အနုပညာရှင်တို့ရဲ့ ငြိမ်းချမ်းရေး စကားသံ (၂)

အနုပညာရှင်တို့ရဲ့ ငြိမ်းချမ်းရေး စကားသံ (၂)
May 23, 2018 AsianFame MediaGroup
အနုပညာရှင်တို့ရဲ့ ငြိမ်းချမ်းရေး စကားသံ (၂)

စစ်ဆိုရင် ဘယ်စစ်ပွဲမှ ကောင်း ကျိုးမပေးဘဲ ဆိုးကျိုးသာပဲဖြစ်တည် စေတာ ကမ္ဘာမှာရော မြန်မာပြည်မှာ ပါ သိသာထင်ရှားစွာ မြင်တွေ့နေကြ ရပြီမဟုတ်ပါလား။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနဲ့အတူ ဖြစ်ပွားတည်ရှိ ခဲ့တဲ့ ပြည်တွင်းစစ်ကလည်း နှစ် ၇ဝ တိုင်ရှိနေပြီဖြစ်တာကြောင့် ကမ္ဘာမှာ နှစ်ကာလအရှည်ဆုံးပြည်တွင်းစစ် ဖြစ်နေတာက အမှန်တကယ်ပါ။ အခု ဆိုရင် မြန်မာပြည်မြောက်ပိုင်းမှ က ချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက် တွေမှာ စစ်ပွဲတွေ အရှိန်ဟုန်မြှင့်ဖြစ် ပွားခဲ့မှုကြောင့် စစ်ပွဲအတွင်း ပိတ်မိ သူတွေရော စစ်ဘေးရှောင်အတိ ဒုက္ခရောက်နေကြသူတွေပါ များပြား လျက်ရှိနေတာမို့ စစ်ပွဲရဲ့ ဆိုးကျိုး ဒဏ်ကို အဓိကခံစားကြရတာက ပြည်သူပြည်သားတွေ ဖြစ်ကြသလို စစ်ခင်းကြသူများကလည်း ကိုယ့် သွေးချင်းညီအစ်ကိုများဖြစ်နေတာ ကြောင့် ဘယ်သူမှ အကျိုးမရှိဘဲ တိုင်းပြည်အတွက် လူသားအရင်း အမြစ်များ ပြုန်းတီးဆုံးရှုံးစေခဲ့တာ ငြင်းဆိုမရပါဘူး။ ဒါကြောင့်လည်း မြန်မာတစ်ပြည်လုံးရှိ နိုင်ငံသူနိုင်ငံ သား တိုင်းရင်းသားလူမျိုးများအားလုံး က ပြည်တွင်းစစ်ရပ်ပစ်ကာ ထာဝရ ငြိမ်းချမ်းရေးရရှိစေဖို့ စိတ်ဆန္ဒများ ပြင်းပြနေကြရာ အဲဒီအထဲက အနု ပညာရှင်တို့ရဲ့ ငြိမ်းချမ်းရေးရလိုချင် မှုနဲ့ စစ်ပွဲများရပ်ပစ်ဖို့ စိတ်ဆန္ဒစကားသံ များကို မေးမြန်းကာ စုစည်းဖော်ပြ လိုက်ပါတယ်။

