ငြိမ်းချမ်းပါစေ မြန်မာပြည်

ငြိမ်းချမ်းပါစေ မြန်မာပြည်
May 16, 2018 AsianFame MediaGroup
ငြိမ်းချမ်းပါစေ မြန်မာပြည်

ကမ္ဘာပေါ်မှာ နှစ်ပေါင်းအရှည်ကြာဆုံးဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံကပြည်တွင်းစစ်ပွဲတွေကို လူငယ်တွေဘယ်လိုမြင်ကြလဲ၊ စစ်ပွဲတွေကြောင့် လူငယ်တွေဘယ်လိုခံစားနေရလဲ၊ အမြန်ဆုံးငြိမ်းချမ်းရေးရရှိစေဖို့အတွက် လူငယ်အချို့ရဲ့ခံစားချက်အမြင်တွေကို မေးမြန်းပြီး’ငြိမ်းချမ်းပါစေ မြန်မာပြည်’ ဆိုတဲ့ခေါင်းစဉ်နဲ့ စုစည်းဖော်ပြပေးလိုက်ပါတယ်။

မမေသူထက်

အမှန်ဆိုရင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး အချင်းချင်းစစ်ဖြစ်နေ ကြတော့ဘာထူးမှာလဲနော်။ ကြား ထဲကပြည်သူတွေပဲ ထိခိုက်နစ်နာကြ ရတာလေ။ စစ်ပွဲတွေဖြစ်တော့ ပညာ သင်ရမယ့်ကလေးတွေအတွက်လည်း ပညာရေးနှောင့်နှေးစေတယ်။ လူကြီး တွေလည်း အသက်အိုးအိမ် စည်း စိမ်တွေပျက်စီးရတယ်။ တကယ်လို့ နှစ်ဦးနှစ်ဖက်ပြေလည်အောင် ညှိနှိုင်း ကြမယ်ဆိုရင်တော့ ကြားထဲက ပြည် သူတွေက နစ်နာစရာအကြောင်းမရှိ တော့ဘူးပေါ့။ စစ်ပွဲတွေဖြစ်မှ ငြိမ်း ချမ်းရေးရတာမဟုတ်ဘူးလေ။ စစ် ဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေ အတွက်လည်း နောင်ဘဝဆိုတာများ ရှိခဲ့ရင် အေးချမ်းပြီး စိတ်ချမ်းသာမှု အပြည့်နဲ့ နေနိုင်ပါစေ။ အခုလိုဒုက္ခခံ ပြီး သက်စွန့်စံဖျားရုန်းကန်နေရတဲ့ နေရာမှာ လူမဖြစ်ပါစေနဲ့လို့ ဆု တောင်းပေးနေပါတယ်။ အမြန်ဆုံး ငြိမ်းချမ်းရေးလည်းရရှိကြပါစေရှင့်။

ကိုထက်အာကာကျော်

ဘယ်လိုပဲဖြစ်ဖြစ် စစ်ဆိုတာ ကတော့ နှစ်ဖက်လုံးအတွက် ထိခိုက် နစ်နာစေတယ်။ လေကြားထဲက ပြည်သူတွေအတွက်လည်းမကောင်း ဘူး။ အကုန်လုံးအတွက်ဆိုးရွားတာတွေပဲဖြစ်စေတယ်။ ဖြစ်နိုင်ရင်တော့ တစ်ဖက်နဲ့တစ်ဖက် စစ်မဖြစ်ကြဘဲ ငြိမ်းငြိမ်းချမ်းချမ်းနေစေချင်တယ်။ နိုင်ငံသားအချင်းချင်း ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး။ ကိုယ်နိုင်ငံထဲကလူတွေအချင်းချင်းအဆင်ပြေဖို့လို တယ်။ ကိုယ်တွေအချင်းချင်းအဆင်မ ပြေဘဲ သွေးကွဲနေကြမယ်ဆိုရင် မကောင်းဘူးလို့ခံစားရပါတယ်။ စစ် ဘေးရှောင်တွေကိုလည်း ကိုယ့်ရပ်ရွာ မှာ ကိုယ့်မိသားစုနဲ့အမြန်ဆုံး ပျော် ပျော်ရွှင်ရွှင် ပြန်နေနိုင်ကြပါစေလို့ ဆုတောင်းပေးချင်တယ်။

