ဘာသာဗေဒနှင့်ကျွန်တော်(၁၀)

ဘာသာဗေဒနှင့်ကျွန်တော်(၁၀)
April 24, 2018 Leanne Win
ဘာသာဗေဒနှင့်ကျွန်တော်(၁၀)

၂ဝဝ၃ ခုနှစ်နှင့် ၂ဝဝ၄ ခုနှစ်တို့ တွင် ထိုင်းနိုင်ငံမှာ ကျင်းပသော နိုင်ငံတကာဆွေးနွေးပွဲများသို့ ကျွန် တော်စာတမ်းသွားဖတ်ရသည်။ ဘာ သာဗေဒလေ့လာမှုအတွက် ပို၍မျက် စိပွင့်လာရသော အတွေ့အကြုံများ ဖြစ်သည့် ၂ဝဝ၃ ခုနှစ်တွင် ထိုင်း နိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ် မှာ ကျင်းပသော ‘ကိုလိုနီခေတ်လွန် ရသစာပေဆိုင်ရာ ဆွေးနွေးပွဲ’သို့ တက်ရောက်၍ စာတမ်းဖတ်ရန် ပညာရေးဝန်ကြီးဌာနက ကျွန်တော့် ကို တာဝန်ပေးသည်။ စာတမ်းလည်း ပြုစုသွားရသည်။ Myanmar Post Colonial Literature စာတမ်းကို အချိန်မီပြုစုပြီး သွားရသည်။ ထိုင်းမှ မပြန်မီ အိမ်ရှင်ပါမောက္ခဖြစ်သော အနှိုင်းစာပေဌာန ပါမောက္ခ Dr.Tri-silpa Bankachun ဒေါက်တာ ထရိဆီလပါးဘွန်ကာချွန်ကို ကျွန် တော်က စာအုပ်ဆိုင်လိုက်ပို့ရန် မေတ္တာရပ်ခံသဖြင့်Kinokunia စာ အုပ်ဆိုင်သို့ လိုက်ပို့သည်။ ထိုစာအုပ် ဆိုင်မှ သမိုင်းဘာသာဗေဒဆိုင်ရာ စာအုပ်များဝယ်ဖြစ်ခဲ့သည်။ ဘာသာ ဗေဒလေ့လာမှုအတွက် အထောက် အကူဖြစ်ပါသည်။

၂ဝဝ၄ ခုနှစ်တွင် လည်း ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာ AVN ကျင်းပသော ‘မိခင်ဘာသာ စကားကို နိုင်ငံခြားဘာသာအဖြစ် သင်ကြားရေး’ နိုင်ငံတကာဆွေးနွေး ပွဲသို့ ကျွန်တော့်ကိုပင် လွှတ်ပြန် သည်။ သည်တစ်ကြိမ်မှာတော့ နိုင်ငံ ခြားကျောင်းသားများကို မြန်မာဘာ သာစကားသင်ကြားရာတွင် တွေ့ရ သော စကားသံပြဿနာများကို စာ တမ်းပြုစုသည်။ ဆွေးနွေးပွဲမှာ အသက် ၃ဝ ကျော် ၄ဝ ခန့် ထိုင်း ဆရာမကလေးများ အင်္ဂလိပ်ကို သွက်သွက်လက်လက်ပြောပြီး ဘာ သာဗေဒစာတမ်းများ ဖတ်ကြ ဆွေး နွေးကြသည်ကိုကြည့်ရင်း စိတ်ထဲက ချီးကျူးမိသည်။ သူတို့၏ ကိုယ်ရေး မှတ်တမ်းများကိုဖတ်ကြည့်မှ အမေရိ ကန်တက္ကသိုလ်များမှာ ပညာသင်ပြီး ဘာသာဗေဒပါရဂူဘွဲ့ရလာသူတွေ ဖြစ်ကြောင်း သိရတော့သည်။ “တို့ဆီ က ဆရာမကလေးတွေ အဲဒီလိုအခွင့် အရေးရရင် သိပ်ကောင်းမှာပဲ”ဟု တွေးမိသည်။ ကမ္ဘောဒီးယား၊ ဗီယက် နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား ပညာရှင်များနှင့်အတူ တူ စာတမ်းဖတ်ရင်း စကားပြောရ သည့်အတွက် အကျိုးရှိပါသည်။ အိမ် ရှင်ပါမောက္ခက ထိုင်းဘာသာဗေဒ ပညာရှင်၊ အမည်မှာ Dr w.Sompun ဒေါက်တာဆွန်ပွန်ဟု သိရပါသည်။

