လူရွှင်တော်အောင်သော်တို့ GMW လူမှုကယ်ဆယ်ရေးအသင်းဝင် ညီနောင်များ စုပေါင်းရဟန်းခံ

လူရွှင်တော်အောင်သော်တို့ GMW လူမှုကယ်ဆယ်ရေးအသင်းဝင် ညီနောင်များ စုပေါင်းရဟန်းခံ
May 15, 2018 AsianFame MediaGroup
လူရွှင်တော်အောင်သော်တို့ GMW လူမှုကယ်ဆယ်ရေးအသင်းဝင် ညီနောင်များ စုပေါင်းရဟန်းခံ

လူရွှင်တော်အောင်သော် တည်ထောင်ထားတဲ့ GMW လူမှုကယ်ဆယ် ရေးအသင်းဝင် ညီနောင်များက မေလ ၈ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန် တွံတေးမြို့၊ မောင်းတီးစေတီတော်အနီး မောင်းတီးဘုန်းတော်ကြီးကျောင်းမှာ သံသရာမှ လွတ်ကြောင်းစိတ်ရည်သန်ပြီးတော့ မြင့်မြတ်တဲ့ ရဟန်းဘဝထဲသို့ ဝင်ရောက်ခဲ့ပါတယ်။ လူရွှင်တော်အောင်သော်အနေနဲ့ မွေးနေ့အမှတ်တရရ ဟန်းခံခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ လူရွှင်တော်အောင်သော်က GMW လူမှုကယ်ဆယ်ရေးအသင်းကို တည်ထောင်ကာ ပြည်သူများအတွက် အခမဲ့ လူနာတင်ယာဉ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ပေးလျက်ရှိ နေပါတယ်။ ဒီလိုပြုလုပ်ဖြစ်ခြင်းကလည်း သူ့ရဲကျေးဇူးရှင်ပရိသတ်တွေကို ပြန်လည်ကျေးဇူး ဆပ်ခြင်း ဖြစ်တယ်လို့ သိရပြီး လူနာတင်ယာဉ်တွေကိုလည်း သူကိုယ်တိုင် မောင်းနှင်ကာ လိုက်လံပို့ဆောင်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် သူတို့အသင်းအနေနဲ့ ထိန်ပင်အမှိုက်ပုံ မီးလောင်မှု ငြှိမ်းသတ်ရာတွင်လည်း မီးသတ်သမားများဆီ သွားရောက်ကာ ကူညီဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သမျှကိုလည်း ပါဝင်လုပ်ဆောင် ခဲ့ကြတယ်လို့ သိရပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*