ကုန်ဈေးနှုန်းက တက်တယ်၊ ကျွန်တော်တို့ဇာတ်ပို့ဇာတ်ရံ အနုပညာကြေးတွေက လျော့တယ်လေ ဦးဇော်မှိုင်း

ကုန်ဈေးနှုန်းက တက်တယ်၊ ကျွန်တော်တို့ဇာတ်ပို့ဇာတ်ရံ အနုပညာကြေးတွေက လျော့တယ်လေ ဦးဇော်မှိုင်း
May 2, 2018 AsianFame MediaGroup
ကုန်ဈေးနှုန်းက တက်တယ်၊ ကျွန်တော်တို့ဇာတ်ပို့ဇာတ်ရံ အနုပညာကြေးတွေက လျော့တယ်လေ ဦးဇော်မှိုင်း

ဧပြီလကုန်မှာ နိုင်ငံ့ဝန်ထမ်း တွေ လစာတိုးမယ်လို့ သတင်းတွေ ထွက်လာပြီးတဲ့ နောက်မှာတော့ ကုန် စည်ဈေးနှုန်းတွေဟာလည်း တရိပ် ရိပ်နဲ့ ဈေးတက်ဖို့ ဟန်ပြင်လာနေကြ ပါပြီ။ သို့သော် ကုမ္ပဏီ ဝန်ထမ်းတွေ၊ စက်ရုံအလုပ်ရုံက စက်ရုံဝန်ထမ်းတွေ၊ သာမန်လက်လုပ်လက်စားနဲ့ အခြေ ခံလူတန်းစားတွေအတွက်တော့ ကုန် ဈေးနှုန်းမြင့်တက်ဖို့ ဟန်ပြင်နေတဲ့ အရိပ်အယောင်တွေကြောင့် စိတ် သက်သာရာမရ ဖြစ်နေကြပါတယ်။ ထို့အတူပဲ၊ ရုပ်ရှင်လောကထဲက ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာလည်း ငွေကြေးပိုင်း ကျပ်တည်းတဲ့သူတွေ များစွာ ရှိတာမို့ ကုန်ဈေးနှုန်းတက် မယ့် အရိပ်အယောင်တွေဟာ သူတို့ အတွက်လည်း အခက်အခဲ ဖြစ်စေပါ တယ်။

”လစာတိုးတယ်ဆိုတာက နိုင်ငံ့ အမှုထမ်းတွေ ရရှိခံစားကြရမှာဖြစ် တယ်။ ကုန်ပစ္စည်းရောင်းစားနေကြ တဲ့ လူတန်းစားတွေကလည်း သူတို့ ရဲ့ ရောင်းဝယ်မှုကို သာမန်အနေ အထားကနေ ပိုပြီးရောင်းကောင်း အောင်ဆိုပြီးတော့ ကြိုးစားကြတယ်။ သူတို့လည်း ခံစားခွင့်တွေ တက်ချင် တဲ့သဘောနဲ့ ကုန်ဈေးနှုန်းတွေ လိုက် တက်ကြတာဖြစ်မယ်။ အမှန်တော့ ငွေကြေးဆိုတာ လူတိုင်းလိုအပ်နေ တာဗျ။ ကြည့်ရတာ ဝန်ထမ်းတွေ လစာတိုးတိုင်း သူတို့တွေကလည်း ကုန်ဈေးနှုန်းတွေ တိုးပြီးတော့ ခွဲယူ တဲ့သဘောဖြစ်မယ်ဗျ (ရယ်လျက်)။ အဲဒီတော့ သူတို့လည်း ဖြန့်ဝေယူကြ တဲ့ သဘောဖြစ်မယ်။ သူတို့လည်း သူတို့စားဝတ်နေရေးကြောင့် ကုန် ဈေးနှုန်းတွေ တက်ကြတာဖြစ်ပါမယ်။ သူတို့ကို အပြစ်တော့ မဆိုတော့ပါ ဘူးလေ” လို့ ပြောလာသူကတော့ ရုပ်ရှင်လောကထဲက နာမည်ကျော် ဝါရင့် ဇာတ်ပို့သရုပ်ဆောင်ကြီး ဦး ဇော်မှိုင်းပဲ ဖြစ်ပါတယ်။

ဒီကုန်ဈေးနှုန်းကိစ္စရပ်ကြီးကို နိုင်ငံတော် အစိုးရအနေနဲ့ ထိန်းညှိဖို့ ဆိုရာမှာလည်း ကုန်ပစ္စည်းကို ရောင်းစားပြီး အသက်မွေးနေတဲ့ သူ တွေအားလုံးကို လိုက်လံထိန်းမတ်နိုင် ဖို့ဆိုတာ လွယ်ကူနိုင်တဲ့ ကိစ္စတစ်ခု တော့မဟုတ်ကြောင်း ဦးဇော်မှိုင်းက မှတ်ချက်ပြု ပြောဆိုပါတယ်။

