Bella Cosmetics က ဝေဠုကျော်ဖောင် ဒေးရှင်းသို့ ငွေကျပ်၂၅ သိန်းကျပ် လှူဒါန်း

Bella Cosmetics က ဝေဠုကျော်ဖောင် ဒေးရှင်းသို့ ငွေကျပ်၂၅ သိန်းကျပ် လှူဒါန်း
April 30, 2018 AsianFame MediaGroup
Bella Cosmetics က ဝေဠုကျော်ဖောင် ဒေးရှင်းသို့ ငွေကျပ်၂၅ သိန်းကျပ် လှူဒါန်း

ဝေဠုကျော်ဖောင်ဒေးရှင်းက တာဝန်ယူတည်ဆောက်ပေးနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ နယ်ရီနွဲ့ကျေးရွာအုပ်စု တိုတန်ရာ သစ်ကျေးရွာမှာ ဆရာတော်ဦးသုဟိ တဦးစီးတည်ဆောက်နေတဲ့ ”အကယ် ဒမီသီမာသိင်္ဂီသိမ်တော်ဆောက်လုပ် ဖို့အတွက် ငွေကျပ် ၂၅ သိန်းကို ဧပြီ လ ၂၇ ရက်နေ့က Bella Cosmetic က ဝေဠုကျော်ဖောင်ဒေးရှင်းကို လှူ ဒါန်းခဲ့ပါတယ်။ အလှူငွေလှူဒါန်းဖြစ် ပုံနဲ့ပတ်သက်ပြီး Bella Cosmetic ရဲ့ Event Manager ကိုလင်းထိုက် က…

”ကျွန်တော်တို့ မနှစ်က အမျိုး သမီးရေးရာပွဲမှာ အနုပညာရှင် မောင်နှမတွေ ဆုကြေးငွေရရှိထား တာ ကျပ်သိန်း ၅ဝ ရှိတယ်။ အဲဒီ ကျပ်သိန်း ၅ဝ ကို ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ဆရာတော် ဦးသု ဟိတ တည်ဆောက်နေတဲ့ ”အကယ် ဒမီသီမာသိင်္ဂီသိမ်တော်အတွက် ”ကို အနုပညာရှင် မောင်နှမတွေ စုထား တဲ့ ကျပ်သိန်း ၅ဝ ကို လှူဒါန်းခဲ့ကြ တယ်။ အခုသိမ်တော်ဆောက်နေတဲ့ ကုန်ကျစရိတ်က သိန်း ၅ဝ ထက် ကျော်ပြီး ကျပ် ၇၅ သိန်းလောက်ကျ မယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျွန် တော်တို့ Bella မိသားစုကနေ ပြီး လိုနေတဲ့ ကျပ် ၂၅ သိန်းကို ဝေဠု ကျော် ဖောင်ဒေးရှင်းကို ထပ်ပြီးတော့ လှူဒါန်းခဲ့တာပါ” လို့ ပြောပါတယ်။

အလှူငွေ ကျပ် ၂၅ သိန်းကို လက်ခံခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေး ရှင်းတည်ထောင်သူသရုပ်ဆောင် ဝေဠုကျော်ကလည်း ”ပြီးခဲ့တဲ့နှစ် အမျိုးသမီးရေးရာပွဲမှာ ကျွန်တော်တို့ ပါဝင်တင်ဆက်ခဲ့တယ်။ အဲဒီမှာ Bella က ကျွန်တော်တို့ အနုပညာ ရှင်မောင်နှမတွေကို ကျပ်သိန်း ၅ဝ ဆုချတယ်။ အဲဒါ နဲ့ ကျွန်တော်တို့တွေ တိုင်ပင်ပြီး သိမ်တော်ဆောက်ဖို့ အတွေးရခဲ့တယ်။ အဲဒါနဲ့ ကျွန်တော် တို့ ရှမ်းပြည်နယ်တောင်ပိုင်းထဲမှာ ရှိတဲ့ ဘုန်းကြီးကျောင်းမှာ သိမ်တော် ဆောက်လုပ်ခဲ့တယ်။ အစကတော့ ကျပ်သိန်း ၅ဝ နဲ့လောက်မယ် ကျပ် ထင်တာ။ အခုတော့ ကျပ် ၇၅ သိန်း၊ ၈ဝ လောက် ကုန်မယ်လို့ ပြောတော့ Bella ကနေ အခုငွေကျပ်၂၅ သိန်း ထပ်မံလှူဒါန်းပေးတယ်ပေါ့။ ဒီလိုမျိုး လှူဒါန်းပေးလို့လည်း Bella မိသား စုကို ကျေးဇူးတင်ပါတယ်”လို့ ပြောပါ တယ်။

သဲစုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*