ငြိမ်းချမ်းရေးရနံ့ တွေသင်းထုံလာတော့မယ့် မြန်မာ့နှစ်သစ်နဲ့ အနုပညာရှင်တို့ ဆုတောင်းစကားသံ(၅)

ငြိမ်းချမ်းရေးရနံ့ တွေသင်းထုံလာတော့မယ့် မြန်မာ့နှစ်သစ်နဲ့ အနုပညာရှင်တို့ ဆုတောင်းစကားသံ(၅)
April 24, 2018 Leanne Win
ငြိမ်းချမ်းရေးရနံ့ တွေသင်းထုံလာတော့မယ့် မြန်မာ့နှစ်သစ်နဲ့ အနုပညာရှင်တို့ ဆုတောင်းစကားသံ(၅)

မြန်မာသက္ကရာဇ် ၁၃၈ဝ ပြည့်နှစ်ကို ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။ မြန်မာနှစ်သစ်ကူးအခါသမယမှာတော့ မြန်မာနိုင်ငံအတွက် အတိတ်နိမိတ်ကောင်းတွေ ပေါ်ထွန်းလို့ လာခဲ့ပြီဖြစ်ပါတယ်။ မြန်မာပြည်သူ၊ ပြည်သားတွေအနေနဲ့လည်း မြန်မာ့နှစ်သစ်အချိန်မှာ လိုအင်ဆန္ဒ ပြည့်စုံမှုတွေနဲ့အတူ တစ်နိုင်ငံလုံး ငြိမ်းချမ်းပါစေလို့ တောင်းဆုပြုရင်း အနုပညာရှင်တို့ရဲ့ ဆုတောင်းမေတ္တာစကားသံများကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

ချမ်းမေမြတ်နိုး

 

အခုဆိုရင် ညီမတို့ မြန်မာလူ မျိုးတွေရဲ့ နှစ်သစ်ကူးအချိန်ကို ရောက်လာပြီ။ နှစ်ဟောင်းကို ကျော် ဖြတ်လို့ နှစ်သစ်မှာပရိသတ်တွေ လည်း ကိုယ်လိုချင်တဲ့ဆန္ဒတွေ ပြည့် ဝပြီး ကိုယ်ကျန်းမာစိတ်ချမ်းသာရှိကြပါစေ။ ပျော်ရွှင်မှုတွေများစွာပိုင်ဆိုင် နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ဘီလီလမင်းအေး

ဖူးရဲ့ ချစ်ရတဲ့ပရိသတ်ကြီး နှစ် သစ်မှာ ပျော်ရွှင်ကြပါစေ။ အလုပ် အကိုင်တွေကောင်းပြီးတော့ လာဘ် လာဘတွေလည်း ဝင်ကြပါစေ။ နှစ် သစ်မှာ အသစ်သစ်သော ပျော်ရွှင်မှု တွေနဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဖူး က ဆုတောင်းပေးပါတယ်။

စုလင်းရှိန်

နှစ်သစ်မှာ အားလုံးပျော်ရွှင် ကြပါစေ။ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ။ စီး ပွားရေး အလုပ်အကိုင်များလည်း အ ဆင်ပြေကြပါစေ။ လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ။

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*