ကြုံဖူးဆုံဖူးကိုလူထူးများ (၆)

ကြုံဖူးဆုံဖူးကိုလူထူးများ (၆)
May 15, 2018 Leanne Win
ကြုံဖူးဆုံဖူးကိုလူထူးများ (၆)

ကျွန်တာ် စက်မှုအင်ဂျင်နီယာ သင် တန်းတစ်ခုတက်ရောက်ခဲ့စဉ်က ဆရာတစ်ဦးနှင့် ဆုံခဲ့ဖူးရာ သူသည် ‘ကိုလူထူး’ မဟုတ်သော်လည်း သူ့ဘ ဝမှာ ထူးခြားချက်အချို့တော့ ရှိနေခဲ့ ပါသည်။ သူသည် အနေအထိုင်ရိုး၊ အပြောအဆိုရိုးသော်လည်း သူ့ဇနီး ဆရာကတော်ကတော့ အနေအထိုင် လည်း ဆန်း၊ အပြောအဆိုလည်း ဆန်းသဖြင့် ကျွန်တော်တို့ သင်တန်း သားလူပျိုတွေမှာ ‘ကံကြီးထိုက်’ မှာ စိုးသောကြောင့် ဆရာကတော်ကို ခပ်ဝေးဝေးမှ ရှောင်ခဲ့ကြရပါသည်။ မရှောင်နိုင်သော လူ့သရမ်းတွေတော့ နာမည်ပျက်ပြီး သင်တန်းမှ ထုတ်ပယ် ခြင်းခံခဲ့ကြရပါသည်။ ဇနီးက သပွတ် အူလိုက်နေသော်လည်း ဆရာသည် အနေအစား၊ အသွားအလာ မပျက် ဘဲ ဥပုသ်မှန်မှန်စောင့်၊ ပုတီးမှန်မှန် စိပ်လျက်၊ သင်တန်းတွင် အရွှန်း ဖောက်မြဲဖောက်လျက်သာ ရှိခဲ့ပါ သည်။ သူသည် သာမညောင်ညတော့ မဟုတ်။ စက်မှုအင်ဂျင်နီယာပညာကို ဂျာမနီ (ထိုစဉ်က ဂျီဒီအာGDR  ခေါ် အရှေ့ဂျာမနီ)မှာ သင်ယူဆည်း ပူးခဲ့သူဖြစ်သည်။

“သူတို့ဓလေ့ကတော့ အံ့စရာပဲ ကိုယ့်လူ၊ ငါတို့ သင်တန်းတက်ရတဲ့ စက်ရုံကြီးမှာ ယောက်ျားမိန်းမဝန် ထမ်း ၅ဝဝ လောက်ရှိကြတယ်။ စနေ ညတိုင်းပါတီပွဲလုပ်ကြတယ်။သောက် ကြစားကြ၊ ကကြခုန်ကြပေါ့။ တချို့ ဆို ပါတီပွဲပြီးတာနဲ့ မယားချင်းလဲပြီး အိမ်ပြန်သွားကြကရော၊ တနင်္လာ နေ့ အလုပ်ပြန်ဖွင့်တော့ မယားတွေ က ကိုယ့်လင်ဆီ ကိုယ်ပြန်လာကြပြီး ဘာမှမဖြစ်ခဲ့သလို ရယ်လားမောလား နဲ့ နေကြပြန်ကရော။ ယောက်ျားချင်း လည်း မျက်နှာပြောင်ပြောင်နဲ့ အခင် မင်မပျက်ကြဘူး”

ဆရာက သို့ကလိုပြောပြနေစဉ် ၌ ကျွန်တော်တို့သည် ပြုံးချင်ကြပါ သော်လည်း ဆရာ့ကို အားနာငဲ့ညှာ သောကြောင့်မပြုံးဖြစ်ခဲ့ကြပါ။ ဆရာ က ဆက်ပြောသေးသည်။