ကိုသဌေးဇော်

ဖြစ်နိုင်မယ်ဆိုရင်ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ်စစ်ဆို တာကို လုံးဝမဖြစ်စေချင်ဘူး။ နေရာ ဒေသတွေ အကုန်လုံးကို တည်ငြိမ် အေးချမ်းစေချင်တယ်။ တိုးတက် ကောင်းမွန်တဲ့ ဘဝကိုရစေချင်တယ်။
စစ်ဖြစ်နေတဲ့နေရာဒေသတွေက တိုး တက်နိုင်မှာမဟုတ်ဘူးလေ။ အဲဒီ တော့ ပြည်တွင်းပြည်ပမှာဖြစ်ပွား နေတဲ့ တိုက်ပွဲတွေကိုအမြန်ဆုံး အဆုံးသတ်စေချင်တယ်။ စစ်ဆိုတာ က ဘယ်သူ့အတွက်မှ မကောင်းဘူး လေ။ လူတိုင်းလူတိုင်းကို ငြိမ်းငြိမ်း ချမ်းချမ်းပဲ ရှိစေချင်တယ်။ ကျောင်း သားဆိုလည်း ကျောင်းတက်၊ အ လုပ်လုပ်နေတဲ့သူတွေဆိုလည်း ကိုယ့် အလုပ်ကိုယ်လုပ်ပြီး ငြိမ်းငြိမ်းချမ်း ချမ်းပဲ ဖြစ်စေချင်တယ်။ ဘယ်သူ့ကို မှ မထိခိုက်စေချင်ဘူး။ စစ်ဘေး ရှောင်တွေကိုလည်း ကိုယ့်မိသားစုနဲ့အတူကိုယ့်အိမ်မှာပဲအမြန်ဆုံးပြန်နေနိုင်ကြပါစေလို့ပြောချင်တယ်။

မဆုမြတ်မွန်

စစ်ဆိုတာကတော့လုံးဝကို မကောင်းပါဘူး။ စစ်ပွဲတွေဖြစ်ရင် ပြည်သူတွေ ထိခိုက်နစ်နာကြရတယ်။ ပြီးတော့ ဘာမဆိုင်ညာမဆိုင် သက် ကြီးရွယ်အိုတွေ ကလေးတွေက ကြား ထဲက ဒုက္ခရောက်ကြရတယ်။ ဒါ ကြောင့်မို့ စစ်မဖြစ်စေချင်ဘူး။ စစ် မဖြစ်ရင် ကောင်းမယ်။ ပြည်တွင်း မှာရော ပြည်ပမှာပါ ငြိမ်းချမ်းစေ ချင်တယ်။ ကလေးတိုင်းကိုကျောင်းတက်စေချင်တယ်။ လူတိုင်း ကိုယ့် တာဝန်တွေကို ငြိမ်းချမ်းစွာပဲ ထမ်း ဆောင်စေချင်တယ်။ ကိုယ့်အိမ်မှာ ကိုယ့်မိသားစုနဲ့အတူ နေစေချင် တယ်။ စစ်မဖြစ်ပဲကောင်းမွန်တဲ့ ဘဝ တွေကို ပိုင်ဆိုင်စေချင်တယ်။ ဘယ် သူ့ကိုမှ မထိခိုက်စေချင်ဘူး။ စစ်ဘေး ရှောင်တွေ စစ်ကြောင့်မိသားစုနဲ့ ဝေး ကွာခဲ့ရတဲ့သူတွေအတွက်လည်း အေး အေးချမ်းချမ်းနဲ့ ပျော်ရွှင်ရတဲ့ဘဝကို အမြန်ဆုံးပိုင် ဆိုင်နိုင်ကြပါစေလို့ ပြောချင်တယ်။

