ရင်သွေးယူပြီး မိသားစုဘဝကို ခံစားချင်ပါတယ် အကယ်ဒမီ မင်းဦး

ရင်သွေးယူပြီး မိသားစုဘဝကို ခံစားချင်ပါတယ် အကယ်ဒမီ မင်းဦး
April 30, 2018 Leanne Win
ရင်သွေးယူပြီး မိသားစုဘဝကို ခံစားချင်ပါတယ် အကယ်ဒမီ မင်းဦး

သရုပ်ဆောင် မင်းဦးနဲ့ မခိုင်ဝေသူတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ ခုဆိုရင် တစ်နှစ်ကျော်ကျော်ရှိနေပြီဖြစ်ပါတယ်။ ဒီတစ်နှစ်တာအတွင်းမှာ သူတို့ ဇနီးမောင်နှံနှစ်ဦးက သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင် တစ်ခုကို ထူထောင်ထားနိုင်တာ ဖြစ်သလို ဒီထက်သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ မိသားစုလေးတစ်ခုကိုလည်း ပိုင်ဆိုင်ချင်ကြောင်း အကယ် ဒမီ မင်းဦးက ပြောလာပါတယ်။

“အစ်ကိုကတော့ အမှန်အတိုင်းပြောရရင် မိသားစုတစ်ခုကလေးနဲ့ ကိုယ့်ရဲ့ မိသားစုဘဝကို အစ်ကိုလည်းခံစားချင်ပါတယ်။ ဒါပေမဲ့ အဲဒါ က အခုမဖြစ်သေးဘူးပေါ့နော်။ ဘယ်အချိန်ပဲဖြစ်ဖြစ်ပေါ့။ အသက်ကြီး တာ ငယ်တာလည်းမရှိဘူး။ အစ်ကို့အနေနဲ့က ကလေးမရဖို့ကိုလည်း တစ်ခုခုလုပ်ထားတာမရှိဘူး။ ဘယ်အချိန်ဖြစ်ဖြစ် သားသမီးရရင် လိုချင် တယ်”လို့ မင်းဦးက ပြောပါတယ်။ ဒီအချိန်မှာ ရင်သွေးလေးမရရှိသေး ပေမယ့်လည်း ရခဲ့ရင်လည်း သမီးလေးလိုချင်ကြောင်းကို မင်းဦးက “စိတ်ကူးယဉ်တာရှိတယ်။ အစ်ကိုက သမီးလေးလိုချင်တယ်။ သူများတွေလိုပဲ အဲဒီသမီးလေးကို ကုန်းပိုးပြီးသွားချင်တယ်။ လက်ဆွဲပြီးသွားချင်တယ်။ ထမ်းပြီးသွားချင်တယ်။ အဲဒီလိုစိတ်ကူးရှိတယ်။ ဒါပေမဲ့ အဲဒီလိုက အခုချိန်ထိမဖြစ်သေးဘူးဖြစ်နေတယ်”လို့ ထပ်မံ ပြောပြပါတယ်။

သရုပ်ဆောင် မင်းဦးရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ကတော့ ဒါရိုက်တာဘုဏ်းသိုက်ရိုက်ကူးနေတဲ့ ‘စားကျက်’ ရုပ်ရှင်ဇာတ် ကားကို နိုင်းနိုင်း၊ သက်မွန်မြင့်တို့နဲ့ အတူ ပါဝင်ရိုက်ကူးနေပါတယ်။ ရုံတင်ပြသမယ့် ရုပ်ရှင်ဇာတ်ကားတွေနဲ့ပတ်သက်ရင်တော့ မင်းဦးက နေတိုး၊ သင်ဇာဝင့်ကျော်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘မုန်းလို့ ရရင် မုန်းချင်တယ်’ ရုပ်ရှင်ဇာတ်ကားက မကြာခင်မှာ ရုံတင်ပြသတော့ မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းဦးက လုပ်ငန်းရှင်သူဌေး တစ် ယောက်ရဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဇင်မာနွယ်၊
ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*