ထိုကာလတွင် ကျွန်တော်က ရေးဟန်ပညာStylistics စာအုပ် များ၊ စာတမ်းများကို လက်လှမ်းမီသ လောက်ရှာဖတ်သည်။ ပါရဂူအကြို သင်တန်းမှာလည်း သင်ကြားပေး သည်။ ရေးဟန်သည် စာပေအထူး ပြုသူများနှင့်ရော၊ ဘာသာစကား အထူးပြုသူများနှင့်ရော သက်ဆိုင် သည့်အတွက် ရေးဟန်သင်ချိန်တွင် ဘာသာအထူးပြုနှင့် စာပေအထူးပြု ၂ တန်းပေါင်းပြီး သင်သည်။ သူတို့ ကျမ်းပြုသောအခါ ရေးဟန်ကို စိတ် ဝင်စားသူများက ရေးဟန်လေ့လာ သည့် ကျမ်းများပြုစုကြသည်။ ရေး ဟန်ဖြင့် ဦးဦးဖျားဖျားကျမ်းပြုသူများ ကို မှတ်မိနေသည်။ မချိုချိုမြင့် (ယခု ထားဝယ်တက္ကသိုလ်၊ ဒုတိယ ပါ မောက္ခချုပ် ဒေါက်တာချိုချိုမြင့်)က ပါဠိနိဿယဆန်သော မြန်မာစကား ပြေ ရေးဟန်ကို သုတေသနပြုသည်။ ကိုစိုးနိုင် (ယခု ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် မြန်မာစာပါမောက္ခဌာန မှူး ဒေါက်တာစိုးနိုင်)က ဆရာဇော် ဂျီ၏ ရေးဟန်ကို သုတေသနပြုသည်။ မရွှေစင်အောင် (ယခုထားဝယ်တက္က သိုလ် မြန်မာစာ တွဲဖက်ပါမောက္ခ ဒေါက်တာ ရွှေစင်အောင်)က ဆရာ မောင်ထင်၏ ရေးဟန်ကို သုတေသန ပြုသည်။ သူတို့ကျမ်းပြုစဉ် ရေးဟန် သဘောတရားနည်းနာဆိုင်ရာ စာ တမ်းများ၊ စာအုပ်များကို ရှာဖွေလေ့ လာကြရသည်။ ကျွန်တော်လည်း တော်တော်ဖတ်ဖြစ်သွားပါသည်။ မှတ်မှတ်ရရ ဒေါက်တာစိုးနိုင်၏ ကျမ်းကို ပြင်ပစာစစ်အဖြစ် စစ်ဆေး ပေးပါရန်’ ဇော်ဋီကာ’ပြုစုသော စိတ် ပညာရှင်ဆရာကြီး ဒေါက်တာကျော် စိန်ကို မေတ္တာရပ်ခံရာ ဆရာကြီးက စိတ်ဝင်တစားလက်ခံပြီး စစ်ဆေးပေး ပါသည်။
ဤကာလတွင် ကျွန်တော်တို့ ဌာနမှာ ရေးဟန်ကို ပုတ်ခတ်ပြောဆို သူများ ပေါ်ပေါက်လာသည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ရသည်။