“ငရို့ဆီမှာ မယားချင်းခဏလဲ ဖို့ မပြောနဲ့။Touch my wife and see the knife မယားထိ ဓားကြည့် ဆိုပြီး ကိုယ့်မယား သူ့မယားကြာကြာ ကြည့်ကြည့်ရုံနဲ့ တုတ်ဆွဲဓားဆွဲတွေ ဖြစ်ကုန်ပြီး အလောင်းချင်းထပ်ကုန် တော့မှာ …”

ဆရာကတော့ သူ့ကိုယ်သူ ဂျာ မန်လူမျိုးတစ်ယောက်ဟုများ မှတ် ယူနေသလား မသိတော့ပါ။ အော် …ထူးလည်း ထူးတဲ့ဆရာ …။
တကယ်ထူးတဲ့ ကိုလူထူးက တော့ မြေလတ်ဒေသသား စစ်ပြန်ကြီး ဦးဘညိုဖြစ်သည်။ အသားနက်ကြုတ် ကြုတ် အရပ်ပုပု၊ ခန္ဓာကိုယ်ကျစ် ကျစ်လျစ်လျစ်၊ မျက်စိပေါက်ကျဉ်း ကျဉ်း အမြဲတမ်းဆေးတံခဲလို့ သူနှင့် တစ်ရပ်ကွက်တည်း နေထိုင်ပါသော် လည်း မျက်နှာထားတင်းလွန်း တစ် ရပ်ကွက်လုံးက လူတွေနှင့် အစေးမ ကပ်သူဖြစ်ရာ သူ့ကို ‘ဗျူး’ဖို့ အခွင့် အရေးကို အကြာကြီးစောင့်နေခဲ့ရ သည်။ ကံအားလျော်စွာ ‘ဗျူး’ခွင့်ရ သောအခါ တကယ်ထူးသည့် ကိုလူ ထူးကြီး ဖြစ်မှန်းသိခဲ့ရပါသည်။

“ငါက မိဘမဲ့ကွ။ ဆွေမျိုးတွေ လက်ပေါ်မှာ ကြီးပြင်းခဲ့ရတာ။ မိဘ မဲ့တာတစ်ခုတော့ ကောင်းသကွ။ ကိုယ်ကြောက်ရမယ့်သူ နှစ်ယောက် လျော့သွားတာပေါ့ကွာ။ လောကမှာ ကြောက်ရမယ့်သူတွေများလှသကွာ။ ကိုယ့်ကိုကြောက်တဲ့သူဆိုလို့ ကိုယ် မွေးထားတဲ့ခွေးနဲ့ နွားပဲရှိတော့တယ်” ဟု ဦးဘညိုက မျက်နှာတည်ကြီးဖြင့် ပြောသည်။

“ငါဟာ အရွယ်ရောက်စ ပြုက တည်းက လယ်သမားဘဝကို အလို လို ချစ်ခင်မြတ်နိုးနေသကွ။ ဘာပြု လို့မှန်း မသိပါဘူးကွာ။ သို့ပေမယ့် ကိုယ်ဖြစ်နေတာက သူတစ်ပါးအိမ် မှာ ထမင်းစား ကျွန်ခံနွားကျောင်း သား၊ နွားကျောင်းသားဘဝကနေ ရှေ့တက်ရင် အလွန်ဆုံး လယ်ကျွန် ယာကျွန် သူရင်းငှား လယ်ကူလီပဲ ဖြစ်မယ်။ သည်တော့ ငါစိတ်နှလုံး တုံးတုံးချပြီး ရွာက ထွက်ပြေးတော့ တာပဲ။ ရွာကနေ မိုင် ၂ဝ လောက် ဝေးတဲ့ တပ်မတော်တပ်ရင်းတစ်ခုဆီ အရောက်ပြေးတာ။ လယ်သမားမဖြစ် ရတဲ့ အတူတူ စစ်သားလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ စစ်သားလုပ်ရင်း ငွေစုမယ်၊ တပ်ကထွက်ရင် လယ်ယာ ကျွဲနွားတွေ ဝယ်ပြီး လယ်သမားဘဝ ကိုခံယူမယ်လို့ ဆုံးဖြတ်ထားတာ။ အခု ငါဆုံးဖြတ်ထားတဲ့အတိုင်း အသက် ၆ဝ မှာ ငါဟာလယ်ပိုင်၊ နွားပိုင်နဲ့ ရန် ကုန်နဲ့သိပ်မဝေးတဲ့နေရာမှာ လယ် သမားကြီးဖြစ်နေပြီ …”

