တယောကြိုးမျှင်ပေါ်က လွတ်ကျသွားသောအရောင်

တယောကြိုးမျှင်ပေါ်က လွတ်ကျသွားသောအရောင်
May 7, 2018 Leanne Win
တယောကြိုးမျှင်ပေါ်က လွတ်ကျသွားသောအရောင်

…​ကောင်​မ​လေးမှာ ရိတ်​သိမ်းလို့ရ​နေပြီဖြစ်​တဲ့ ဆံနွယ်​ရှည်​​တွေ ပွင့်​​နေတယ်​ … တိုးတိတ်​တဲ့ အခန်းနံရံ​ပေါ်တွယ်​တက်​လာတဲ့အိပ်​မက်​တစ်​​ကောင်​ရဲ့အမြီးမှာ ဘယ်​သူ မှ ဖွင့်​မ​သောက်​ရ​သေးတဲ့ ဝိုင်​တစ်​ပု လင်းငြိ​နေခဲ့ …အရှိန်​နဲ့​ပြေးဖက်​လိုက်​တဲ့​​လေညှင်းရဲ့ ကုတ်သား​ပေါ် ရနံ့​တွေပဲ့ပါသွားသလိုမျိုး …ရို ကျိုးစွာ …တန်​ဖိုးထားမိခဲ့​သော ထိုကောင်​မ​လေးသည်​ …။

…အ​မေ​ပေးခဲ့တဲ့ ပဝါအနီ စ​လေးရဲ့​ထောင့်​စွန်းမှာ အ​မေ့​သွေး လို့ အမည်​​ရေးထိုးထားတဲ့စာတန်း​လေးရှိတယ်​ …မင်းချစ်​တဲ့​ကောင်​မ​လေးအတွက်​ အ​မေ့ရဲ့​သွေး​တွေပါ လို့​ပြောပြီး သူ့ရင်​အုံက​သွေးနဲ့စာ​ရေး ခဲ့တာ …​ကောင်​မ​လေးက အ​မေ့​သွေးနဲ့ထိုက်​တန်​ပါရဲ့လား …အ​မေ့ ကိုယ်​စား စဉ်းစား​ပေးရတယ်​။

…​ကော်​ပတ်​ရုပ်​​လေးတစ်​ခု ရှိတယ်​ …ဦး​နှောက်​ထဲမှာ သံရည်​ပူ​တွေပြိုကျ​နေပြီး…သူ့မျက်​လုံး​တွေကို တတိတိတိုက်​စား​နေတယ်​…သူ မ​ပျော်​ဘူးဆိုတဲ့အ​ကြောင်း သူ့သခင်​ကို သူ​ပြောဖို့ကြိုးစား​နေ တယ်​…အသံဟာ လည်​​ချောင်းထဲ မှာ လွှစက်​လို တဝီဝီနဲ့ … ဘာသာ စကား​တွေကို တိုက်​စား​နေတဲ့မြစ်​ထဲ …​အရုပ်​က​လေးခုန်​ချပြသွားတယ်​…လူ​တွေက​တော့ သူ့ကိုယ်​သူ သတ်သေသွားတဲ့ အရုပ်​မ​လေးရဲ့​မေတ္တာကိုချီးမွမ်းမဆုံးဘူး…တစ်​​နေ့​နေ့မှာ တွန့်ခေါက်​​နေတဲ့အိပ်​မက်​​တွေနဲ့အတူ ပြန်​လာလိမ့်​မယ်​လို့ ယုံ ကြည်​​နေကြတယ်​…သက်​ပြင်းကို မုန်​တိုင်းတစ်​ခုလိုချလိုက်​တယ်​…။

…ဘုရားသခင်​က သူစိမ်း ဆန်​တယ်​ …သူမရဲ့အိပ်​မက်​​တွေ ထဲ ခုထိ ​ချော်​ရည်​​တွေ​လောင်းထည့် နေတုန်းပဲ …သီချင်းတစ်​ပုဒ်​နဲ့ ထိ ကပ်​ဖွင့်​လိုက်​တဲ့နားစည်​​ပေါ် ကျိုးကျ သွားတဲ့ အလံ​တော်​မှာ အရိုး​ခေါင်း ပုံတံဆိပ်​နဲ့ …မိန်းမရိုင်းတစ်​​ယောက်​ရဲ့လက်​ဝါး​ပေါ်က စကားလုံး တစ်​ခုကို ကုတ်​ခြစ်​ထုတ်​ရတာ ပင်​ပန်းတယ်​ …ရှုံးမယ်​မှန်းသိသိနဲ့ အရင်းများများ စိုက်​ထားမိတဲ့လူလို မျိုး ကိုယ့်​ထည့်​ဝင်​မှုများ​လေ ပိုနစ်​နာလေ

