ဆင်ဆာနဲ့ပတ်သက်လို့ စည်းမျဉ်း၊ စည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ သိထားဖို့တော့လိုပါမယ် ရုပ်ရှင်ဥက္ကဋ္ဌ ဦးဇင်ဝိုင်း

ဆင်ဆာနဲ့ပတ်သက်လို့ စည်းမျဉ်း၊ စည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ သိထားဖို့တော့လိုပါမယ် ရုပ်ရှင်ဥက္ကဋ္ဌ ဦးဇင်ဝိုင်း
May 15, 2018 AsianFame MediaGroup
ဆင်ဆာနဲ့ပတ်သက်လို့ စည်းမျဉ်း၊ စည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ သိထားဖို့တော့လိုပါမယ် ရုပ်ရှင်ဥက္ကဋ္ဌ ဦးဇင်ဝိုင်း

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက မျိုး ဆက်သစ်အနုပညာသမားလူငယ် တွေနဲ့ မြန်မာနိုင်ငံမှာ တွေ့ဆုံခဲ့ပြီး သူတို့တွေရဲ့ အတွေ့အကြုံ၊ အခက် အခဲစတာတွေကို ပြောဆိုဆွေးနွေး ခဲ့ကြတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

”တွေ့ဆုံတဲ့အခါမှာ Main Stream ထဲမှာ ရှိနေတဲ့ တတ်သစ်စ လူငယ်ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းရေးဆရာ လူငယ်တွေအပြင်လွတ်လပ်စွာနဲ့ ရုပ်ရှင် ဖန်တီးနေကြတဲ့ ရုပ်ရှင် Independent Film Maker သမားတွေ အပါအဝင် လူငယ်မျိုးဆက်သစ် ၅ဝ လောက်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ခရီးလွန်နေလို့ လာမတက်နိုင်ခဲ့တဲ့ ကလေးတွေလည်း ရှိခဲ့ပါတယ်။ အပြန်အလှန် ပူးပေါင်းကူညီဆောင်ရွက်ဖြေရှင်းသွား ကြဖို့တွေလည်း ပြောခဲ့ကြတယ်။ သူတို့တွေနဲ့ တွေ့ဆုံတော့ ဘာတွေပြောဖြစ်ခဲ့ကြသလဲဆိုရင် တချို့က လက်ရှိ ရုပ်ရှင်လောက ဘယ်လိုအခြေအနေနဲ့ ဖြတ်သန်းနေရတယ် ဆိုတာကိုမသိကြဘူး။ အဓိကက ဆင်ဆာပေါ့။ ဆင်ဆာက ဘယ်အချက်တွေနဲ့ ဖြတ် တောက်မှန်း သူတို့ မသိဘူး ဖြစ်နေတာ။ ကြိုတင် မလေ့လာလိုက်မိတာ တွေပေါ့။ ဆင်ဆာကို အရင်မလေ့လာမိဘဲ ရိုက်ကူးလိုက်မိကြတယ်။ ရိုက်ကူးလိုက်တဲ့အခါကျတော့ အခက်အခဲ တွေ တွေ့လာတယ်။ ဖြတ် တောက် တာတွေ ရှိလာတယ်။ အဲဒီလိုမှုတွေ ဘယ်လိုဘယ်နည်းရှိတယ် ဆိုတာကို ဦးဌေးတို့ဘက်က သေချာရှင်းပြပါ တယ်။ ဆင်ဆာ ဆိုတာအရင်တုန်းက ဘယ်လိုရှိခဲ့တယ်။ ၂ဝ၁၂ ခုနှစ်တုန်း က ဆင်ဆာကို ဘယ်အဆင့်အထိ လျှော့ချပေးခဲ့တယ်။ သို့သော် ဘယ်အဆင့် ဘယ်အဆင့်တွေတော့ ကျန်နေသေးတယ်။ ဒါတွေကို နိုင်ငံတကာ Rating စနစ်ဖြစ်အောင် သွားဖို့ ဘယ်လို ကြိုးပမ်းနေတယ်ဆိုတာကို ရှင်းပြပါတယ်။ နောက်တစ်ခုက ရုံ တင်တဲ့စနစ်ကတော့ ဘယ်လိုရှိနေခဲ့ တယ်။ အခုအခက်အခဲကတော့ ဘယ်လိုဆိုတာကို ရှင်းပြတယ်။ ဒါ တွေကတော့ လောကသားတိုင်းတွေ့ ကြုံနေရတဲ့အခက်အခဲဖြစ်တယ်။ ဒါတွေကို ရုပ်ရှင် အစည်းအရုံးအနေနဲ့ ဘယ်လိုမျိုး ဖြေရှင်းပေးနေပါတယ် ဆိုတာတွေက အစ အကုန်ပြောပြပေး ခဲ့ပါတယ်။ ပြောပြမှ သူတို့တွေလည်း သိခဲ့တယ်။ နို့မို့ဆိုရင် ဆင်ဆာနဲ့ ပတ်သက်လို့လည်း တိတိကျကျ မသိပဲ ဖန်တီးလိုက်တယ်။ ထုတ်လုပ်သူ တွေအနေနဲ့ကျတော့ သူတို့ ရုပ်ရှင်ရုံ တင်လို့ မရတဲ့အခါမှာ သူတို့နဲ့ တိုက်ရိုက်မပတ်သတ်တော့သူတို့မသိဘူး ဖြစ်ကုန်တာပေါ့။ ဒါလေးတွေကို လည်း ရှင်းပြပါတယ်။ ဒါတွေကို ပူး ပေါင်း ဖြတ်ကျော် ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကိုလည်း သူတို့နဲ့ တိုင် ပင်ဆွေးနွေးပါတယ်” လို့ ပြောပြပါတယ်။

