ငြိမ်းချမ်းရေးရနံ့ တွေသင်းထုံလာတော့မယ့် မြန်မာ့နှစ်သစ်နဲ့ အနုပညာရှင်တို့ ဆုတောင်းစကားသံ (၃)

ငြိမ်းချမ်းရေးရနံ့ တွေသင်းထုံလာတော့မယ့် မြန်မာ့နှစ်သစ်နဲ့ အနုပညာရှင်တို့ ဆုတောင်းစကားသံ (၃)
April 24, 2018 Leanne Win
ငြိမ်းချမ်းရေးရနံ့ တွေသင်းထုံလာတော့မယ့် မြန်မာ့နှစ်သစ်နဲ့ အနုပညာရှင်တို့ ဆုတောင်းစကားသံ (၃)

မြန်မာသက္ကရာဇ် ၁၃၈ဝ ပြည့်နှစ်ကို ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။ မြန်မာနှစ်သစ်ကူးအခါသမယမှာတော့ မြန်မာနိုင်ငံအတွက် အတိတ်နိမိတ်ကောင်းတွေ ပေါ်ထွန်းလို့ လာခဲ့ပြီဖြစ်ပါတယ်။ မြန်မာပြည်သူ၊ ပြည်သားတွေအနေနဲ့လည်း မြန်မာ့နှစ်သစ်အချိန်မှာ လိုအင်ဆန္ဒ ပြည့်စုံမှုတွေနဲ့အတူ တစ်နိုင်ငံလုံး ငြိမ်းချမ်းပါစေလို့ တောင်းဆုပြုရင်း အနုပညာရှင်တို့ရဲ့ ဆုတောင်းမေတ္တာစကားသံများကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

မင်းသွေး

နှစ်သစ်မှာ ပရိသတ်တွေ အ တွက် အဓိကကတော့ ကျန်းမာရေး ပါပဲ။ ကျန်းမာမှ အကုန်လုံးလုပ်နိုင်မှာ ဆိုတော့ ကျန်းမာရေးလည်း ဂရုစိုက် ကြပါ။ နေလည်း သိပ်ပူတယ်ဆို တော့ ရေများများသောက်ကြပါ။ အကုန်လုံးပေါ်မှာ မေတ္တာထားပြီး တော့ စိတ်ကို အေးအေးချမ်းချမ်း လေးဖြစ်အောင် နေထိုင်ကြပါလို့ ဆု တောင်းပေးပါတယ်။
***************

စမိုင်း

နှစ်သစ်မှာပရိသတ်ကြီးအားလုံး အစစအရာရာ အဆင်ပြေကြပါစေ။ အခုဆိုရင် ကမ္ဘာပေါ်မှာလည်း ရေ ကြီးတာတွေ၊ မိုးခေါင်တာတွေ စတဲ့ ကပ်အမျိုးမျိုးတွေ ကြုံတွေ့ ရင်ဆိုင် နေကြရတယ်။ ဒါမျိုးဆိုရင် အစ်မ တို့လည်း ကြောက်ကြတယ်လေ။ ဒါ ကြောင့် အမျိုးမျိုးသော ကပ်ဘေး အန္တရာယ်တွေကလည်း လွတ်ကင်း ကြပါစေလို့ ဆုတောင်းပေးပါတယ်။

***************

မယ်လိုဒီ

မိသားစုတိုင်း နှစ်သစ်မှာ ကိုယ့် ရဲ့သားသမီးတွေနဲ့ နွေးနွေးထွေးထွေး နေနိုင်ကြပါစေ။ ကျန်းမာရေးတွေ လည်း ကောင်းမွန်ပြီး ခရီးတွေလည်း များများ ထွက်နိုင်ကြပါစေလို့ ဆု တောင်းပေးပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*