ဖြတ်သန်းနေရတဲ့ ခေတ်ထဲက သူခိုးတိုင်းပြည်

ဖြတ်သန်းနေရတဲ့ ခေတ်ထဲက သူခိုးတိုင်းပြည်
May 2, 2018 Leanne Win
ဖြတ်သန်းနေရတဲ့ ခေတ်ထဲက သူခိုးတိုင်းပြည်

ကဗျာဟာ စကားလုံးသက်သက်၊ ခံစားချက်သက်သက်ထက် ပိုလွန်တဲ့အရာပါ။ ကဗျာနဲ့ပတ်သက် တဲ့ ဖွင့်ဆိုချက်တွေလည်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ သေချာတဲ့ အချက်တစ်ခုက ကဗျာဟာ ဖြတ် သန်းနေရတဲ့ ခေတ်ကိုထင်ဟပ်မှသာ၊ ပြည်သူတွေရဲ့အသံကို ထင်ဟပ်မှ သာ ကဗျာရဲ့အင်္ဂါရပ်နဲ့ ညီညွှတ်ပြည့် စုံမယ်ဆိုတာပါပဲ။

ကဗျာဆရာရဲ့ တာဝန်ဟာ သူဖြတ်သန်းနေရတဲ့ခေတ်ရဲ့ အဖြစ် အပျက်တွေကို ကဗျာအဖြစ် ရေးဖွဲ့ ဖို့ပါ။ တချို့ကဗျာဆရာတွေက ဒီ တာဝန်ကို ယူကြပေမယ့် တချို့ကဗျာ ဆရာတွေက ဒီတာဝန်ကို မယူကြပါ ဘူး။ အုပ်ချုပ်သူလူတန်းစားနဲ့ အုပ် ချုပ်ခံလူတန်းစားဆိုပြီး ရှိရာမှာ ဘယ်လူတန်းစားဘက်က ရပ်မလဲ ဆိုတာက ကဗျာဆရာရဲ့ ရွေးချယ်ခွင့် ပဲဖြစ်ပါတယ်။

ဆရာကြီး ဒဂုန်တာရာဟာ ‘မတ်လတော်လှန်ရေး’ကဗျာနဲ့ သူ ဖြတ်သန်းခဲ့ရတဲ့ခေတ်က ဖက်ဆစ် ဂျပန်ဆန့်ကျင်ရေး ရပ်တည်ချက်ကို ပေါ်လွင်စေခဲ့ပါတယ်။ ဆရာကြီး ဇော်ဂျီရဲ့ ‘သူ့မှာတမ်း’၊ ဆရာကြီး မင်းသုဝဏ်ရဲ့ ‘ပျဉ်းမငုတ်တို’ ကဗျာ တွေကလည်း ခေတ်ကိုထင်ဟပ်စေခဲ့ တဲ့ ကဗျာတွေမို့ ခေတ်အဆက်ဆက် ရှင်သန်နေတဲ့ ကဗျာတွေလို့ ပြော နိုင်ပါတယ်။

သေချာတာက ကဗျာဆရာ တစ်ယောက်ဟာ ရပ်တည်၊ ယုံကြည် ချက်ခိုင်မာရင် ဘုန်းတော်ဘွဲ့ ကဗျာ တွေဘယ်တော့မှ မရေးဘူးဆိုတာပါ ပဲ။ ၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တဲ့ အချိန်ကနေ ဒီကနေ့ြီူ အစိုးရ တက်လာတဲ့အချိန်အထိ ဒီမိုကရေစီ ရေး၊ ငြိမ်းချမ်းရေးတို့အတွက် ပြည်သူတွေဟာ ရုန်းကန်လှုပ်ရှားနေ ရဆဲပါ။ တချို့က ရည်တည်ချက်မှာ ခိုင်မာပေမယ့် တချို့က ရည်တည်ချက် မှာ ဝေဝါးသွားတာကို တွေ့ရပါတယ်။

