အက်ရှင်ဇာတ်ကြမ်း အမိုက်စားတွေ ရိုက်ကူးချင်ပါတယ် သရုပ်ဆောင်ထက်အောင်ရှိုင်း

အက်ရှင်ဇာတ်ကြမ်း အမိုက်စားတွေ ရိုက်ကူးချင်ပါတယ် သရုပ်ဆောင်ထက်အောင်ရှိုင်း
May 23, 2018 Leanne Win
အက်ရှင်ဇာတ်ကြမ်း အမိုက်စားတွေ ရိုက်ကူးချင်ပါတယ် သရုပ်ဆောင်ထက်အောင်ရှိုင်း

လတ်တလောမှာ သရုပ်ဆောင်ထက်အောင်ရှိုင်းကတော့ ဒါရိုက်တာသားညီရိုက်ကူးမယ့်Twenty-five percent ( 25%)ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကတော့ သူ့ရဲ့ငါကားမြောက်ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ သူ့အတွက် စိန်ခေါ်မှုတွေအများကြီးကြားက ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်အောင် ကြိုးစားသွားပါမယ်လို့ ဆိုလာတဲ့ သရုပ်ဆောင်ထက်အောင်ရှိုင်းက …

“ဒီလထဲမှာ Twenty-five percent ( 25%) ရုပ်ရှင်ဇာတ်ကားစတင်ရိုက်ကူးပါမယ်။ ဒါရိုက်တာကတော့ ကိုသားညီပါ။
အဲဒီဇာတ်ကားထဲမှာ ကျွန်တော်က မော်ဒယ်မင်းသားပေါ့။ ကိုယ်ဟာကိုယ်ပြန်ပြီး ပြန်းပေးဆွဲခံတဲ့ပုံစံလေးပါ။ ကျွန်တော်က ရည်းစားများတယ်။ ရွှေအိမ်စည်လည်းပါတယ်။ ရွှေအိမ်စည်က ကျွန်တော်ရဲ့က ရည်းစားပေါ့။ ရွှေအိမ်စည်နဲ့လည်း ခင်နေတော့ ဇာတ်ကားရိုက်ကူးတဲ့အခါမှာလည်း အဆင်ပြေမှာပါ။ ပြင်ဆင်မှုအပိုင်းတွေကတော့ ဇာတ်ကားထဲမှာ မော်ဒယ်မင်းသားဖြစ်တဲ့ အတွက် အဝတ်အစားကစ စမတ်ကျကျဖြစ်ရမယ်ဆိုတော့ အဝတ်အစားပိုင်းကို သေချာပြင်ဆင်ထားပါတယ်။ စိန်ခေါ်မှုတွေကတော့ ကျွန်တော်အတွက် အမြဲတမ်းဆက်တိုက်ရှိနေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်လိုချင်တဲ့ ကျွန်တော်ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်အောင်ကြိုးစားသွားဖို့ ရည်ရွယ်ထားပါတယ်။ အဲဒါကြောင့် ဘယ်လိုစိန်ခေါ်မှုတွေပဲဖြစ်ဖြစ် ကြိုးစားပြီး ကျော်ဖြတ် ဖြစ်သွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။

သူကတော့ မကြာခင် ရုံတင်ပြသတော့မယ့် စိန်ယောက်မရုပ်ရှင်ဇာတ်ကားမှာလည်း ကျော်ရဲအောင်၊ ပြေတီဦး၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်စတဲ့ ဝါရင့်သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ စိန်ယောက်မ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီးလည်း …

“စိန်ယောက်မ ဇာတ်ကားက ဟာသဇာတ်ကားလေးပါ။ အဲဒီဇာတ်ကားထဲမှာ ကျွန်တော်က ကိုပြေတီဦးရဲ့ သူငယ်လိုမျိုး သရုပ်ဆောင်ရတာ။ သူတို့မိသားစု သူအစ်မတွေကို စိတ်ပျက်သွားအောင်လို ဟန်ဆောင်ပြီးတော့ လုပ်ပြတာတကယ်တော့ မဟုတ်ဘူးပေါ့။ အဲဒီလိုပုံစံမျိုးပါ။ စီနီယာအစ်ကိုတွေ အစ်မတွေကလည်း လက်တွဲ ခေါ်ကြပါတယ်။ မသိတာ မတတ်တာရှိရင် အားလုံးပွင့်ပွင့်လင်းလင်းပြောပြကြတယ် သင်ပေးကြပါတယ်။ သူတို့နဲ့အတူ ရိုက်ရတာလည်း တော်တော်အဆင်ပြေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

Gay နဲ့ပတ်သက်တဲ့ ဇာတ်မျိုးတွေ ရိုက်ကူးရတာများနေတဲ့သူက ကိုယ်တိုင်သရုပ်ဆောင်ချင်တဲ့ ဇာတ် ရုပ်မျိုးတွေရှိကြောင်းကိုလည်း …
“ကျွန်တော်အနေနဲ့ ကာရိုက်တာပိုင်းကို အများကြီးရွေးချယ်ဖို့တော့ စိတ်ကူးမရှိပါဘူး။ ဘယ်လိုကာရိုက်တာ မျိုးပဲဖြစ်ဖြစ် ကြိုးစားပြီးသရုပ်ဆောင်မယ်လို့ စဉ်းစားထားပါတယ်။ ကျွန်တော်ကိုယ်တိုင် သရုပ်ဆောင်ချင်တဲ့ ကာရိုက်ကတော့ဇာတ်ကြမ်းပေါ့။ Actionဇာတ်ကြမ်း အမိုက်စားကာရိုက်တာမျိုး ရိုက်ကူးချင်ပါတယ်။ အလုပ်ချင်ဆုံး ကာရိုက်တာဆိုပြီး သီးသန့်တော့ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်ခုလောလောဆယ်တော့Gayနဲ့ပတ်သက်တဲ့ သူငယ်လို ကာရိုက်တာမျိုးတွေ ထပ်နေတော့ မရိုက်ဘဲခဏနားထားဖို့ စဉ်းစားနေပါတယ်”လို့လည်း ထက်အောင်ရှိုင်းက ပြောပြခဲ့ပါသေးတယ်။

ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*