သားနှစ်ယောက် လျှောက်လှမ်းချင်တဲ့ လမ်းကို ပံ့ပိုးပေးသွားမယ့် သရုပ်ဆောင် ငှက်ပျော်ကြော်

သားနှစ်ယောက် လျှောက်လှမ်းချင်တဲ့ လမ်းကို ပံ့ပိုးပေးသွားမယ့် သရုပ်ဆောင် ငှက်ပျော်ကြော်
May 15, 2018 AsianFame MediaGroup
သားနှစ်ယောက် လျှောက်လှမ်းချင်တဲ့ လမ်းကို ပံ့ပိုးပေးသွားမယ့် သရုပ်ဆောင် ငှက်ပျော်ကြော်

”ကျွန်တော်က သူရင်ခုန်အောင် ဆိုပြီး Surprise တို့ဘာတို့ လုပ်ခဲ့တာမျိုးတော့မရှိဘူး။ ဒါပေ မဲ့ တစ်ခါတလေ ကျွန်တော့်ရဲ့အပြုအမူ အနေအထိုင်အပြောအဆိုက သူသဘောကျသွားတာ လေးတွေရှိတယ်” လို့ ဇနီးဖြစ်သူအပေါ် ရင်ခုန်စိတ်လှုပ်ရှားအောင် ဘယ်လို Surprise တွေ ပြုလုပ်ပေးဖြစ်လဲဆိုတဲ့အမေးကို သရုပ်ဆောင် ငှက်ပျော်ကြော်က ပြန်လည်ဖြေကြားခဲ့ တာပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ယောက်မှာ စိတ်ကောက်တာ အများဆုံးက ဦးငှက်ပျော်ကြော်ပဲဖြစ်တယ်လို့ သိရပြန်ပါတယ်။

”ကျွန်တော်က ပိုပြီးစိတ်ကောက်တာများတယ်။ ငယ်ငယ်ကတည်းက ကိုကောက်တယ်။ စိတ်ကောက်ပြီဆိုရင် စကားမပြောတော့ဘူး။ ကျွန်တော့် အမေဆိုရင် အမြဲမေးတယ်။ နင်ဘာဖြစ်နေတာလဲပေါ့။ ကောက်လို့ဝမှ ပြန်ဖြောင့်တာ။ ဒါပေမဲ့ အိမ်ထောင်ကျတော့ သိပ် စိတ်မကောက်တော့ပါဘူး။ ဒါပေမဲ့ သူကလည်း ကျွန်တော့်ကို မချော့ပါဘူး။ သိပ်မချော့တတ်ဘူး။ ကျွန်တော်က စိတ်ကောက် နေတာပဲရှိတယ်။ သူကတော့ သာသာယာယာပဲ။ ပြီးရင်ကိုယ့် ဘာသာကိုယ် ပြန်ဖြောင့်ရတာပဲ (ရယ်လျက်)”လို့ ဦးငှက်ပျော ကြော်က ပြောပါတယ်။ သူက သားနှစ်ယောက်ကိုတော့ အလို လိုက်လေ့ရှိပြီးသားတွေ သွားချင်တဲ့နေရာတွေဆီကိုလည်း အမြဲ တမ်းလိုက်ပို့ပေးလေ့ရှိတယ်လို့ သိရပြန်ပါတယ်။ သားနှစ် ယောက်က ကျောင်းတက်နေဆဲဖြစ်တဲ့အတွက် သူတို့ဘာ ဝါသနာပါလဲဆိုတာကိုတော့ စောင့်ကြည့်နေရဆဲပဲဖြစ် ပြီး သူတို့ လျှောက်လှမ်းချင်တဲ့လမ်းကို လျှောက်ခွင့်ပေးမှာဖြစ်ပြီး ဖခင် တစ်ယောက်အနေနဲ့ကတော့ သူ့အနေနဲ့ ဘယ်လမ်းလျှောက်ပါ ဆိုပြီး အတင်းလျှောက်ခိုင်းမှာမဟုတ်ဘဲ အနုပညာဘက်လျှောက် မယ်ဆိုရင်လည်း သူကတော့ ပံ့ပိုးပေးသွားမယ်လို့ ပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*