အိန္ဒြာကျော်ဇင် ဖန်တီးပေးတဲ့ Birthday Surprise ကြောင့်ဝမ်းသာပျော်ရွှင်နေသူ မေတိုးခိုင်

အိန္ဒြာကျော်ဇင် ဖန်တီးပေးတဲ့ Birthday Surprise ကြောင့်ဝမ်းသာပျော်ရွှင်နေသူ မေတိုးခိုင်
May 15, 2018 Leanne Win
အိန္ဒြာကျော်ဇင် ဖန်တီးပေးတဲ့ Birthday Surprise ကြောင့်ဝမ်းသာပျော်ရွှင်နေသူ မေတိုးခိုင်

 

မော်ဒယ်သရုပ်ဆောင် မေတိုးခိုင်ရဲ့ မေလ၇ရက်နေ့ကကျရောက်ခဲ့တဲ့ အသက်၂၃နှစ်ပြည့် မွေးနေ့အတွက် ရွှေပြည်သာမြို့နယ်က လိုတရ ဟင်္သာတဘုန်းကြီးကျောင်းမှာ မွေးနေ့အလှူကို သွာရောက်ပြုလုပ်ခဲ့ပါတယ်။မွေးနေ့အလှူ အဖြစ်ကျောင်းထိုင် ဆရာတော်ကို ၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သလို မိဘမဲံ့ကလေး၄၅၀ဦးကို အစားအစာများ အသုံးအဆောင်များနဲ့ ဆေးဝါးပစ္စည်းများကိုပေးအပ်လှူဒါန်းခဲ့ပါတယ်။မွေးနေ့ညပိုင်းမှာတော့ အဒေါ်ဖြစ်သူအိန္ဒြာကျော်ဇင်က တူမမေတိုးခိုင်ကို  မွေးနေ့ Surprise လေး ဖန်တီးပေးခဲ့ပါတယ်။အဒေါ်ရဲ့ Birthday Surprise ကြောင့် လုံးဝကိုမထင်မှတ်ထားတဲ့ Surprise ပေါ့နော်။တီဝဲတို့ လုပ်ပေးတာ။တီဝဲလုပ်ပေးတဲ့ Surprise ပုံစံက ညီမက ညနေလောက်မှာ သူငယ်ချင်းတွေနဲ့ ဘုရားသွားတယ်။ြ့ပီးတော့ သူတိုကတွေက အဲဒီအစီအစဉ်ကိုသိနေပြီ။ညီမက မသိသေးဘူး။တီဝဲက ညစာသွားစားမယ်တဲ့ အဲဒါ့နဲ့ ညီမကို ဘယ်ဆိုင်မှာစားမလဲ တောက်လျှောက်မေးနေတာ။အဲ့ဒါနဲ့ ညီမကလည်း ကိုက်တဲ့ဆိုင်ကိုစီစဉ်လို့ပြောလိုက်တာ။

အဲ့ဒါနဲ့ သူငယ်ချင်းတွေက ညီမတွေခေါ်သွားတယ်။အဲ့ဒီအချိန်က ညီမကတော့မိသားစုတွေနဲ့ပဲဒင်နာစားမယ်ထင်တာပေါ့နော်။နောက်တော့ မှ သူငယ်ချင်းတွေအကုန်လုံးက ရောက်လာတယ်။တီဝဲက သူငယ်ချင်းတွေအကုန်လုံး ညီမခင်တဲ့သူတွေအကုန်လုံးကိုခေါ်ထားတာ။ ညီမချစ်တဲ့သူတွေ အကုန်လုံးရှိနေတဲ့အတွက် တီဝဲရဲ့Surprise ကိုတကယ်ပျော်ရပါတယ်။တီဝဲဆီကရတဲ့ လက်ဆောင်ကတော့ ဒါလေးပေါ့နော်။ဒီလက်ဆောင်လေးကတင် ညီမအတွက်တော်တော့်ကို အကြီးဆုံးလက်ဆောင်လေးတစ်ခုပါ။သူငယ်ချင်းတွေဆီကရော Fan တွေဆီကပါ လက်ဆောင်ကတွေ အများကြီး ရပါတယ်။ အခုလို Surprise လုပ် ပေးတဲ့ တီဝဲကိုကျေးဇူးတင်အများကြီးတင်ပါတယ်။နောင်နှစ်တွေမှာလည်း လုပ်ပေးပါလို့ ။သူငယ်ချင်းတွေနဲ့ Fan တွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ မေတိုးခိုင်က ပြောပြခဲ့ပါတယ်။သူ့ရဲ့ We love Fan များက လည်းမေလ ၆ရက်နေ့က ရွှေဂုံတိုင်ရှိ Mary Brown မှာ မေတိုးခိုင်ကို မွေးနေ့အကြို Birthday Surprise လုပ်ပေးခဲ့ကြပါတယ်။

ဇင်မာနွယ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*