…သစ်​ပင်​ကို ​ခေါင်းနဲ့ တိုက်​သလိုမျိုး ကိုယ့်​စိုက်​အားပြင်း​လေ ကိုယ့်​နာကျင်​မှုပို​လေ…​ကြေကွဲ ခြင်းက ဧည့်​သည်​လို အချိန်​လွန်​မှ​ရောက်​လာခဲ့တယ်​။

…​ဆောင်းက သူ့လက်​​အေး​အေးကြီးနဲ့ လက်​​မောင်းကို သပ်​ချ လိုက်​တယ်​…​အေးစက်​မှုဟာ ​ကောင်​မ​လေးရဲ့ရင်​ခုန်​သံထဲကထွက်​လာတဲ့ ဓာတုပစ္စည်းတစ်​ခုဖြစ်​ပြီး …ရှိုက်​သံက ရင်​ဘတ်​ကိုဖွင့်​ထွက်​လာတဲ့ ဂီတပဲ…မျက်​လုံးထဲမြစ်​​ချောင်း​တွေ အရှည်​လိုက်​ဝင်​သွားတဲ့ အခါ ​ခြေရာ​မှာကပ်​​နေတဲ့သဲ​သောင်​ရဲ့သတင်းက အတိတ်​ဆိုးပဲ …ဒို့ အ​ရေးလို့​အော်​ခဲ့တဲ့ပါးစပ်​မှာ ​ထောင်​ဝင်​စာ​တွေပလူပျံလို့…ငယ်​မူငယ်​​သွေး​တွေကို စနစ်​တကျ​သောက်​စို့ ကြီးပြင်းလာတဲ့​ခေတ်​က အပျိုဖြန်း​လေးလို စွဲမက်​ချင်​စရာပဲ …​ဗန်း ပိုင်းယား​တွေလို လူရည်​လူ​သွေးစုတ်​ယူကြီးထွားလာတဲ့လူတစ်​စုရဲ့လက်​​ပေါ်…​ခြေရာ​တွေဆန့်​ငင်​ဆန့်​ငင်​…​ကောင်​မ​လေးရဲ့ လက်​​မောင်း​ပေါ်က အသားမာသီး​လေးကလည်း ​ခေတ်​ရဲ့​ ဘေးထွက်​ဆိုးကျိုးတစ်​ခုပဲ …။

…ပြန်​မယ်​ဆိုပြီး ထပျံသွား တဲ့ အ​ရောင်​​တွေကို​ငေးကြည့်​​နေခိုက်​…မီးလုံးက မီးမလင်း​သေးဘူး …လက်​ဖျားကို ဂစ်​တာကြိုးနဲ့ ထိ လိုက်​တဲ့အခါ အသံဟာ ​ဂစ်​တာအိုး ထဲတစ်​ပတ်​လှည့်​ပြီး နားထဲ​ ဖောက်​ ဝင်​သွားတယ်​…အသံထဲမှာ အငို​ရောင်​စွတ်​စို​နေတဲ့ ရစ်​သမ်ေ​​တွ ပျံဝဲ …။
အိပ်​မက်​ထဲမှာ မှော်​ဆရာ အ ဘိုးအိုနဲ့​တွေ့တယ်​။ ပင်​လယ်​​ကွေ့ တစ်​​လျှောက်​ အပြာရင့်​​ရောင်​လက်​လက်ထ​နေတဲ့ ခရုရှည်​​လေး​တွေကို စုပုံပြီး ပိရမစ်​တစ်​ခုတည်​​ဆောက်​​ပေးဖို့​ တောင်းဆိုကြည့်​မိတယ်​။

မေတ္တာတရားဟာ လက်​ဖဝါးချင်း ထိမိရာကအစ မီးထပွင့်​တယ်​ဆိုတဲ့ စကားဟာ ယုံကြည်​စရာမ​ကောင်း​ပေမယ့်​ အ​ရေပြား​ပေါ်လာထိတဲ့အ​ငွေ့အသက်​က​လေးက​တော့ ကြည် ညိုချင်​စရာ။ ​ရေသူမမျက်​နှာသုံးဖက်​နဲ့ ပိရ မစ်​ပုံ​လေးရဲ့အတွင်းမှာ အပြာ ရောင်​ ခရုရှည်​​တွေ ထွန်းစိုက်​ထား တယ်​။ ကျေးဇူးတင်​ပါတယ်​ အဘိုးလို့ ​ပြောမိတယ်​ဆိုရင်​ပဲ အပြုံးတစ်​ခက်​က မျက်​လုံးသူငယ်​အိမ်​ထဲကို လာ စိုက်​တယ်​။ တစ်​ကိုယ်​လုံး ​ရေခဲ​ရေနဲ့ အ​လောင်းခံရသလိုမျိုး ပီတိအဟုန်​ အလင်းမျှင်​တန်းတယ်​။

