သဘင်လောက သားများ ရဲ့ စည်းလုံးညီညွတ်မှုကို ပြသမယ့် ရှင်​ပြု၊ နားသ အလှူပွဲ

သဘင်လောက သားများ ရဲ့ စည်းလုံးညီညွတ်မှုကို ပြသမယ့် ရှင်​ပြု၊ နားသ အလှူပွဲ
May 21, 2018 AsianFame MediaGroup
သဘင်လောက သားများ ရဲ့ စည်းလုံးညီညွတ်မှုကို ပြသမယ့် ရှင်​ပြု၊ နားသ အလှူပွဲ

 

မန္တလေးတိုင်းသဘင်​လူမှုကူညီ စောင့်ရှောက်ရေးမှ ဦး​ဆောင်​ပြီး မန္တလေးမြို့ရှိ ဇာတ်​၊ ဆိုင်း၊ အငြိမ့်​၊ ဘိသိက်အနုပညာလုပ်​ငန်း လုပ်​ကိုင်​​နေသူများရဲ့ သားသမီး များကို ဇွန်လ ၇ ရက်နေ့နဲ့ ၈ ရက်နေ့များမှာ ရှင်​ပြု၊ နားသအလှူပွဲကျင်းပ​ပေးမှာ ဖြစ်ကြောင်းသိရပါတယ်။ အဲဒီအလှူမှာ ပရဟိတရွှေလက်များအဖွဲ့၊ ဂီတကွန်ရက် အဖွဲ့၊ မြန်မာ့သဘင် အလှဆင်သူများ အဖွဲ့၊ လူရွှင်တော်အသင်း၊ ဇာတ်ဆရာများ အသင်းတို့ အပါအဝင် ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။

”အဓိကတော့ ကျွန်တော်တို့ သဘင်မောင်နှစ်မတွေ စည်းစည်းလုံးလုံးနဲ့ သဘင်အလုပ်တွေလုပ်တယ်၊ သာသနာ့အလုပ်တွေ လုပ်တယ်ဆိုတာ ပြချင် တာပါ။ တချို့က ဇာတ်သမားတွေ စိတ်ဝမ်းကွဲတာတို့ဘာတို့ ပြောနေကြ တယ်။ ကျွန်တော်တို့ မန္တလေးမှာ စိတ်ဝမ်းမကွဲအောင်ပေါ့။ ဒါက ပထမ ဦးဆုံးခြေလှမ်းပေါ့။ ဖိတ်စာတောင်မှ ကျွန်တော်နာမည်တွေ မထည့်ရ ဘူး။ အဖွဲ့အစည်း နာမည်ပဲထည့်ထားတယ်။ အဓိကတော့ စည်းလုံးညီညွတ်မှုဖြစ်အောင်ပေါ့။ ဆိုင်းဂီတကွဲတာတွေ လည်းမဖြစ်အောင်ပေါ့။ ကျွန်တော်တို့က အများကြိုက်အောင် လုပ်မှာ မဟုတ်ဘူး။ အများကောင်းအောင် လုပ်မှာပါ။ အများ ကောင်းဖို့အတွက် ကျွန်တော်တို့ အလုပ်လုပ်မယ်” လို့ အလှူပွဲနဲ့ ပတ်သက်လို့ မြန်​မာနိုင်​ငံသဘင်​အစည်းအရုံး(ဗဟို) တွဲဖက်​အတွင်း​ရေးမှူး (၁)၊ မန္တလေးတိုင်း သဘင်​လူကူ ဥက္ကဋ္ဌ ဦးဝင်း​နောင်က ပြောပါတယ်။ ရန်ကုန် က ဇာတ်အဖွဲ့တွေအနေနဲ့လည်း ရဟန်းခံချင်ရင် လာရောက်ရဟန်း ခံလို့ရပြီး ကျန်တာအားလုံး အဆင်ပြေအောင်စီစဉ်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါ တယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*