အနုပညာရှင်တို့ရဲ့ ငြိမ်းချမ်းရေး စကားသံ (၁)

အနုပညာရှင်တို့ရဲ့ ငြိမ်းချမ်းရေး စကားသံ (၁)
May 23, 2018 AsianFame MediaGroup
အနုပညာရှင်တို့ရဲ့ ငြိမ်းချမ်းရေး စကားသံ (၁)

စစ်ဆိုရင် ဘယ်စစ်ပွဲမှ ကောင်း ကျိုးမပေးဘဲ ဆိုးကျိုးသာပဲဖြစ်တည် စေတာ ကမ္ဘာမှာရော မြန်မာပြည်မှာ ပါ သိသာထင်ရှားစွာ မြင်တွေ့နေကြ ရပြီမဟုတ်ပါလား။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနဲ့အတူ ဖြစ်ပွားတည်ရှိ ခဲ့တဲ့ ပြည်တွင်းစစ်ကလည်း နှစ် ၇ဝ တိုင်ရှိနေပြီဖြစ်တာကြောင့် ကမ္ဘာမှာ နှစ်ကာလအရှည်ဆုံးပြည်တွင်းစစ် ဖြစ်နေတာက အမှန်တကယ်ပါ။ အခု ဆိုရင် မြန်မာပြည်မြောက်ပိုင်းမှ က ချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက် တွေမှာ စစ်ပွဲတွေ အရှိန်ဟုန်မြှင့်ဖြစ် ပွားခဲ့မှုကြောင့် စစ်ပွဲအတွင်း ပိတ်မိ သူတွေရော စစ်ဘေးရှောင်အတိ ဒုက္ခရောက်နေကြသူတွေပါ များပြား လျက်ရှိနေတာမို့ စစ်ပွဲရဲ့ ဆိုးကျိုး ဒဏ်ကို အဓိကခံစားကြရတာက ပြည်သူပြည်သားတွေ ဖြစ်ကြသလို စစ်ခင်းကြသူများကလည်း ကိုယ့် သွေးချင်းညီအစ်ကိုများဖြစ်နေတာ ကြောင့် ဘယ်သူမှ အကျိုးမရှိဘဲ တိုင်းပြည်အတွက် လူသားအရင်း အမြစ်များ ပြုန်းတီးဆုံးရှုံးစေခဲ့တာ ငြင်းဆိုမရပါဘူး။ ဒါကြောင့်လည်း မြန်မာတစ်ပြည်လုံးရှိ နိုင်ငံသူနိုင်ငံ သား တိုင်းရင်းသားလူမျိုးများအားလုံး က ပြည်တွင်းစစ်ရပ်ပစ်ကာ ထာဝရ ငြိမ်းချမ်းရေးရရှိစေဖို့ စိတ်ဆန္ဒများ ပြင်းပြနေကြရာ အဲဒီအထဲက အနု ပညာရှင်တို့ရဲ့ ငြိမ်းချမ်းရေးရလိုချင် မှုနဲ့ စစ်ပွဲများရပ်ပစ်ဖို့ စိတ်ဆန္ဒစကားသံ များကို မေးမြန်းကာ စုစည်းဖော်ပြ လိုက်ပါတယ်။

L လွန်းဝါ

နိုင်ငံရေးတော့ကိုယ်လည်းသိပ်မသိဘူး။ အဓိကတော့စစ်ဖြစ်နေတာ တော့ မကောင်းဘူး။ မဖြစ်စေချင်ဘူး။ ဒါပေမဲ့ လည်းစစ်ဘေးရှောင် စခန်း တွေက ဒုက္ခသည်တွေက အကူ အညီ လိုအပ်တုန်းပဲ။ လှူတဲ့လူ တွေလည်း အများကြီးလှူနေသလို စစ်တိုက်နေတဲ့သူတွေကလည်း တိုက်နေတဲ့ အတွက် ကြောင့်မို့ပြေး နေရတဲ့ သူတွေကလည်းပြေး နေရတယ်။ ပိတ်မိနေတဲ့ သူတွေ ကလည်း ပိတ်မိနေတုန်းပဲ။ ဒီသံသရာကြီးက ဘယ်တော့မှ ဆုံးမလဲမသိဘူး ပေါ့လေ။ အဲဒီတော့အားလုံးပဲ ဝိုင်းပြီးတော့ ဆုတောင်းပေးဖို့ပဲ လိုအပ်တာ ပေါ့နော်။ ငြိမ်းချမ်းပါစေ။ အားလုံးပဲ ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့ ကိုယ့်မိသားစု လေးနဲ့ တူတူနေနိုင်ဖို့အတွက်ဆုတောင်းပေးပါတယ်။