လေ့လာကြည့်သောအခါ ထိုသူများ မှာ ဘာသာဗေဒနှင့် လုံးဝမနီးစပ် သော ဆရာဆရာမများ ဖြစ်နေသည် ကို တွေ့ရသည်။ သူတို့က စာသင် ကြားရာတွင် ထုံးတမ်းစဉ်လာအတိုင်း အကြောင်းအရာပိုင်း၊ အရေးအသား ပိုင်း ဟူ၍သာခွဲပြီး ခြုံ၍သုံးသပ်သင် ကြားသော ပုံစံနှင့် ရင်းနှီးသည့် ရေး ဟန်ကို သဘောတရားနည်းနာများ နှင့်အညီ စနစ်တကျခွဲခြမ်းစိတ်ဖြာ၍ လေ့လာသော ပုံစံနှင့် အကျွမ်းတဝင် မရှိကြ။ ရေးဟန်လေ့လာရာတွင် စာ တစ်ပုဒ်အဖြစ် ဖွဲ့စည်းထားသော စကားအသုံးအနှုန်း၊ ပုဒ်၊ ဝါကျ၊ အဆက်အစပ်၊ လေသံ စသည်တို့ကို တစ်ဆင့်ပြီး တစ်ဆင့် ခွဲခြမ်းစိတ်ဖြာ ကြည့်ရမြဲဖြစ်သည်။ ဖော်ပြပါပုဂ္ဂိုလ် များက ထိုသို့ခွဲခြားစိတ်ဖြာသည်ကို သဘောမကျကြ။ ခွဲခြမ်းစိတ်ဖြာကြည့် လျှင် လူကို ၃၂ ကောဋ္ဌာသခွဲကြည့် သလို အစိတ်စိတ်အâမွှာâမွှာ ဖြစ်ကုန် သည်။ စာ၏အလှပျက်သည်ဟု တစ် ချိန်က စာပေသမားအချို့ မလိုတမာ ပြောသည့် စကားကို သံယောင်လိုက် ပြီး ပြောကြသည်။ ရေးဟန်လေ့လာ လျှင် အသေးစိတ်ခွဲကြည့်မှ အင်္ဂါ လက္ခဏာများ၏ အရည်အသွေးကို ထင်ထင်ရှားရှားမြင်ရပါလိမ့်မည်။ ခွဲ ခြမ်းစိတ်ဖြာကြည့်ပြီးနောက် ပြန် လည်ဆက်စပ်ပေါင်းစည်းကာ စာ၏ အရည်အသွေးကို တန်ဖိုးဖြတ်ရခြင်း သည် ရေးဟန်၏အလုပ်ဖြစ်သည်။

ခွဲခြမ်းစိတ်ဖြာသည်ကို အပြစ်ဆိုနေ ကြသူများအား “ဒူးရင်းသီး စားချင် ရင်တော့ ခွဲကြည့်မှဖြစ်မှာပဲ၊ မခွဲဘဲ စားရင် ဆူးတွေ စားမိမှာပေါ့”ဟု ပြောမိသည်အထိ ဖြစ်ပါသည်။ ရေး ဟန်နှင့် ပတ်သက်သော စာတစ်ပုဒ် တလေမှ မဖတ်ဖူးသူမျိုးကလည်း “ရေးဟန်ဆိုတာ သေးသေးလေးပဲ၊ အရေးအသားလေ့လာမှ ကျယ်ပြန့် တာ”ဟု ထင်ရာမြင်ရာ ဝင်ပြောတတ် သည်။ ထိုသို့အပြစ်တင်ချင်စရာဖြစ် အောင် ရေးဟန်လေ့လာသူများဘက် က အတွေ့အကြုံနည်းသေးခြင်း၊ ပညာရပ်နှင့်ပတ်သက်၍ အလား အလာနည်းသေးခြင်း၊ အချို့နေရာ များတွင် ပုံစံခွက်ထဲထည့်ပြီး လေ့လာ သလို ဖြစ်သွားခြင်းကို ရှိတန်သ လောက်ရှိပါသည်။ သို့သော်စနစ်တ ကျလေ့လာထားသူများလည်း အများ အပြားရှိနေပါပြီ။ ကျွန်တော်က “ရေး ဟန်ပညာနဲ့ လေ့လာတဲ့စာတမ်းတွေ ကမ္ဘာမှာထောင်ချီပြီး ရှိနေပါပြီ။ ရေး ဟန်ဆွေးနွေးပွဲတွေလည်း ရာချီပြီး ရှိနေပါပြီ”ဟု ရှင်းပြရသည်။ ပညာ ရပ် အသစ်တစ်ခုကို စတင်သင်ကြားဖို့ ကြိုးစားရာတွင် တွေ့ကြုံရသော ပြဿနာများကို တင်ပြခြင်းဖြစ်ပါ သည်။