တ​ရွေ့​ရွေ့ထွက်​ခွာသွားတဲ့ အ ဘိုးအိုရဲ့​ ကျောပြင်​ဟာ ​ဘော်​​ငွေ ရောင်​နှင်း​တွေ ရစ်​ဝိုင်း​နေတယ်​။ကျောပြင်​အ​ပျောက်​မှာ ​မှော်​ဆရာမ​လေးတစ်​​ယောက်​(တကယ်​က နတ်​သမီး​လေးတစ်​ပါးပါ) ထပ်​မံ​ရှင်​သန်​လာတယ်​။ နှုတ်​ခမ်းသားရဲရဲ​တွေ​ပေါ် မှာ အပြာရင့်​​ရောင်​သတ္တု​သောက်​​ရေ ခွက်​အသစ်​တစ်​လုံးလို ဖြူစင်​တဲ့ ​အ ရည်​​တွေ လဲ့​နေတယ်​။

“ပြန်​ကြမယ်​​လေ”
“ကျွန်​​တော်​က ပျံချင်​တာပါ။ ဂရိနတ်​ဘုရား​တွေလိုမျိုး ဟိုးမိုး​ကောင်းကင်​ခပ်​မြင့်​မြင့်​ဆီကို အ​တောင်​ပံ​တွေနဲ့ပျံသန်းချင်​တာပါ။ပြန်​​တော့မပြန်​ချင်​​သေးဘူး။ ပင်​လယ်​ ဟာ ခုထိ အပြာ​ရောင်​ကမ​ပြောင်း​သေးဘူး”

“စိတ်​ကူးယဉ်​ဆန်​လိုက်​တာ”
အသံကြားရာဆီကို အ​သေအ ချာကြည့်​လိုက်​​တော့ ကျွန်​​တော့်​ပတ်​ဝန်းကျင်​မှာ တိမ်​​တွေဖြစ်​ထွန်း​နေတဲ့ သစ်​ပင်​တစ်​ပင်​ပဲရှိတယ်​။ ကျွန်​​တော်​အိပ်​​ပျော်​​နေဆဲပဲရှိသေးတာလား။ ဒါ မှမဟုတ်​ အိပ်​မက်​က နိုးလာပြီလား အ​သေအချာမသိ။ အိပ်​မက်​ထဲက နတ်​သမီးပုံရုပ်​တုတည်​ရှိတဲ့ အပြာ​ရောင်​ကမ်း​ခြေက​ရော အပြင်​မှာ တ ကယ်​ရှိရဲ့လား။ မျက်​လုံး​တွေကိုပြန်​မှိတ်​ဖို့ပြင်​လိုက်​​ပေမယ့်​ မျက်​လုံး​တွေ ကမှိတ်​မိလျက်​သားဖြစ်​​နေပြန်​တယ်။ ဒါ​ပေမဲ့အသံ​တွေက​တော့ ကြား​နေ ရပြန်​တယ်​။

“ရှင်​မနိုးသေးဘူးလား”

“ကျွန်​​တော်​တစ်​ခါမှ မအိပ်​ဖူး​သေးဘူး။ ကျွန်​​တော်​အိပ်​ကြည့်​ချင်​တယ်​။ အိပ်​စက်​ခြင်းရဲ့ အရသာကို ခံစားထိ​တွေ့ကြည့်​ချင်​တယ်​။ အိပ်​မက်​ဆန်းဆန်း​တွေ မက်​ကြည့်​ချင်​တယ်​။ အိပ်​မက်​ထဲမှာ အ​မေ့ကို​တွေ့ အောင်​ ရှာချင်​တယ်​။ အ​မေ့ရင်​ခွင်​ထဲမှာ​ ခေါင်း​လေးတိုးဝင်​ပြီး တစ်​​မှေး​လောက်​အိပ်​ချင်​တယ်”

“ကျွန်​မက ရှင့်​အ​မေ​လေ”