“လယ်သမား ဘာကြောင့်ဖြစ် ချင်ခဲ့တာလဲ ခင်ဗျ”ဟု ကျွန်တော်က မေးမြန်းခဲ့ပါသည်။

“မင်းကော …ဘာကြောင့် စာရေးဆရာဖြစ်ချင်ခဲ့တာတုန်း”ဟု သူက ပြန်မေးသောအခါ ကျွန်တော် အဖြေရကျပ်သွားသည်။ ကျွန်တော် ငိုင်သွားစဉ် သူက …
“မင်းတို့ စာရေးဆရာတွေက ပြည်သူလူထု ထမင်းစားရအောင် လုပ်မပေးနိုင်ကြပါဘူးကွာ။ မြန်မာ နိုင်ငံက ပြည်သူလူထုကို တကယ် ထမင်းကျွေးနေတာက ငါတို့ လယ်သ မားတွေကွ၊ ဒါကြောင့် အစိုးရက ငါ တို့ကို ကျေးဇူးရှင်ဦးကြီးများလို့ ခေါ် ကြတာ။ မင်းတို့ကို ကျေးဇူးရှင်စာရေး ဆရာကြီးများလို့ ဘယ်သူက ခေါ်သ လဲဟင်၊ ဖြေစမ်းပါဦးကွ”

ဦးဘညို၏ မေးခွန်းကို ကျွန် တော်မဖြေနိုင်ပါ။ ဦးဘညိုက သေ စာရှင်စာလောက်သာတတ်သူမို့၊ စာ ပေအနုပညာအကြောင်း ပြောလျှင် နကန်းတစ်လုံးမျှ သဘောပေါက်မှာ မဟုတ်ပါ။ သူက သူ့ကိုယ်သူ လယ် သမားဖြစ်သည့်ပြင်၊ မြန်မာနိုင်ငံ၏ ကျေးဇူးရှင်အထက်တန်းစား လူသား ကြီးအဖြစ် စွဲမြဲပြင်းထန်စွာ ခံယူထား ပုံရသည်။

သူသည် လုံ့လဝီရိယကြီးသဖြင့် သူ၏ လယ်ယာလုပ်ငန်းအောင်မြင်ပါ သည်။ ဇနီးနှင့် သမီးပျိုကလည်း အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကြ သည်။ အကြီးဆုံးသားကိုတော့ ကျောင်းမထားဘဲ ၁ဝ နှစ်သား လောက်မှာ မန္တလေးက နာမည်ကျော် စာသင်တိုက်ကြီးသို့ ပို့ဆောင်ပြီး သာ သနာ့ဘောင်သွတ်သွင်းလိုက်ရာ၊ ငယ်နာမည် ‘ကုလား’ခေါ် စန်းဝင်းဆို သော ကောင်ကလေးသည် နောင်အ ခါမှာ ‘စာတတ် ကျမ်းတတ်’ အသျှင် စန္ဒသူရိယ”ဘွဲ့ဖြင့် ရဟန်းတစ်ပါးဖြစ် လာသည်။
“သားရဟန်းအတွက် ဂုဏ်မယူ ဘူးလား ခင်ဗျ”ဟု ကျွန်တော်က စပ် စုပြန်သည်။

“ယူပါဘူးကွာ၊ ယူစရာ မလိုပါ ဘူး လယ်သမားဖြစ်ခဲ့ရင် ငါဂုဏ်ယူ မှာပေါ့။ သူက လယ်သမားမှ မဟုတ် တာ၊ လယ်သမားသာလျှင် အထက် တန်းစားကွ”ဟု ဦးဘညိုက မိန့်ကြား ပါလေသည်။