”ဘာလို့လဲ ဆိုတော့ အရောင်း အဝယ်လုပ်တယ် ဆိုကတည်းက အမြတ်ရှိချင်လို့ ရောင်းကြတာကိုး။ အဲဒီတော့ ကုန်ဈေးနှုန်းတွေ တင်ပြီး ရောင်းလို့ သူတို့ကို ပိတ်သိမ်းမယ် ဆိုရင်လည်း ခဏပဲ ရလောက်မယ်။ သူတို့သဘောနဲ့ သူတို့ ပြန်ရောင်းဦး မှာပါပဲ။ လိုက်လံထိန်းမတ်ဖို့ဆိုတာ မလွယ်ကူလောက်ဘူးဗျ။ တစ်ခုတော့ ရှိတာပေါ့။ အကြီးစားရောင်းကုန် ပစ္စည်းလို့ သတ်မှတ်ရမယ့် ဆန်၊ ဆီ စတဲ့ ကုန်ဈေးနှုန်းတွေကိုတော့ နိုင်ငံ တော်က ထိန်းချုပ်ကြပ်မတ်ရမယ်။ အဲဒါတွေကို နိုင်ငံတော် အစိုးရကနေ ပြီတော့ ထိန်းကျောင်းလို့ ရတယ်ဗျ။ ဆိုင်ရာအဖွဲ့အစည်းတွေကို ညွှန် ကြားပြီးတော့ ဆန်၊ ဆီ ကုန်ဈေးနှုန်း တွေကို ကြပ်မတ်ထိန်းသိမ်းရမှာဗျ။ အဲဒါလေးကိုတော့ လုပ်ပေးစေချင် တာပဲ။ အရာအားလုံးရဲ့ ကုန်ဈေး နှုန်းကိုတော့ လိုက်ညှိလို့ မလွယ်နိုင် တော့ အကြီးစားရောင်းကုန်ဖြစ်တဲ့ ဆန်၊ ဆီစတာတွေကိုတော့ နိုင်ငံ တော်ကနေ ထိန်းချုပ်လို့ရနိုင်ပါ တယ်။ လုပ်လည်း လုပ်ပေးသင့်တယ်။ ဘာလို့ဆိုရင် အခုက လစာတိုးပေး မယ်ဟေ့လို့ပဲ ကြံစည်တုန်းရှိသေး တယ်။ ကုန်ဈေးနှုန်းတွေက အကုန် တက်ကုန်ပြီလေ။ ဆန်ကုန်ဈေးနှုန်း တက်တာနဲ့ ဆီကုန်ဈေးနှုန်းပါ လိုက် တက်ကုန်ရော။ အဲဒီတော့ အစိုးရ အနေနဲ့ ကုန်ဈေးနှုန်းကို ဟန်ချက်ညီ အောင် လုပ်ပေးစေချင်တာပါပဲ။ မဟုတ်လို့ကတော့ ဈေးနှုန်းတွေက တအားမြင့်ကုန်မှာ။ ဝင်ငွေနဲ့တောင် လောက်မှာ မဟုတ်ဘူး(ရယ်လျက်)” လို့ ဦးဇော်မှိုင်းက သူရဲ့ အမြင်ကို ပြောပြပေးပါတယ်။

ဒါ့အပြင် ကုန်ဈေးနှုန်း ကသာ တစ်နေ့တခြားတက် လာနေပေမယ့် သူတို့ရဲ့ အနုပညာကြေးက တော့ လျော့ကျ နှိမ့်ချပြီးပေးလာ နေတယ်လို့လည်း သက်ပြင်းချရင်း ဦးဇော် မှိုင်းက ပြောပါတယ်။

”ကုန်ဈေးနှုန်းက တက်တယ်။ကျွန်တော်တို့ ဇာတ်ပို့ဇာတ်ရံ အနု ပညာကြေးတွေက လျော့တယ်လေ။ ဟန်ချက်ညီသွားတာပေါ့လေ (ရယ် လျက်)။ တကယ်တော့ ထုတ်လုပ်သူ တွေကလည်း အခက်အခဲလေးတွေ ရှိကြတယ်။ ဇာတ်ပို့ဇာတ်ရံသရုပ် ဆောင်တွေရဲ့ အနုပညာကြေးလေး တွေကို လျှော့ချပြီး လုပ်ကိုင်ပေးမှ သူတို့ဘက်က လည်ပတ်နိုင်တဲ့ အနေ အထားတွေလည်း ရှိပါတယ်။ ဘယ် လောက်တော့ပေးနိုင်တယ်။ ဇာတ်ကား ရိုက်ကူးမလား။ မရိုက်ကူးရင်လည်း နေပေါ့ဆိုရင် ကျွန်တော်တို့ကလည်း မရိုက်လို့က မရပြန်ဘူးလေ။ ကုန် ဈေးနှုန်းတွေက တက်နေတာ။ ကျ သွားတာမှ မဟုတ်တာ။ ရတဲ့ အနု ပညာကြေးနဲ့ ရအောင် ရိုက်ကူးရတာ ပါပဲ။ မိသားစု စားဝတ်နေရေးက လည်း ရှိသေးတယ်လေ” လို့ ဦးဇော် မှိုင်းက ဖွင့်ဟပြောပြခဲ့ပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*