“မင်းက ငါ့အ​မေမဟုတ်​ပါဘူး။ငါ့အ​မေလို ငါ့အ​ပေါ်​မေတ္တာထားနိုင်​တဲ့ မိန်းက​လေးတစ်​​ယောက်​ပါ”
“ရှင်​ ဒါ​တော့ ခံစားမိသားပဲ”
“တခြားအရာ​တွေထက်​ ​မေတ္တာ တရားရဲ့အ​ငွေ့အသက်​ကို ငါကပိုပြီး ခံစားမိတဲ့ သတ္တဝါပါ”

‘ရှင်​က လူမဟုတ်​ဘူးလား”

“လူဆိုတာ ဘာလဲ။ ဒါဝင်​ရဲ့ အီ​ဗော်​လူးရှင်းသီအိုရီအရ ကူး​ပြောင်း လာတဲ့အဆင့်​မြင့်​သတ္တဝါကို​ ခေါ် တာလား။ တစ်​​ယောက်​ကိုတစ်​​ယောက်​မနာလိုစိတ်​နဲ့ ကြည့်​​နေတဲ့ သတ္တဝါ​ကို​ခေါ်တာလား။အချင်းချင်း သတ်​ဖြတ်​​နေကြတဲ့သတ္တဝါကို​ခေါ် တာလား။ ချစ်​ခြင်း​မေတ္တာကို မယုံ ကြည်​တဲ့သတ္တဝါကို​ ခေါ်တာလား။

လူဆိုတာဘာလဲ။ ဘာသာတ ရားနဲ့ စိတ်​ကိုချုပ်​​နှောင်​ထားတာ​တောင်​ ကြိုးပြတ်​ချင်​​နေတဲ့သတ္တဝါ လား။ ဖြစ်​တည်​မှုနဲ့ပျက်​သုဉ်းမှုကို အသေအချာ နားမလည်​တဲ့သတ္တဝါ လား။ ကံတရားကိုယုံကြည်​လွန်း​နေ တဲ့ အားနည်းတဲ့ဝီရိယသမား​တွေ လား။ အပြစ်​ဆိုတာကို​ကြောက်​လို့ အပြစ်​​တွေမလုပ်​တဲ့သတ္တဝါလား။

လူဆိုတာဘာလဲ။မွေးဖွားခြင်း နဲ့​သေဆုံးခြင်းကြားကို ရှင်​သန်​ခြင်း လို့သတ်​မှတ်​ပြီး အဲဒီရှင်​သန်​ချိန်​​လေးပဲ့ြေ<ွကသွားမှာစိုးလို့ ယုယုယယ ပြုစု​နေရသူလား။ ဖြစ်​တည်​ချိန်​ခဏ​လေးအတွင်းမှာ မ​ကောင်းမှု​တွေကို အားကုန်​လုပ်​​ဆောင်​​နေသူလား။ပရ ဟိတနဲ့အတ္တဟိတကို မျှခြေမချတတ်​တဲ့သတ္တဝါလား။

လူဆိုတာဘာလဲ …

“ရှင်​က ထူးဆန်းတယ်​​နော်”

စကားသံဖြစ်​အင်္ဂါ​တွေ အ​ကြောင်း မ သိတဲ့အတွက်​​ကြောင့်​ စကားသံထွက်​​ပေါ်လာရာဆီပဲ​ ရှေးရှူလိုက်​တယ်​။အပြာ​ရင့်​​ရောင်​နှုတ်​ခမ်းသား နှစ်​လွှာ​လျှောခနဲ ပြုတ်​ကျလာတယ်​။ ကျွန်​​တော်​ကမ်း​ခြေဆီကို ပြန်​​ရောက်​သွား တာများလား။ မျက်​လုံး​တွေကိုပြန်​ပြီး ဖွင့်​ကြည့်​မယ်​လုပ်​​တော့ ကျွန်​​တော်​အိပ်​ရာကမနိုးသေးတာ ပြန်​ပြီး သတိ ရလာတယ်​။ ဒါမှမဟုတ်​ ကျွန်​​တော်​အိပ်​မက်​မက်​​နေတာ သတိရလာ တယ်​။ ဒါမှမဟုတ်​ကျွန်​​တော်​မအိပ်​ရ​သေးတာ သတိရလာတယ်​။ ကဗျာ​ရေးချင်​စိတ်​ပြင်းပြလာတဲ့အတွက်​ အ ပြာရင့်​​ရောင်​​ပေါ်မှာ လက်​ညှိုးနဲ့​ရေး ခြစ်​ချလိုက်​တယ်​။

