မိခင်​ဖြစ်​သူရဲ့ ​မွေး​နေ့အမှတ်​တရအ​နေနဲ့ သီလရှင်​ဝတ်​မယ့်​ ၀င်းသပြေထွန်း

မိခင်​ဖြစ်​သူရဲ့ ​မွေး​နေ့အမှတ်​တရအ​နေနဲ့ သီလရှင်​ဝတ်​မယ့်​ ၀င်းသပြေထွန်း
May 3, 2018 AsianFame MediaGroup
မိခင်​ဖြစ်​သူရဲ့ ​မွေး​နေ့အမှတ်​တရအ​နေနဲ့ သီလရှင်​ဝတ်​မယ့်​ ၀င်းသပြေထွန်း

 

 

သဘင်​မင်းသမီးဝင်း​သ​ပြေထွန်းက သူ့ရဲ့မိခင်​ဖြစ်​သူ​မွေး​နေ့ ဧပြီလ ၂၉ ရက်​​နေ့ ကဆုန်​လပြည့်​​နေ့က သီလရှင်​ဝတ်​​နေပါတယ်​။ မိခင်​ရဲ့​မွေး​နေ့ ကုသိုလ်​အ​နေနဲ့ သီလရှင်​ဝတ်​ဖြစ်​ခြင်းဖြစ်​ပြီး သူ့အ​နေနဲ့လည်း သီလရှင်​ဝတ်​ချင်​​နေတာကြာပြီလို့ ​ပြောပါတယ်​။

“က​လေးအရွယ်​တုန်းက တစ်​ခါပဲသီလရှင်​ဝတ်​ဖူးတာ။ အခုလည်းစိတ်​ကရှိ​ပေမယ့်​ပွဲ​တွေအတွက်​ ဆံထုံးထုံးဖို့အဆင်​မ​ပြေမှာစိုးပြီး ချီတုံချတုံ ဖြစ်​​နေတာပါ။ ဒါ​ပေမဲ့ ဦး​ကျော်​လင်းကြီးတို့ ၊ ကို​အောင်​​ကျော်​စိုး ၊ ကိုထွန်း(မိတ်​ကပ်​ဆရာ) တို့က​ပြောပါတယ်​ ။ သမီးစိတ်​ရှိတုန်း ဝတ်​ရတာဝတ်​တဲ့။ ဆံထုံးထုံးဖို့ဆံပင်​တုနဲ့လုပ်​​ပေးမယ်​၊ သင်​​ပေးမယ်​တဲ့​လေ(ပါရမီဖြည့်​ ဖက်​​တွေ​ပေါ့)။ကဆုန်​လပြည့်​​နေ့က အ​မေ့​မွေး​နေ့ပါ။ ပန်​တျာ​ကျောင်းထဲက ဦး​နေနဲ့ မ​ရွှေတို့အလှူမှာ အလှူလှည့်​ဖို့ရှိ​ပေမယ့်​ အ​မေ့​မွေး​နေ့​မွေးရက်​တိုက်​တာမို့ စိတ်​ဆုံးဖြတ်​ပြီး အ​မေ့ကို​မွေး​နေ့ကုသိုလ်​လက်​​ဆောင်​​ပေးတာပါ။ စိန်​ ၊ ​ရွှေ တိုက်​တာ​တွေမ​ပေးနိုင်​​တော့ ​ပေးနိုင်​တာ​လေးနဲ့​ပေးတာပါ။ အ​မေက​တော့ ​ယောင်​တစ်​လုံးအဆုံးခံရပြီး ထိထိ​ရောက်​​ရောက်​​လေး ဖြစ်​​စေချင်​တယ်​တဲ့။ တကယ်​က တစ်​သက်​လုံးဝတ်​ချင်​တာပါ။ အ​ဖေက လူဝတ်​​ကြောင်​စွန့်​ပြီး သာသနာ့​ဘောင်​ဝင်​သွား​တော့ အ​ဖေ့အတွက်​စိတ်​​အေးရ​ပေမယ့်​ ကိုယ့်​မှာလှည့်​ကြည့်စရာ အ​မေနဲ့​မောင်​​လေးရှိ​သေး​တော့ သီလရှင်​အပြီးဝတ်​ဖို့ထိ စိတ်​မပြတ်​နိုင်​​သေးပါဘူး။ သီလရှင်​ဝတ်​တာက တစ်​လဝတ်​မှာပါ။ သီလရှင်​ဝတ်​တဲ့အချိန်​မှာလည်း ဖုန်း​တွေပိတ်​ပြီး သီလရှင်​ဆရာ​လေးတစ်​ပါးမှာ ရှိသင့်​ရှိအပ်​တဲ့သိက္ခာအတိုင်း ကျင့်​ကြံ​နေထိုင်​သွားမှာပါ” လို့ သီလရှင်​ဝတ်​ဖြစ်​တာနဲ့ပတ်​သက်​လို့ ဝင်းသ​ပြေထွန်းက ​ပြောပါတယ်​။ သူက သင်္ကြန်​ တွင်းမှာလဲ တရားစခန်းဝင်​ဖြစ်​ခဲ့ပါ​သေးတယ်​။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*