အောင်မြင်မှုသာဓက တစ်ခုကို လည်း ဖော်ပြလိုပါသေးသည်။ ဆရာ ဇော်ဂျီအထိမ်းအမှတ်စာတမ်းဖတ်ပွဲ တစ်ခုကို ထိုစဉ်က ကုန်သည်ကြီးများ အသင်းဟိုတယ်တွင် ကျင်းပရာ မြန် မာစာဌာနမှ ဒေါက်တာစိုးနိုင် က ဆရာဇော်ဂျီ၏ ဝတ္ထုတိုရေးဟန်ကို ရေးဟန်ပညာရှုထောင့်က လေ့လာ သော စာတမ်းကို ဖတ်ကြားသည်။ စာတမ်းဖတ်ပွဲပြီးသွားသောအခါ ဆရာမောင်ဆုရှင်၊ ဆရာမ မစန္ဒာ စသောစာရေးဆရာများက ဒေါက် တာစိုးနိုင်ကို လက်ဆွဲနှုတ်ဆက်ပြီး ချီးကျူးစကားဆိုကြသည်။ ဆရာ မောင်ဆုရှင်က “ဆရာတို့ဌာနမှာ ရေးဟန်ပညာသင်နေတာပေါ့နော်” ဟု ကျွန်တော့်ကို မေးသည့်အတွက် ကျွန်တော်က ရှင်းပြရာ ဆရာက ဝမ်း သာကြောင်း ပြောပါသည်။ ရေးဟန် ပညာလေ့လာနေသော တက္ကသိုလ် မြန်မာစာဆရာများကို ပြင်ပစာပေ လောကက အသိအမှတ်ပြုအလေး ထားသည့် သာဓကဖြစ်ပါသည်။ နောက်ပိုင်းမှာ ရေးဟန်ပညာရှု ထောင့်မှ သုတေသနပြုသော ပါရဂူ ကျမ်းများ ဆက်လက်ပေါ်ထွက်ပါ သည်။ ဘာသာစကားအထူးပြုသူများ ကိုရော စာပေအထူးပြုသူများပါ ရေးဟန်ပညာဖြင့် ကျမ်းပြုကြသည်။ ဘာသာစကားအထူးပြုသူက သက် ဆိုင်ရာ စာရေးဆရာ၏ စာပေတွင် အသုံးပြု ထားသော ဘာသာစကားကို ပဓာနပြု၍ လေ့လာသည်။ စာပေ အထူးပြုသူက သက်ဆိုင်ရာစာရေး ဆရာက စာပေအရည်အသွေးပေါ် အောင် ဘာသာစကားကို မည်သို့ အသုံးပြုကြောင်းကို ပဓာနပြု၍ လေ့လာသည်။ ရေးဟန်ပညာသည် ဘာသာစကားလေ့လာမှုနှင့် စာပေ လေ့လာမှုတို့၏ ‘ဆုံမှတ်’ဖြစ်သည့် အလျောက် ဘာသာစာပေဟူသော နှစ်ဖက်စလုံးက လေ့လာနိုင်သည့် ပညာရပ်ဖြစ်ပြီး အလေးပေးပုံချင်း သာ ကွာခြားသည်ဟု နားလည်ရပါ သည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*