“ပုစဉ်းတစ်​​ကောင်​ရဲ့မနက်​ခင်း နဲ့ တိမ်​အသစ်​​တွေ ဝါးမျိုကြည့်​ရ​အောင်​ မျက်​ခုံးတန်းတန်း ပင်​လယ်​ကွေ့အစပ်​မှာ ရေကြည်​တစ်​စက်​ချုံငြိ​နေသလိုမျိုး ဖန်​မီးအိမ်​အ​ဟောင်း တစ်​စင်းရဲ့ အလင်းနဲ့ ငါ့အိပ်​မက်​​ တွေကို ဘက်​ဂီယာထိုးကြည့်​မယ်​”

ကျွန်​​တော့်​ကဗျာကို ၃၂ ​ခေါက်​တိတိ ကျွန်​​တော်​ပြန်​ဖတ်​ပြီးတဲ့အခါ မှာ ကဗျာထဲက အရသာတချို့ကို ရှာ​တွေ့တယ်​။တောအရသာ​တွေ့တယ်​။မြစ်​အရသာ​တွေ့တယ်​။ ရှေးဟောင်း အရသာ​တွေ့တယ်​။ မြို့အရသာ​တွေ့ တယ်​။ ညအရသာ​တွေ့တယ်​။

အရသာအားလုံး ခံစားပြီး​တော့ အပြာ​ရောင်​ပြင်​ကို လက်​ဝါးနဲ့တစ်​ချက်​သပ်​လိုက်​တယ်​။ ရုပ်​ရှင်​ပိတ်​ကား​ပေါ်ကစကားလုံး​တွေ တစ်​လုံး ချင်း ပျောက်​သွားသလိုမျိုး ကဗျာစာ သား​တွေ ​ပျောက်​သွားတာကိုကြည့်​ ပြီး ကျွန်​​တော်​ပြုံးနေလိုက်​တယ်​။ကဗျာဆိုတာ ရှိခြင်းတစ်​ခုထဲက​နေ ဖြစ်​ခြင်းတစ်​ခုဆီကို ကဗျာဆရာဆိုတဲ့ လူတန်းစားက သယ်​ယူပို့​ဆောင်​​ပေး တာပဲလို့ ကျွန်​​တော်​ နားလည်​လိုက်​တယ်​။

အပြာရင့်​​ရောင်​လွင်​ပြင်​​ပေါ်မှာ စိတ်​နဲ့ ပုံတစ်​ခုဆွဲလိုက်​​တော့ စိတ်​ရဲ့အနက်​ရှိုင်းဆုံး​နေရာမှာရပ်​တည်​​နေတဲ့ သွားတက်က​လေးတစ်​ခု အ ထင်းသား​ပေါ်လာတယ်​။ တကယ်​​တော့အဲဒီသွားတက်ချွန်​ချွန်​နဲ့​ကောင်​ မ​လေးဟာ ငါ့​ကောင်းကင်​ပါပဲ။သူမ မှာ ချိုင့်​​နေတဲ့​မေး​စေ့(​မေး​စေ့နှစ်​ထပ်​လို့လဲ​ ခေါ်ကြတယ်​)​လေး ကအစ အာရုံပြုလိုက်​တိုင်းကြည်​နူး ပီတိဖြစ်​မိတယ်​။

“ရှင်​ နိုးပြီလား”
“မင်းရဲ့အ​ကြောင်း​ တွေးမိတဲ့ အချိန်​တိုင်း ငါအမြဲနိုးပါတယ်​။ ငါ့ရင်​ခုန်​သံ​တွေဟာ ဘယ်​​တော့မှအိပ်​စက်​​ နေမှာမဟုတ်​ပါဘူး။ ငါ့အ​သွေးအ သားတွေထဲမှာ မင်းရဲ့ပုံတူရုပ်​တုတစ်​ ခုကို ထုဆစ်​ထားတယ်​။ ငါအခုအိပ်​ရာက ကြည်​ကြည်​လင်​လင်​ နိုးခဲ့ပြီ။ မင်းကို ချစ်​မိတဲ့​နေ့ကစပြီး လူ့အဖြစ်​ကိုပြန်​လည်​ရရှိလာခဲ့ပြီ။ ဟုတ်​တယ်။ လူဆိုတာ ချစ်​ခြင်း​မေတ္တာရဲ့တန်​ဖိုး ကိုသိပြီး အဲဒီတန်​ဖိုးကိုတန်​ဖိုးထား တတ်​တဲ့သတ္တဝါပဲ”
“ရှင့်​ကို ကျွန်​မ ချစ်​ပါတယ်​”

