆိုဗီယက်မှ အင်္ဂလိပ်ဘာ သာဖြင့် ထုတ်ဝေသည့် အင်တန် ချက်ကော့ဖ်၏ ဝတ္ထုတို လက်ရွေးစင် စာအုပ်တစ်အုပ်ပါရှိသည်။ ဆရာက မြောက်ပြင်တဲမှာ နေပါသည်။ လင် ကိုယ်မယားနှစ်ယောက်တည်း အေး အေးလူလူနေကြခြင်းဖြစ်သည်။ သူ့ အိမ်က ပျဉ်ထောင်သွပ်မိုး သစ်သား နှစ်ထပ်အိမ်ဖြစ်သည်။ ခိုင်ခံ့တောင့် တင်းသည်။

”ကျွန်တော် ချာလီချက်ပလင် စာအုပ်ဘာသာပြန်လို့ရတဲ့ စာမူခနဲ့ ဒီအိမ်ကို ဆောက်ပါသဗျာ။ စားရေး အတွက်ကတော့ မိန်းမဆေးလိပ်လိပ် တဲ့ လုပ်အားခနဲ့ စားပါတယ် ခင်ဗျာ။ ဝတ်ရေးအတွက်တော့ ဟံသာဝတီ သတင်းစာမှာ ဆောင်းပါးတွေ ရေးပါ တယ်ခင်ဗျာ”ဟု ဆရာက ပွင့်လင်း ရွှင်ပျစွာ ပြောပါသည်။ ကျွန်တော် လေ့လာမိသလောက် ကျွန်တော်တို့ ကို တွေ့ဆုံလက်ခံသည့် အိမ်အောက် ထပ်တွင် စာအုပ်နှင့်တူတာဆိုလို့ စက္ကူစုတ်တစ်စုတ်ပင် မတွေ့ရပါ။ ဆရာမောင်နေဦး၏ နေအိမ်အောက် ထပ်မှာ စာရေးဆရာ၏နေအိမ်နှင့် ပင် မတူလှပါ။
အပြန်လမ်းကျတော့ မောင်ကို ကို (အမရပူရ)က ကျွန်တော့်ကို ပွက် ပွက်ညံအောင် ဆူပါတော့သည်။

”မောင်ရင်က ချက်ကော့ဖ်စာအုပ် ဘာဖြစ်လို့ မောင်နေဦးကို ပေးလိုက် ရတာလဲ။ သူ့အိမ်အပေါ်ထပ်မှာ စာ အုပ်တွေကို ပြည့်လို့၊ စာအုပ်ငှားရမှာ စိုးလို့ အိမ်အပေါ်ထပ်ကို ဘယ်သူ့မှ ပေးမတက်ဘူး။ အောက်ထပ်မှာ လည်း စာအုပ်တစ်အုပ်မှ မထားဘူး။ မောင်ရင်က ရေးများရာ မိုးရွာချင် တဲ့လူ။ အလကား ငတုံး”

ကျွန်တော်ကတော့ ဆရာမောင် နေဦးကို မည်သို့မျှသဘောမထားပါ။ ကိုယ့်စာအုပ်ကို မငှားချင်လောက် အောင် တစ်အုပ်တလေ ထူးထူးခြား ခြားချစ်သည့် ကိုလူထူးပါတကား။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*