ဦးဘညိုကို စတင်တွေ့ရှိက တည်းက နှစ်ကာလကြာလာသည် အထိ။ သည်လူကြီး၏ခြေထောက် မှာ ဖိနပ်မတွေ့ဖူးပါ။

“ဦးဘညို …ဘာကြောင့် ဖိ နပ်မစီးတာလဲ …”

“ငါ ရန်ကုန်ရောက်စက သား ရေဖိနပ်တစ်ရန်ဝယ်စီးတယ်။ ဈေးက လည်း ကြီးမှကြီး၊ သုံးရက်ပဲ စီးရ သေးတယ်။ ခေါင်ပြုတ်ထွက်သွား ရော။ အဲဒီကတည်းက ရန်ကုန်က ဖိနပ်တွေကို သပိတ်မှောက်တဲ့ အနေ နဲ့ရော ကိုယ့်ကိုယ်ကိုယ် ဒဏ်ခတ်တဲ့ အနေနဲ့ပါ ငါဖိနပ်မစီးတော့တာ ဒီက နေ့အထိပဲ။ သေတဲ့အထိ ဖိနပ်မစီး တော့ဘူးကွာ”ဟု ပြောခဲ့သည့်အတိုင်း သူကွယ်လွန်သည်အထိ ဦးဘညို ဖိနပ်စီးသည်ကို မတွေ့ခဲ့ရပါ။

တစ်နေ့သောအခါ ဦးဘညိုကို သူဝတ်နေကျ အကွက်သာပဲ ရှိတော့ သည့် လယ်သမားပုဆိုးကြမ်းတို့ကို ဝတ်လျက် အောက်ခံအင်္ကျီဆို၍ စွပ်ကျယ်မျှပင် မပါရှိဘဲ ကိုယ်ပေါ် မှာ ပြောင်ပြောင်လက်လက်နှင့် အနက်ရောင်သားရေဂျာကင်ကြီးကို ရင်ဘတ်ဟပြဲနှင့် ဝတ်ထားကြောင်း တွေ့လိုက်ရပါသည်။ ဂျာကင်ကြီးက အသစ်စက်စက် ဖြစ်ပုံရသည်။ ကာ လပေါက်ဈေး တစ်သောင်းကျပ်တော့ ရှိမည်။ (ခုခေတ်ဆိုလျှင် ကျပ် တစ်သိန်းကျော်တန်ပေလိမ့်မည်။)

“ဦးဘညို ဂျာကင်ကအကောင်း စားအပျံစားကြီးပါကလား” ဟု ကျွန် တော်က အရိုးခံအတိုင်း ပြောလိုက် သော်လည်း သူက မျက်မှောင်ကြုတ်၊ နှုတ်ခမ်းမဲ့သည်။

“ခေါင်းရင်းအိမ်က ပင်စင်စား ကျောင်းဆရာကြီးက ဖလန်နယ်အ နွေးထည်အသစ်ကလေးဝတ်ပြီး ငါ့ အသိရှေ့မှာ လမ်းသလားနေတယ်။ တွေ့တဲ့သူတိုင်း သူ့အနွေးထည်က တစ်ထောင်ကျော်ပေးရတယ်လို့ လက်မထောင်ပြီး ကြွားနေတယ်။ အဲ့ လူကြီးကို မခံချင်တာနဲ့ တစ်သောင်း ကျော်တန် ဂျာကင်ကြီးကို ငါသွား ဝယ်တာ၊ ဒါကြီးကိုဝတ်ပြီး ငါအခု လယ်ထဲမှာ အလုပ်လုပ်တယ်။ ရာသီ သုံးပါးစလုံး ဝတ်နေမကွာ …”
ဦးဘညိုက သူ့စကာစး သူအတိ အကျ လိုက်နာပါပေသည်။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*