အဲဒါကြောင့်လည်း ရုပ်ရှင် ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကို လူငယ်မျိုးဆက် တွေအနေနဲ့ ဆင်ဆာနဲ့ ပတ်သက်ပြီး မသိလိုက်တာမျိုး မဖြစ်သွားအောင် ဘာတွေလုပ်ဖို့လိုမလဲ ဆိုတာကို တော့ ”အမှန်တော့ ဥပဒေတစ်ရပ် ဆိုတာ တည်ဆဲဥပဒေတစ်ရပ်ဆိုတာ ကျွန်တော်တို့ ကြိုက်ခြင်း မကြိုက်ခြင်း ဘေးဖယ်ထားလိုက်ပါ။ ကျွန်တော်တို့က လိုက်နာရမှာပါပဲ။ ဒီဥပဒေကို မကြိုက်ရင် ကျွန်တော်တို့ ပြုပြင်ဖို့ကြိုးစားရမယ်။ ပြုပြင်ဖို့ ကြိုးစားနေဆဲကာလမှာ မပြုပြင်နိုင်ခင် တည်ဆဲဥပဒေဆိုရင်တော့ ကျွန်တော်တို့ လိုက်နာကြရမယ်။ ဥပဒေနဲ့ သွေဖည် သွားပြီး ဆိုရင်တော့ ကျွန်တော်တို့လည်း ဘာမှလုပ်ပေးလို့ မရပါဘူး။ အဲဒီတော့ လက်ရှိ ရှိထားတဲ့ စည်း မျဉ်းစည်းကမ်းတွေ လုပ်ထုံးလုပ် နည်းမှုတွေ၊ နည်းဥပဒေတွေကို သိ ထားဖို့တော့ လိုပါမယ်။ သိအောင်လည်း ကြိုးစားပေးပါ။ သိချင်ကြတာ ရှိရင်လည်း မြန်မာနိုင်ငံရုပ်ရှင်အ စည်း အရုံးကို အချိန် မရွေးလာပါ။ ကျွန်တော်ရှင်းပြပေးပါတယ်။နောက် ပြီးတော့ အခါအားလျော်စွာမှာလည်း ကျွန်တော်တို့ရဲ့ MMPO ဖေ့စ်ဘုတ်ခ် ပေ့ခ်ျမှာရော၊MMPO Website မှာကော ဒါတွေကို တင်ပေးထားတာ ရှိပါတယ်။ ဝင်ရောက်လေ့လာလို့ ရပါတယ်” လို့ ရုပ်ရှင်ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပြပေးခဲ့ပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*