“ချစ်​တယ်​​ဆိုတဲ့စကားက ချစ်​ခြင်း​မေတ္တာအတွက်​​တော့ မရှိမဖြစ်​လိုအပ်​ချက်​တစ်​ခု​တော့မဟုတ်​ဘူး။ချစ်​ခြင်း​မေတ္တာက ချစ်​​နေရခြင်း အတွက်​ သီးသန့်​တည်​ရှိနေမှုပဲ။ ချစ်​တယ်​လို့​ပြောမှ ချစ်​သူ​တွေအဖြစ်​ကို ရရှိပိုင်​ဆိုင်​ကြတယ်​ဆိုတာ ​လောက ဖြစ်​စဉ်​တစ်​ခုပဲ။ စာ​မေးပွဲ​အောင်​စာ ရင်းထွက်​သလိုမျိုး စာရွက်​​ပေါ်က အ မည်​နာမ​တစ်​ခုဟာ အတန်းတင်​စနစ်​ရဲ့အသက်​ပဲ။ ချစ်​တယ်​ဆိုတာက လည်း ချစ်​သူ​တွေအဖြစ်​ကို အဆင့်​ မြှင့်​​ပေးလိုက်​တဲ့ ​အောင်​စာရင်းတစ်​ခုပဲမဟုတ်​လား။ မလိုအပ်​တာမဟုတ်​ ပါဘူး။ အတိုင်းအတာတစ်​ခုအထိ​တော့ လိုအပ်​ပါတယ်​။ ငါက​တော့ ချစ်​တယ်​ဆိုတဲ့စကားကို ​အောင်​စာ ရင်းတစ်​ခုလိုမကြည့်​ချင်​ဘူး။ ငါက အချစ်​ကို အဖြူ​ရောင်​လို့ ယုံကြည် တယ်​”

“ဒါဆိုကျွန်​မက ရှင့်​ကိုချစ်​တယ်​ လို့မ​ပြောရဘူးလား။ ရှင်​က ကျွန်​မနဲ့ ချစ်​သူအဖြစ်​ကို မလိုလားတာလား”

“မဟုတ်​ပါဘူးကွယ်​။ လိုလား တာပေါ့။ မင်းနဲ့ပတ်​သက်လာရင်​ မင်းရဲ့မျက်​​စောင်းလှလှ​လေးက အစ အပိုင်​လိုချင်​တာ​ပေါ့။ မင်းနှုတ်​က ​ပြောသည်​ဖြစ်​​စေ မ​ပြောသည်​ဖြစ်​​စေ မင်းက ငါ့ချစ်​သူပါပဲ”

ကျွန်​တော်​မျက်​လုံးအစုံကို ခ လုတ်​နှိပ်​ချလိုက်​သည်​။ အ​ရောင်​လဲ့ လဲ့နှင်းတချို့ တရိပ်​ရိပ်​တက်​လာပြီး ​ကောင်းကင်​ကို​ ပြေးကပ်​သွားကြ သည်​။ နှင်းထုများကြားတွင်​ ဘယ်​အရာမှ အ​ပျောက်​မခံနိုင်​။ သူမ မသိ ခင်​ ကျွန်​​တော့်​​ကောင်းကင်​ကို ပင်​လယ်​အဖြစ်​ ထွင်းထုပစ်​လိုက်​သည်​။အခု​တော့ သူမသည်​ ကျွန်​​တော့်​ ပင်​လယ်​ပြင်​ကျယ်​ကြီး ဖြစ်​​နေခဲ့ပြန်​သည်​။

“ပင်​လယ်​ကမ်းစပ်​ကို မင်း ရောက်​ဖူးလား”

မမြင်​ဖူးတဲ့သတ္တဝါတစ်​​ကောင်​ ကိုမြင်​​နေသလိုမျိုးကြည့်​​နေတဲ့ သူမ ရဲ့မျက်​လုံး​တွေကိုလက်​မနဲ့လက်​ညှိုး ကြားမှာညှပ်​ပြီး အသာ​လေး မယူ လာခဲ့တယ်​။ ဖန်​ကွဲစ​တွေနဲ့တည်​​ဆောက်​ထားတဲ့ တံတိုင်းရဲ့အဝင်​အဝက မီးလုံးထဲမှာ ခဏထည့်​ထား လိုက်​တယ်​။ ပင်​လယ်​ဆီက​နေ ​လေ စိမ်း​တွေ ဒလဟောတိုက်​လာ​တော့ သူ့မျက်​လုံး​တွေကို လက်​နဲ့ကာ​ပေး လိုက်​တယ်​။မျက်​လုံး​တွေပိတ်​သွားလို့ မဖြစ်​ဘူး။တစ်​ဘဝလုံး​မှောင်​​နေ​တော့ မယ်​ဆိုတာကို ကျွန်​​တော်​မလိုလား ဘူး။

