ဟာသဇာတ်လမ်းရိုက်ကူးဖို့ ကျွန်တော်တို့ မှာအစီအစဉ်ရှိတယ် ဇဏ်ခီ

ဟာသဇာတ်လမ်းရိုက်ကူးဖို့ ကျွန်တော်တို့ မှာအစီအစဉ်ရှိတယ် ဇဏ်ခီ
May 2, 2018 AsianFame MediaGroup
ဟာသဇာတ်လမ်းရိုက်ကူးဖို့ ကျွန်တော်တို့ မှာအစီအစဉ်ရှိတယ် ဇဏ်ခီ

လက်ရှိအချိန်အထိ ရုပ်ရှင်ရုံအချို့မှာ ရုံတင်ပြသနေဆဲဖြစ်တဲ့ ‘မုဒြာရဲ့ခေါ်သံ’ ရုပ်ရှင်ဇာတ်ကားကို လာမယ့်မေလ အတွင်းမှာတော့ စင်ကာပူနိုင်ငံမှာ သွားရောက်ပြသသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ရုံတင်ပြသနေဆဲဖြစ်တဲ့ အတွက် ပရိသတ်တွေကို ‘မုဒြာရဲ့ခေါ်သံ’ ရုပ်ရှင်ဇာတ်ကားအပေါ် ဆက်လက်ဝန်းရံပေးကြဖို့ ဇဏ်ခီက ဖိတ်ခေါ်လိုက်ပါ တယ်။ ဒါ့အပြင် ‘မုဒြာရဲ့ခေါ်သံ’ ရုပ်ရှင်ဇာတ်ကားကို အမေရိကမှာ ပြုလုပ်မယ့် ရုပ်ရှင်ပွဲတော်တစ်ခုကနေပြီး လာရောက်ပြသဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း သိရပါတယ်။

”အမေရိကမှာ ပြုလုပ်မယ့် ရုပ်ရှင်ပွဲတော်တစ်ခုကနေပြီး ကမ်းလှမ်းထားတာပါ။ ဇွန်လထဲမှာ ဖြစ်ပါလိမ့်မယ်။ ပြိုင်ပွဲဝင်ကဏ္ဍအတွက် သွားရောက်ပြသခွင့်ရတာပါ။ သူတို့တွေက ရုပ်ရှင်တွေကို ရွေးချယ်တယ်။ ဘယ်ဇာတ်ကားတွေကို ပြိုင်ပွဲအဖြစ် ရွေးချယ်ဖြစ်တယ်ဆိုတာကို ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော်တို့ဆီ အကြောင်းပြန်ခဲ့ပါတယ်။ ဆုရမယ်၊ မရ ဘူးလို့တော့ မျှော်လင့်ပြီးသွားတာမျိုးတော့ မရှိပါဘူး။ ဆုရပါစေဆိုပြီးတော့ ဘယ်တော့မှ မမျှော်မှန်းပါဘူး”လို့ အဓိက သရုပ်ဆောင် ဇဏ်ခီက ပြောပြပေးပါတယ်။

‘မုဒြာရဲ့ ခေါ်သံ’ ရုပ်ရှင်ဇာတ်ကားဟာ နိုင်ငံပေါင်း ၁ဝ နိုင်ငံနီးပါးရှိ ရုပ်ရှင်ပွဲတော်တွေမှာ သွားရောက် ပြခွင့်ရရှိခဲ့ တဲ့နည်းတူ မက္ကဆီကိုနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ပွဲတော်မှာ Silver Award နဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ Pletinum Award တွေကို ရရှိထားခဲ့ပါတယ်လို့ ဆိုပါတယ်။

‘မုဒြာရဲ့ခေါ်သံ’ ရုပ်ရှင်ဇာတ်ကားကို စင်ကာပူမှာ မေလအတွင်းမှာသွားရောက်ပြသပါ့မယ်။ အဲဒါကတော့ Confirm ဖြစ်သွားပါပြီ။ နောက်တစ်ခုကတော့ သြစတြေးလျက မြန်မာတွေက လာရောက်ပြသဖို့ ကမ်းလှမ်းထားကြတယ်။ အမေ ရိကက မြန်မာတွေကလည်း လာရောက်ပြသစေချင်တယ်ဆိုပြီး ကမ်းလှမ်းထားတာတွေတော့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ရုပ်ရှင်ရုံဖြစ်မှပြသချင်တာဖြစ်တယ်။ အဲဒီတော့ ရုပ်ရှင်ရုံတွေကို ငှားရမ်းပေးမှပဲသွားရောက် ပြသဖြစ်မယ်လို့ ပြောထားတယ်။ အဲဒီတော့ သူတို့ဘက်ကလည်း စီစဉ်နေကြပြီလို့ ပြောလာကြပါတယ်”လို့ ဇဏ်ခီက ပြောပြပေးပါတယ်။

ဒါ့အပြင် ဇဏ်ခီက ဟာသဇာတ်လမ်းတစ်ခုအတွက်ကိုလည်း ဇာတ်ညွှန်းရေးသားဖို့ ဇာတ်အိမ် စဉ်းစားထားပြီးရှိ နေပါတယ်။

”ဟာသဇာတ်လမ်းရိုက်ကူးဖို့ ကျွန်တော်တို့မှာ အစီအစဉ်ရှိတယ်။ ဇာတ်လမ်းက ဘယ်လိုမျိုးလဲဆိုရင် ဝိဇ္ဇာ ဘိုး တော်တစ်ယောက်အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားတာရှိတယ်။ ရှေးခေတ်နဲ့ အခုပစ္စုပ္ပန်ခေတ်နဲ့ကို ရောပြီးတော့ လုပ်ထားတာရှိပါတယ်။ အချိန်ကာလ အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာမယ့် ဟာသဇာတ်လမ်းလေးပါ။ ဒီဇာတ် လမ်းကို ဘယ်တော့လောက်ချပြနိုင်မလဲဆိုရင် မပြောပြတတ်သေးဘူး။ ဘာကြောင့်လဲဆိုရင် အခု ရိုက်ကူးဖို့လုပ်နေတဲ့ ဇာတ်ညွှန်းတွေကို ဦးစားပေးပြီးလုပ်နေရလို့ပါ။ နောက်ပိုင်းမှာတော့ ရိုက်ကူးဖြစ်မှာပါ”လို့ ဇဏ်ခီက ပြောပြပေးပါတယ်။

လက်ရှိမှာတော့ ခေတ်လွန် ၂ဝ၄ဝ ပြည့်နှစ်ကာလလောက်ကို မှန်းဆပြီး ပုံဖော်နေတဲ့ သီတာလို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကား အတွက် ဇာတ်ညွှန်းရေးသားလျက်ရှိ နေသလို Now & Ever ရုပ်ရှင်ဇာတ် ကားအတွက်ကိုလည်း ဇာတ်ညွှန်းရေးဖွဲ့ လျက်ရှိနေတာမို့ အဲဒီရုပ်ရှင်တွေပြီးမှသာ ဟာသရုပ်ရှင်ဇာတ်ကား ဇာတ်ညွှန်း ဘက်ဆီ ခြေဦးလှည့်မှာ ဖြစ် တယ်လို့ သိရပါ တယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*