ဇာတ်ကားရိုက်ကူးမှု ကျဲသွားရခြင်းအကြောင်း ၀တ်မှုန်ရွှေရည်ပြောပြ

ဇာတ်ကားရိုက်ကူးမှု ကျဲသွားရခြင်းအကြောင်း ၀တ်မှုန်ရွှေရည်ပြောပြ
May 15, 2018 Leanne Win
ဇာတ်ကားရိုက်ကူးမှု ကျဲသွားရခြင်းအကြောင်း ၀တ်မှုန်ရွှေရည်ပြောပြ

သရုပ်ဆောင် ၀တ်မှုန်ရွှေရည်တစ်ယောက်ဒီအတောအတွင်း မှာ ဇာတ်ကားရိုက်ကူးမှု တွေ အနည်းငယ်ကျဲသွားခဲ့ပါတယ်။အခုလိုဇာတ်ကားရိုက်ကူးမှု ကျဲသွားရခြင်းက…

ဇာတ်လမ်းရွေးချယ်မှုကြောင့်ပါ။တော်တော်များများလာတဲ့ ဇာတ်ကားတိုင်းကို လက်မခံဖြစ်ဘူး။ကိုယ့်စိတ်ကြိုက် ရွေးရင်းရွေးရင်း ပြင်ရင်းပြင်ရင်းနဲ့မရိုက်ကူးဖြစ်တော့တာပေါ့နော်။ရိုက်ကူးရင်တော့ ဇာတ်ကားတစ်ကားဆိုရင် တစ်ကားဆိုသလောက်ကို အချိန်တော်တော်ပေးပြီးမှ ပြင်ဆင်ပြီး ရိုက်ကူးဖြစ်တော့မယ်”လို့ ၀တ်မှုန်ရွှေရည်ကပြောပါတယ်။ဇာတ်ကားတွေ ဇာတ်လမ်းပုံစံတွေကိုအသက်အရွယ်ကြောင့် ရွေးချယ်နေတာလားဆိုတော့ ၀တ်မှုန်ရွှေရည်က….

” အသက်အရွယ်ကြောင့် ကာရိုက်တာတွေကို ရွေးချယ်တာမဟုတ်ပါဘူး။ရိုက်ကူးရတဲ့ နေရာတစ်ခုရလာတဲ့အချိန်မှာ ရိုက်ကူးလာရတဲ့ ဇာတ်လမ်းတွေပုံစံတွေ က များလာတဲ့ အခါကျတော့ ကိုယ့်ကိုယ်ကိုရင်ခုန်စေမယ့်ဇာတ်ကားပုံစံမျိုးကိုပိုပြီးတော့ ဦးစားပေးတာပေါ့နော်။ပရိသတ် တွေကို ကြိုပြောချင်တာက ကစ်ထူးထူးခြားခြား လုပ်ဖို့ရှိတယ်။live တွေလွှင့်ရင် သေသေချာချာနားထောင်ထားပါပေါ့နော်” လို့ပြောပါတယ်။ဒီကာလအတွင်းမှာ ဇာတ်ကားရိုက်ကူးမှု တွေရပ်နားထားတဲ့ သူမက မေလကုန်ပိုင်းလောက်မှာတော့ မြင့်မြတ် နဲ့ ဇာတ်ကားတစ်ကားမှာ ပါဝင်ရိုက်ကူးဖို့ရှိနေပါတယ်။ဒီဇာတ်ကားက အချစ်ရို့မန့်ဇာတ်ကားအမျိုးအိစားဖြစ်ပြီး အိန္ဒိယနိုင်ငံ ဒါရိုက်တာနဲ့ ရိုက်ကူးသွားမှာဖြစ်ပါတယ်။

ဇင်မာနွယ် 
ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*