“ကျွန်​မမျက်​လုံး​တွေ ပြန်​​ပေးပါ့ လား”

ချိုင့်​ဝင်​​နေတဲ့ သူမရဲ့မျက်​လုံး​တွေ​နေရာမှာ ကျွန်​​တော့်​မျက်​လုံး​တွေတပ်​​ပေးလိုက်​တယ်​။ ပြီး​တော့မှ သူမရဲ့မျက်​လုံး​တွေကို ကျွန်​​တော့်​ရဲ့ မျက်​လုံး​နေရာမှာ တပ်​ဆင်​လိုက်​တယ်​။ ရည်​ရွယ်​ချက်​က​တော့ ကျွန်​​တော်​သူမကိုမြင်​သလိုမျိုး သူမကျွန်​​တော့်​ကိုမြင်​​စေချင်​တယ်​။ သူမကျွန်​​တော့်​ကိုမြင်​သလိုမျိုးလည်း ကျွန်​​တော်​ သူမကို မြင်​ကြည့်​ချင်​တယ်​။ အမြင်​ချင်းဖလှယ်​တဲ့သ​ဘော​ပေါ့။

“မျက်​လုံးဆိုတာက​ရော ဘာ လဲ။ မံသဆိုတဲ့ သိစိတ်​မဲ့ရင်​ ဘာမှ မမြင်​နိုင်​​တော့တဲ့အရာကို​ ပြောတာ လား။ စိတ်​ရဲ့ပြတင်းတံခါး​တွေကို​ပြောတာလား။ မကြာမကြာအနား ပေးရတဲ့အစိတ်​အပိုင်းကို​ ပြောတာ လား။ မြင်ရုံနဲ့မမှန်​တဲ့အသိဥာဏ်​ကို​ပြောတာလား”

“ကျွန်​မ မသိဘူး”
“မင်းမသိရင်​ ငါ​ပြောပြမယ်​”

ကျွန်​​တော်​အဲဒီလို​ပြောရင်း သူမအနားကို တိုးကပ်​လိုက်​တယ်​။သူမဆီက ​လေးညှင်းနံ့နည်းနည်း ရလိုက်​တယ်​။ လေးညှင်းနံ့​တွေ မခံ နိုင်​တဲ့ အ​ကြောင်း မဆီမဆိုင်​​ပြော ဖြစ်​တယ်​။ ကြက်​သွန်​ဖြူစားသင့်​တဲ့ အကြောင်း​ပြောမလို့ စဉ်းစားပြီးမှ ကြက်​သွန်​ဖြူနံ့မကြိုက်​မှန်းပြန်​သတိ ထားမိလာတယ်​။

“ကျွန်​မမျက်​လုံး​တွေပြန်​​ပေးမှာ လား”
“ကျွန်​တော့်​မျက်​လုံး​တွေ​ရော ပြန်​​ပေးမှာလား”

ကျွန်​​တော်​စဉ်းစား​နေတယ်​။ ကျွန်​​တော်​အခုတကယ်​ပဲအိပ်​​ပျော်​​နေတာလား၊ တကယ်​ပဲ အိပ်​မက်​မက်​​နေတာလား၊ ဒါမှမဟုတ်​ ဒါ​တွေက တကယ်​ပဲဖြစ်​ပျက်​​နေတာလား၊ ကျွန်​​တော်​စဉ်းစား​နေတယ်​။ စဉ်းစားတယ်​ ဆိုတာက​ရော ဘာလဲလို့ဆက်​ပြီး စဉ်းစားဖြစ်​​သေးတယ်​။ စဉ်းစား​နေ ဆဲမှာပဲ ​ရေသူမမျက်​နှာပိရမစ်​ထဲက ခရု​လေး​တွေဆီက အပြာ​ရောင်​​တွေ ထွန်း​တောက်​လာတယ်​။ ကျွန်​​တော်​ရယ်​၊ သူမရယ်​၊ သူမမျက်​လုံး​တွေရယ်​ အားလုံး အပြာ​ရောင်​ထဲနစ်​ဝင်​ပျောက်​ကွယ်​သွားကြတယ်​။