မကြာသေးခင်ကပဲ ကျွန်မနဲ့ ခင်မင်တဲ့ ကဗျာဆရာညိုသစ်ငယ်ရဲ့ “သူခိုးတိုင်းပြည်” ကဗျာစုစည်းမှု စာအုပ်လေးကို တခုတ်တရ ဖတ်ဖြစ် သွားပါတယ်။ စုစုပေါင်း ကဗျာ ၃၈ ပုဒ်ပါဝင်ပြီး မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ပုံနှိပ်ဖော် ပြပြီးသား ကဗျာတွေရော၊ ပုံနှိပ်ပြီး သားမဟုတ်သေးတဲ့ ကဗျာ တွေပါ ပါဝင်တယ်။ မျက်နှာဖုံးပန်းချီ ကို ဆရာလင်းငြိမ်က ဖန်တီးပေးထား တာဖြစ်ပြီး ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီ လမှာ ထုတ်ဝေဖြန့်ချိခဲ့တာပါ။

ကဗျာစာအုပ်လေးက ပါးပေ မယ့် တွေးစရာအတွေးတွေ၊ ဆက်စပ် စဉ်းစားစရာတွေက ရှည်လျားပါ တယ်။ ကဗျာမှာ စကားလုံးလော်လည် ရင် ကဗျာရဲ့ အရသာပျက်စီးသွား တတ်တာမို့ ဒီစာအုပ်မှာ လော်လည် ထားတဲ့ စကားလုံးတွေ မပါဝင်တာ ကပဲ ကျေနပ်စရာ ကောင်းနေတာပါ။ ဒီနေရာမှာ လိုအပ်လို့ နည်းနည်းပြော ချင်တာက ကိုညိုသစ်ငယ်နဲ့ ကျွန်မ ခင်မင်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ပါ ပြီ။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးခင်မင်မှုပေါ် အခြေခံပြီး ကဗျာကို ကောင်းတယ်လို့ ချီးမွမ်းတာမျိုးလုပ်ရမှာ ကျွန်မ ဝါသနာမပါပါဘူး။

ကဗျာတွေကို ဖတ်နေရင်းကပဲ ကြိုက်နှစ်သက်မိတဲ့ ကဗျာတွေပေါ် လာလို့ ဒီဆောင်းပါးကို ရေးဖြစ် သွားတာလို့ပြောရင် ပိုမှန်ပါတယ်။ အင်အားကြီးသူက အသာရစတမ်း ဖြစ်နေတာကို ရေးထားတဲ့ကဗျာက ‘လူ’ပါ။

“လက်နက်ရှိသူ ခွန်အားရှိသူသာလောကစည်းစိမ်ကို ရရှိမယ် နေရာတစ်ခု ရရှိမယ်”တဲ့။ လက်ရှိ ကမ္ဘာကြီးမှာလည်း တရားမျှတမှုကို ဘေးချိတ်၊ လက် နက်ကိုင်မှသာ ခွန်အားရှိတယ်လို့ အထင်ရောက်နေသူတွေကြောင့် ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေရဆဲ ပါ။ လက်နက်နဲ့ အနိုင်ကျင့်ရတာကို ရှက်စရာကောင်းတဲ့ လုပ်ရပ်လို့ သိမြင်လာမှသာ ကမ္ဘာကြီးမှာ ကြီး နိုင်ငယ်ညှဉ်းဝါဒလည်း ပျောက်ကွယ် သွားပါလိမ့်မယ်။

နောက်ထပ်နှစ်သက်မိတဲ့ ကဗျာ လေးတစ်ပုဒ်ကတော့ ‘အရူး – ၇’ပါ။ “ပွင့်ထွက်သွားတဲ့နေရောင်ကို ငေးကြည့်ရင်းဘဝက အခါခါအိုလို့၊ မြစ်ရေက နှစ်ခါပြန်စီးလို့အတုများစွာကြားထဲ အစစ်ကိုရှာရသလို အဓမ္မ ဓမ္မ ခွဲခြားမရသလို

အမှားကြာ အမှန်ဖြစ် ခေတ်စနစ်ကြီးထဲ ရှင်သန် ဖောက်ပြန်ဂေဟစနစ်ကြောင့်လူတွေဖောက်ပြန်၊ ငွေတွေဖောက်ပြန်၊ ဥတုတွေဖောက်ပြန်ကမ္ဘာကြီးသာ အရူးထောင်ကြီး ဖြစ်သွားရင် ဘယ်လောက် ကောင်းမလဲ”