Wမေရှင်းစိန်

ညီမတို့က အခုမြစ်ကြီးနားက ရွာကိုသွားရောက်ပြီး ကြည့်ရှုပြီးပါပြီ။ အဲဒီကျေးရွာမှာ ဒုက္ခသည်ပေါင်း ဦးရေ ၇ဝဝ ကျော်ရှိပါတယ်။ ညီမတို့နဲ့အတူ ကချင် မိတ်ကပ် ဆရာတွေလည်းပါလာတယ်။ ဒီ မိတ်ကပ် ဆရာ တွေက ဒုက္ခသည်စခန်းမှ ပြည်သူတွေ အထူး သဖြင့် အမျိုးသမီး တွေနဲ့ ကလေးတွေကို ဆံပင်ညှပ်ပေးတယ်။ တခြား သန့်ရှင်းရေးတွေလည်းလုပ်ပေးပါတယ်။ ညီမတို့ မော်ဒယ်တွေ ကလည်း ခရစ်ယာန်သီချင်းတွေ အတူ သီဆိုကြတယ်။ ကလေးတွေ စိတ်ဓာတ် တက်ကြွစေဖို့ Game တွေ အတူကစားပေး တာမျိုးလုပ်ပေးပါတယ်။ ညီမတို့ရဲ့ အနုပညာကြေးလေးတွေကိုလည်း စုပြီး တတ်နိုင် သလောက် လှူပေးပါ တယ်။ အားပေးစကားတွေလည်း ပြောဖြစ်ခဲ့ တယ်။ စစ်ပွဲတွေ က အခု ကချင်ပြည်နယ်မှာ လည်း ဖြစ်နေတယ်။ ညီမကိုယ်တိုင်လည်းကချင် တိုင်းရင်းသူ တစ်ယောက် ဖြစ်တဲ့အ တွက် ပိုပြီး ခံစားရပါတယ်။ ညီမတို့ စစ်ဘေးရှောင် စခန်းတွေဆီ သွားရောက် ကြည့်တဲ့အခါမှာလည်းမျက်ရည်ကျချင် တယ်။ ဒါပေမဲ့ မျက်ရည်မကျအောင် ထိန်းထားရ တယ်။ ကလေး တွေဆိုရင်သူတို့အနီးအနားမှာဖြစ် ခဲ့တဲ့၊ ကြား ခဲ့တဲ့အရာတွေကြောင့် ကားတွေ အနီးအနား ဖြတ်သွား ရင်တောင်ကြောက် နေကြတဲ့ လူတွေရှိတယ်။ တချို့ကလေး တွေ ဆိုရင်လည်း အဝေးကြီးကိုလမ်း လျှောက်လာရတော့ ခန္ဓာကိုယ်တွေ မှာအနာတွေပေါက်တာမျိုးတွေလည်း တွေ့ရပါတယ်။ တချို့ဆိုရင်အသက် ကိုး ဆယ်ကျော်အဘိုး၊ အဘွားအရွယ်တွေ လည်းပါပါတယ်။ ဒီလိုမျိုးတွေကို မျက်မြင် ကိုယ်တွေ့တွေ့ကြုံရတော့ စိတ်ထဲလုံးဝမကောင်း ဘူး။ ဒါကြောင့် အားလုံးကို အမြန်ဆုံး ငြိမ်း ချမ်းစေချင်ပါတယ်။ အခုချိန်ထိမလွတ်မြောက်သေးတဲ့ လူတွေလည်းရှိနေပါသေးတယ်။ ပိတ်မိ နေသူတွေကိုလည်း မြို့ဘက်ကို အမြန်ဆုံးပြန်လာစေချင်တယ်။ လွတ် မြောက်ဖို့အတွက် ညီမတို့အနေနဲ့ မလုပ်ပေးနိုင်ကြတာကြောင့် ညီမတို့လည်း ဆုတောင်းပေးနေရတယ်။ ညီမတို့ လည်း အားလုံးအဆင်ပြေ ငြိမ်းချမ်းစေချင်တယ်။

L လုံးလုံ

အခုညီမတို့ သိရသလောက် ပိတ်မိနေတဲ့ ပြည်သူတွေလည်း အတော်လေး နည်းသွားပါပြီ။ သူတို့ရဲ့ဆန္ဒအတိုင်းလည်း အဲဒီရွာတွေမှာ ဆက်လက်နေ ထိုင်နေသူတွေလည်း ရှိတယ်လို့ ညီမတို့ကြားသိရတယ်။ ညီမတို့တွေ့မြင်လာခဲ့တဲ့ တချို့မိသားစုတွေ ကျတော့လည်း သန်းခေါင်စာရင်းနဲ့မှတ်ပုံတင်လေးပဲကိုင် ပြီးကိုယ်လွတ် ရုန်းခဲ့ရသူတွေကိုလည်း တွေ့ဆုံခဲ့ပါတယ်။ တကယ်ကိုလူသား ချင်းစာနာစိတ်တွေလည်း တဖွားဖွားပေါ်ပေါက်တယ်လို့ ခံစားရတယ်။ ကိုယ် ဆိုရင် ကိုယ့်အိမ်ကနေ တခြားအိမ်မှာသွားအိပ်ရင်တောင်အဆင်မပြေဖြစ် တာကို သူတို့ ဆိုရင် နေရေး ထိုင် ရေးအခက် အခဲတွေ အများ ကြီး ရှိတယ်။ စစ်ဘေးဒုက္ခသည်စခန်းကိုရောက်လာကြတာတွေကိုလည်း မျက်မြင် ကိုယ်တွေ့ ကြုံခဲ့ရတယ်။ ညီမတို့သွားရောက်ရှိတဲ့အခါမှာလည်း ညီမတို့အဖွဲ့ ကပေးချင်တဲ့ Message ကစိတ်ဓာတ်ခွန် အားကို အဓိကပေး ချင်တာ ပါပဲ။ ညီမတို့ ကောက်ခံလို့ရရှိတဲ့ အလှူ ငွေအချို့ကိုလည်း ရသ လောက် လှူဒါန်းခဲ့တယ်။ စစ်ပွဲ တွေဖြစ်ပွားတာနဲ့ ပတ်သက်လို့တော့ ညီမပြောချင်တာက ကြားမှာခံနေရတဲ့ ပြည်သူတွေရှိနေ တယ်။ ဒါကို ညီမတို့ တတ်နိုင်သလောက် ကိုယ်ကူညီနိုင် သလောက်ကို လုပ်ပေးတယ်။ ဒီလိုမျိုးတွေထပ်မဖြစ်အောင်လို့လည်း လူသားချင်းစာနာစိတ်နဲ့ အချင်းချင်းကူညီကြမယ်။ စာနာမှုနဲ့မေတ္တာ ထားကြ မယ်ဆိုရင်အကောင်းဆုံးပါ။ စစ်ပွဲတွေ မဖြစ်ပွားတာတော့ အကောင်း ဆုံးပဲပေါ့။

ပေါ်ပြူလာအဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*