မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား သံဃာတော်အပါး ၁ဝ၈ဝ တို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား သံဃာတော်အပါး ၁ဝ၈ဝ တို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်
April 24, 2018 AsianFame MediaGroup
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား သံဃာတော်အပါး ၁ဝ၈ဝ တို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ပွဲနှင့် မဟာသုဝဏ္ဏ ပါသောဒ ရွှေကျောင်းတော်ကြီးအား ရွှေစင်၊ ရွှေပြား၊ ရွှေသင်္ကန်း ဆက်ကပ်ခြင်း ရေစက်ချမင်္ဂလာကို ဧပြီ ၂၂ ရက် နံနက် ၇ နာရီတွင် မဟာမုနိဘုရားရင်ပြင်တော်၊ မိုးကောင်းဓမ္မာရုံ၌ ကျင်းပမည်ဖြစ်ကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့မှ သိရသည်။

”ကျွန်တော်တို့ ဂေါပကလက်ထက် တစ်နှစ်နဲ့ဆယ်လတာကာလအတွင်း အဘက်ဘက်မှတိုးတက်အောင် မနားမနေ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ကျောင်းတော်ကြီး အတွင်းပိုင်း၊ မဟာရံတံတိုင်း သုံးထပ် အတွင်း ပိုင်းနဲ့ ၄၅ တာတစ်ခုလုံး အတွင်းပိုင်းဆိုပြီး ပိုင်းခြားဆောင်ရွက်လျက်ရှိပါတယ်။ အခုအချိန်မှာ ရုပ်ရှင်တော် မြတ်ကြီး၊ ပြာသာဒ်တော်ကြီးနဲ့ပတ်သက်ပြီး ဆောင်ရွက်ဖွယ်ရာများကို ပြည့်စုံစွာဆောင်ရွက်နိုင်ခဲ့ပါပြီ။ ရုပ်ရှင် တော်မြတ်ကြီးရဲ့ နဖူးတော်ရောင်တော်ဖွင့်ခြင်း၊ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ကျောင်းတော်ကြီး အတွင်းနံရံများပြုပြင်၍၊ ရွှေသင်္ကန်းအသစ်ဆက်ကပ်ခြင်း၊ ပလ္လင်တော်ကြီးကိုလည်း ရွှေသင်္ကန်း ဆက်ကပ်ပြီး စီးခြင်း၊ အတွင်းတော်တွင် ပူဇော်ထားသော မီးလုံးများအစား ဖန်သားမျှင်အလင်းကြိုးဖြင့် ကမ္ဘာ့အဆင့်မီ စနစ်သစ်ဖြင့် ပြောင်းလဲထွန်းညှိပူဇော်ခြင်း၊ ပြာသာဒ်တော်တစ်ခုလုံး ရွှေစင်ရွှေပြားနှင့် မျက်ပါးရွှေ ၂၈ ပိဿာကျော်အသုံးပြု၍ ဆက်ကပ်ပြီးစီးခြင်း၊ ပြာသာဒ်တော်ကြီး အမိုးတစ်ခုလုံး မိုးယိုစိမ့်မှုမဖြစ်အောင် ထပ် ပိုးလွှာအပါးဖြင့် ပြုပြင်ပြီးခြင်း၊ ကျောင်းတော်ကြီးပေါ်ရှိ မီးတိုင် ၃၆ တိုင်ကို ဖယ်ရှား၍၊ ထောင့် လေးထောင့်မှ မီးတိုင်နှင့် မီးလုံး အသစ်များ တပ်ဆင်ပူဇော်ခြင်းစတဲ့ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ပါတယ်။ ဤသို့ ဆောင်ရွယ်ဖွယ်ကိစ္စ္စများ အောင်မြင်ပြီးစီးပြီဖြစ်တာကြောင့် ရုပ်ရှင်တော်မြတ်ကြီးကို သံဃာတော်အပါး ၁ဝ၈ဝ တို့နဲ့ အနေကဇာတင် ပူဇော်မှာဖြစ်ပါတယ်။ လာရောက်ကြည်ညိုကြမယ့် ပရိသတ်အားလုံးကိုလည်း စတုဒိသာနဲ့ ကျွေးမွေးဧည့်ခံမှာဖြစ်ပါတယ်”ဟု မဟာမုနိဘုရားဂေါပက ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောကြားသည်။

မဟာမုနိရုပ်ရှင်တော်ဘုရား အနေကဇာတင်ပူဇော်ပွဲကို ဧပြီ ၂၂ ရက် နံနက် ၇ နာရီအချိန်တွင် စတင်မည် ဖြစ်ပြီး နံနက် ၈ နာရီ ခွဲ တွင် အဘိဓဇမဟာရဋ္ဌဂုရုနှင့်အဂ္ဂမဟာပဏ္ဏိတဘွဲ့ ဆက်ကပ်ခြင်းခံရ သော မထေရ်ကြီးများနှင့် သြဝါဒါ စရိယ ဆရာတော်ကြီးများအပါအဝင် သံဃာတော်ပေါင်း ၅၂ ပါး ရှေ့ မှောက်တွင် ရေစက်သွန်းချ အမျှအတန်းပေးဝေကြမည်ဖြစ်ကြောင်း သိရှိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*