ကျွန်​​တော်​က​တော့ သူမရဲ့မျက်​လုံး​တွေ တကယ်​ပဲ ကျွန်​​တော်​ပိုင်​ဆိုင်​ခဲ့တာလားဆိုတာ ဆက်​ပြီးစဉ်း စားရင်းနဲ့​ပေါ့။ တကယ်​​တော့ ကျွန်​​တော်​အိပ်​မက်​မက်​​နေတာပဲဖြစ်​မှာ ပါ။

“ကျွန်​မမှာ ရှင့်​အတွက်​ စိတ်​ဆင်းရဲစရာက လွဲလို့ ဘာမှ ​ပေးစ ရာ မရှိတော့ပါဘူး ရှင်​ရယ်​”

…ဘာမှမရတာထက်​စာရင်​ စိတ်​ဆင်းရဲစရာ​တွေ ရ​နေတာက လည်း ​ပျော်​စရာ…ငရဲမှာ ခံရတဲ့ ဝဋ်​ဒုက္ခ​တွေ အ​ကြောင်းကြားသိရ တုန်းက ငရဲဆိုတာကိုအလွန်ကြောက်​ခဲ့ဖူးတယ်​။ နတ်​ပြည်​က နတ်​​တွေရဲ့ လူ​တွေအ​ပေါ်မြင်​တဲ့အမြင်​ကို သိ လာတဲ့အခါ ငရဲဆိုတာကိုမ​ကြောက်​​တော့ဘူး။ ဘယ်​​ဝေဒနာပဲဖြစ်​ဖြစ်​ ခံရဖန်​များလာရင်​ ကျင့်​သားရသွား မှာပဲလို့ငါ​ပြော​တော့။ မိစ္ဆာ ဒိဋ္ဌိတဲ့…။

အ​ဝေးက လွမ်း​နေရတာထက်​စာရင်​ ဓားပါးပါး​ပေါ်နှလုံးသား ဖိကပ်​ပြီး ခပ်ဆတ်ဆတ်​က​လေး ဖိချလိုက်​တာကမှ ခံသာ​ပေလိမ့်​ဦး မယ်​။ ရှင်​​နေလျက်​နဲ့ ဆုံ​နိုင်​ခွင့် သေဆုံး​နေတဲ့ဆံပင်​​တွေထဲမှာ ချစ်​ဖူးတဲ့အိမ်​​တွေ တံခါးပိတ်​​နေ​တော့​…တား​နေတဲ့ကြားကပဲ သတိရ စိတ်​က တံခါးလာလာ​ခေါက်​တယ်​။ မျက်​လုံးထဲဖြတ်​စီးတဲ့မြစ်​ပြင်​မှာ ​ကောင်​မ​လေးပုံရိပ်​​တွေ လူးလွန့် လို့…။

…အရိပ်​ရှည်​ရှည်​ လက်​ပြင်​ကိုင်းကိုင်း တိမ်​သား​တွေရဲ့အနား သတ်​မှာ ​ကောင်​မ​လေးရဲ့အပြုံး တစ်​ပွင့်​ ချိတ်​ဆွဲလင်းလက်​​နေတယ်​… မျက်​လုံး​တွေကို စက်​ထဲထည့်​ပြီးရစ်​ကြည့်​လိုက်​တဲ့အခါ ​နေ​လောင်​ထားတဲ့ ခရမ်း​ရောင်​ အချိုရည်​တစ်​ခွက်​ ပေါ​လော​မျောလာတယ်​… မျက်​နှာ​ကြောတင်း ​ကော်​ဖီတစ်​ခွက်​ရဲ့အပြုံးနဲ့ စိတ်​ကူးဟာ ကိုင်းဖျား ကိုင်းနားမှာရပ်​တန့်​သွားတယ်​။ထိုအဆုံး၌ ရပ်​တန့်​​နေ​သောအ​ရောင်​ မဲ့ ​ကောင်​မ​လေးတစ်​​ယောက်​ …။

ထို​ကောင်​မ​လေးသည်​ အခန်း လွတ်​ထဲသို့ြေ<ွကကျလာ​သော ပန်း သီးတစ်​လုံးဖြစ်​သည်​။ကျွန်​​တော်​သည်​ သူနင်း​ချလိုက်​​သော သစ်​ကိုင်း စိုစိုတစ်​ကိုင်းသာ ဖြစ်​သည်​။

ယံဇငြိဏ်း
မှတ်​ချက်​။ ပန်းသီးပင်​​အောက်​တွင်​ ကျွန်​​တော်​ထိုင်​​နေသည်​။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*