ခုထက်ထိ အဓမ္မဝါဒီတွေက ကျွန်မတို့နိုင်ငံမှာ အားကောင်းနေဆဲ ဖြစ်သလို၊ ‘ထမင်းဝအောင်စားထား’ လို့တောင် ခြိမ်းခြောက်ခံနေရဆဲပါ။ ကိုယ့်လယ်ယာမြေကို ကျူးကျော်လာ သူတွေကို အရေးမယူတဲ့အပြင် ကိုယ့် လယ်ကိုယ်ထွန်လို့ ထောင်ကျတဲ့ နိုင်ငံမှာ အမှားကြာအမှန်ဖြစ် ခေတ် စနစ်ကြီးလည်း ရှိနေဆဲပါပဲ။

စစ်ပွဲတွေကို မုန်းတီးတဲ့ ကဗျာ ဆရာရဲ့စိတ်ကိုထင်ဟပ်နေတဲ့ ကဗျာ က ‘ကျည်ဆန်တွေ လွှင့်ပစ်၊ နိုင်ငံ ရေးထဲ ရောမွှေလိုက်+ဆိုတဲ့ ကဗျာပါ။

“စစ်ထဲမှာနစ်နေတဲ့ အဖေ့ကို ကယ်ထုတ်ပေးပါ စစ်ထဲမှာ နစ်နေတဲ့ အစ်ကို့ကို ကယ်ထုတ်ပေးပါ။ မေမေဟာ ဒဏ်ရာရကျားနာလို စစ်ကိုမုန်းတယ်။ အဲဒီလို အော်သံများရဲ့အဆုံး စစ် စစ်ဟာမေတ္တာစစ်ရဲ့ အောက်မှာ ပျောက်ဆုံးသွားခဲ့ရပေါ့”

ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် မှာ အိုးအိမ်စွန့်ခွာထွက်ပြေးလာရ သူတွေကို မြင်ယောင်လာမိပါတယ်။ ခေတ်ထဲက ပြည်သူတွေ ဘာ တွေခံစားနေရသလဲ သူ့ကဗျာတွေ ထဲမှာ တွေ့နိုင်သလို ကဗျာဆရာရဲ့ ကိုယ်ချင်းစာတရားကိုပါ လှစ်ဟပြ နေပါတယ်။ စစ်ပွဲတိုင်းမှာ ဓားစာခံ ပြည်သူတွေသာ အထိနာရ၊ ကျောင်း စာသင်ခန်းကနေ စွန့်ခွာခဲ့ရတဲ့ ကလေးတွေအတွက် စစ်ပွဲတွေ အမြန် ရပ်ဆိုင်းဖို့ လိုအပ်နေပါပြီ။ ခေတ်ကို ထင်ဟပ်စေတဲ့ ကဗျာတစ်ပုဒ်ချင်း စီကို ဖတ်ရတာနဲ့ ရင်ထဲထိရောက် သလို မြို့ဖွဲ့ကဗျာလေးတစ်ပုဒ် ကတော့ တကယ့်ကို အဲဒီမြို့လေးထိ အတွေးတွေကို ဆွဲခေါ်သွားခဲ့ပါ တယ်။ ‘မြိုင်’ဆိုတဲ့ကဗျာပါ။

“မြိုင်အပူငွေ့လေထဲဆူးကိုင်းငြိသလို တမာတန်းမှာ ချွေးသိပ်။နံနက်စောစောထတတ်တဲ့ ငှက်တွေဓာတ်ဆီငွေ့နံ့ ရှူနေရတဲ့ထန်းတွေဆိုးတိုင်ပင် ကောင်းတိုင်ပင် လယ်ယာမြေထဲငါတို့ဘဝတွေ အကောင်းအတိုင်း ပြန်ထရမယ်။

သမိုင်းထဲက မြိုင်လေရာဇဝင်မှာ စာတင်ထားတဲ့မြိုင်ဘဝတွေက နာမည်အတိုင်းပဲ ငါတို့သတ္တိသွေးတွေ ပွက်ပွက်ထမြိုင်လို့”ဆရာညိုသစ်ငယ်ရဲ့ ကဗျာတွေ ကပေးတဲ့ ခေတ်ပြိုင်ခံစားမှုတွေအ တွက် ကျေးဇူးတင်မိသလို ကဗျာဆ ရာရော၊ ကျွန်မတို့ပါ မျှော်မှန်းတဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှရမလဲလို့ မရဲတရဲ မျှော်လင့်နေမိပါတော့တယ်။

သွေး (စစ်ကိုင်း)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*