ခိုင်သဇင်ငုဝါ

လူသားတွေအတွက်က ဘေး အန္တရာယ်တစ်ခုခုဖြစ်ပြီဆိုတာနဲ့ လူတိုင်းက ကိုယ့်မိသားစု၊ ကိုယ့်ရဲ့ ဥစ္စာပစ္စည်းတွေ ဆုံးရှုံးသွားရင် လူပင်ပန်းတာတွေ စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်ကြရတာပါပဲ။ စစ်ဆိုတဲ့အရာကတော့ သဘာဝဘေးအန္တရာယ်တွေထက်ကို ပိုဆိုးတယ်။ စစ်ကြောင့်ကလေး၊ လူကြီးလူသားအားလုံး ဒုက္ခရောက်ရတယ်။ လုပ်ငန်းတွေ ဆက်လုပ်လို့ မရဘူး၊ စီးပွားရေးတွေ ထိခိုက်တယ်။ ကလေးတွေလည်း စစ်ပွဲတွေကြောင့် ကျောင်း ဆက်တက်လို့မရဘူး၊ ပညာရေးတွေထိခိုက်တယ်။ အဖက်ဖက်က ဆုတ်ယုတ်ရ တာပါပဲ။ ပစ်ခတ်မှုတွေကြားမှာ ထိခိုက်သွားသူ များအတွက်လည်း သူတို့ရဲ့ မိသားစု တွေက ကြေကွဲဝမ်းနည်းကြရတယ်။ ကလေးတွေရဲ့ စိတ်ထဲမှာလည်း စိတ်ဒဏ်ရာရရပါတယ်။ အားလုံးကြိုး စားတည်ဆောက်ထားရတဲ့ အနာ ဂတ်တွေက စစ်ပွဲတွေကြောင့် ပျက်စီးဆုံးရှုံးရတယ်။ ကိုယ့်အိုးအိမ်ကို စွန့်ပစ်ရ တယ်။ မိသားစုအသိုက် အမြုံလေးပြိုကွဲသွားတာဟာလည်းနာကျင်စရာပါ။ ဒါကြောင့်ကမ္ဘာကြီးမှာဖြစ်ပေါ်နေတဲ့၊ လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲတွေ အမြန်ဆုံး ရပ်တန့်ပြီး ငြိမ်းချမ်းပါစေလို့ပဲ ညီမဆုတောင်းပါတယ်။

အိန်ဂျယ်လမုန်

စစ်ပွဲတွေကိုလည်း ညီမတို့စိတ်ထဲက နှလုံးသားထဲကကို ရပ်စေချင် တာပါ။ အပြစ်မရှိတဲ့ ပြည်သူတွေလည်း အခက်အခဲတွေ အများကြီး ရင်ဆိုင်ကြ ရတယ်။ ညီမတို့တောင်မှာ ခရီးတစ်ခုသွားပြီးရင် ကိုယ့်အိမ်ကို ပြန်ရောက် တဲ့အချိန်က တအားကို စိတ်ချလုံခြုံရပြီး သက်တောင့်သက် သာရှိတယ်။ ဒါကြောင့်သူတို့လည်း နေအိမ်ကို စွန့်ခွာရတဲ့အချိန်မှာတော်တော်လေး စိတ် ဒုက္ခရောက်ကြ ရမှာပါပဲ။ စစ်ပွဲဆိုတာကောင်းတာလည်းမဟုတ်ဘူး။ ညီမတို့ နှလုံးသားထဲကိုက ငြိမ်းချမ်းမှုကို လိုလားကြတာပါ။ စစ်ကြောင့်လည်း အစစ အရာရာပျက်စီးချို့ယွင်းကြရတယ်။ ညီမတို့သွားတွေ့တဲ့အထဲမှာလည်း ကိုယ်ဝန်ဆောင်မိခင်တွေလည်း ပါလာပါတယ်။ တချို့အမျိုးသမီးတွေ ဆိုရင် ခင်ပွန်းလည်း မပါလာဘူး။ တစ်ယောက်တည်း လာခဲ့ရတာတွေလည်း တွေ့ခဲ့ တယ်။ မိသားစုတွေကွဲသွားပြီး ဒုက္ခသည်စခန်းကို ရောက်လာတဲ့အချိန် ထိတောင်မိသားစုတွေကို မတွေ့ရသေးဘူး။ ဘယ်သူ ဘယ်ရောက်နေလဲဆို တာလည်း မသိဘူး။ သူတို့တွေ တအားစိတ်ထိခိုက် နေချိန်မှာ စိတ်ဓာတ်မြင့် တက်အောင် လည်း အားပေးစကားတွေတော့ ပြောခဲ့တယ်။ ကလေးတွေဆိုရင် လည်း မိဘတွေ ဆုံးရှုံးခဲ့ရသူတွေ ရှိတယ်။ ညီမတို့ စစ်ဘေးကယ်ဆယ်ရေး စခန်းသုံးလေးခုကို သွားရောက်ပြီးသွားပါပြီ။ ညီမလည်း ကိုယ့်ရဲ့အနုပညာကြေး ထဲကတတ်နိုင်သလောက်လှူဒါန်းတယ်။ ကလေးတွေနဲ့ စကားတွေပြောတယ်။ ဆော့ပေးတယ်။ စိတ်အားမငယ်အောင်လည်းအားပေးစကားပြောခဲ့ပါတယ်။

ပေါ်ပြူလာအဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*