မဂျူးဂျူးသာ

စစ်ပွဲဆိုတာနဲ့လူတွေရဲ့အသက် အိုးအိမ် စည်းစိမ်တွေကို ပျက်စီးစေ တယ်လေ။ စစ်ဆိုတာကတိုက်ရတဲ့ သူတွေအတွက်လည်း မကောင်းဘူး။ ကြားထဲကခံရတဲ့ပြည်သူတွေ အတွက် လည်းမကောင်းဘူး။ ဘယ်သူ့အတွက် မှလည်း မကောင်းဘူး။ ဒါကြောင့်မို့ စစ်မဖြစ်စေချင်ဘူး။ အားလုံးကို စိတ် အေးချမ်းစွာနေစေချင်တယ်။ ထမင်း တစ်လုတ်ကို ပူပင်ကြောင့်ကြပြီး စား နေရတဲ့အဖြစ်မျိုးတွေ ဘယ်အချိန် စစ်ထဖြစ်မလဲဆိုပြီး ကောင်းကောင်း အိပ်မပျော်တဲ့အဖြစ်မျိုးတွေ၊ အသက် ရှင်ဖို့အတွက် ပြေးလွှားရှောင်တိမ်းနေ ရတဲ့အဖြစ်မျိုးတွေကို ဘယ်သူ့ကိုမှ မဖြစ်စေချင်ဘူး။ ပြည်တွင်းမှာဖြစ် ပွားနေတဲ့ စစ်ပွဲတွေကိုသာမက ပြည် ပမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကိုပါ အ မြန်ဆုံးပြီးဆုံးစေချင်တယ်။စစ် ကြောင့်ဖြစ်ရတဲ့ဒဏ်တွေကို ဘယ် သူ့ကိုမှ မခံစားစေချင်ဘူး။ စစ်ဘေး ဒဏ်ခံစားနေရတဲ့သူတွေကိုလည်း အမြန်ဆုံးလွတ်မြောက်ပြီး အေးချမ်း တည်ငြိမ်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ပြောချင်ပါတယ်။

မသိန်းသန်းစိုးစံငြိမ်း

စစ်ဆိုတာကတော့ဘာကောင်းကျိုးမှမပေးဘူး။ ဒုက္ခတွေပဲပေးတယ်။ ကလေးတွေကိုလည်း မိဘမဲ့တွေဖြစ် စေတယ်။ ဒါကြောင့်မို့ စစ်မဖြစ်စေ ချင်ဘူး။ ဖြစ်နိုင်မယ်ဆိုရင် အကုန် လုံးကို ငြိမ်းချမ်းစွာနေစေချင်တယ်။ ပြည်တွင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေ ကိုလည်း အမြန်ဆုံးငြိမ်းချမ်းစေချင် တယ်။ လူတိုင်းကို အပူအပင်ကင်း ကင်းနဲ့နေထိုင်စေချင်တယ်။ စစ်ကြောင့် စိုးရိမ်ကြောင့်ကြနေရတဲ့အဖြစ်မျိုး တွေမရှိစေချင်ဘူး။ကိုယ့်ပြည်တွင်း မှာရော၊ ပြည်ပမှာရော ငြိမ်ငြိမ်သက် သက် အေးအေးချမ်းချမ်းပဲဖြစ်စေချင် တယ်။ စစ်ဘေးရှောင်တွေကိုလည်း ခံစားနေရတဲ့ ဘေးဒုက္ခအန္တရာယ် တွေကနေ အမြန်ဆုံးလွတ်မြောက်ပြီး အေးချမ်းတည် ငြိမ်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း ပေးချင်တယ်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*