ဗိုလ်တထောင် စေတီတော်ရှိ ဗုဒ္ဓ ဆံေ​တ်ာမြတ်အား ​ရွှေတိဂုံ စေတီတော်သို့ ပင့်ဆောင်

ဗိုလ်တထောင် စေတီတော်ရှိ ဗုဒ္ဓ ဆံေ​တ်ာမြတ်အား ​ရွှေတိဂုံ စေတီတော်သို့ ပင့်ဆောင်
April 23, 2018 AsianFame MediaGroup
ဗိုလ်တထောင် စေတီတော်ရှိ ဗုဒ္ဓ ဆံေ​တ်ာမြတ်အား ​ရွှေတိဂုံ စေတီတော်သို့ ပင့်ဆောင်

ဗိုလ်တထောင်ကျိုက်ဒေးအပ်မြော်ဆံတော်ဦးစေတီတော်ရှိ ဗုဒ္ဓဆံတော် ရှင်မြတ်အား အများပြည်သူတို့ ဖူးမြော်ကြည်ညိုနိုင်ကြစေရန် ရွှေတိဂုံစေတီ တော်ဆီသို့ ဧပြီလ၁၉ရက်နေ့ နံနက် ၅ နာရီခွဲက ပင့်ဆောင်ခဲ့ပြီဖြစ်​ပါတယ်။

ဗုဒ္ဓဆံတော်ရှင်မြတ်ကို ရန်ကုန်တိုင်းဒေသကြီး အ​ရှေ့ပိုင်းခရိုင်​၊အ​နောက်​ပိုင်းခရိုင်​၊​တောင်​ပိုင်း ခရိုင်​နှင့်​ ​မြောက်​ပိုင်း ခရိုင်​တို့ရှိ မြို့နယ်​​ပေါင်း၄၂မြို့နယ်​တို့မှ သံဃာ​တော်​အပါး ၄၅ဝဝဖြင့်​ ​မေတ္တာသုတ်​ရွတ်​ဆိုကာ ပင့်​​ဆောင်​ခြင်း ဖြစ်​ပါတယ်​။ ထိုသို့ ပင့်ဆောင်ရာတွင်​ ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနား လမ်း၊ သိမ်ဖြူလမ်း၊ ကန်ရိပ်သာလမ်း၊ နတ်မောက်လမ်းနှင့်ဗဟန်းကြား တောရ လမ်းအတိုင်း(​ရွှေတိ ဂုံစေတီတော်အရှေ့ဘက်မုခ်)များမှလှည့်လည်ပင့်ဆောင်​ပြီးအပူဇော်ခံတာ ဖြစ်​ပါတယ်​။

ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ရှိ ဗုဒ္ဓဆံတော် ရှင်မြတ်ကို ဧပြီလ ၁၉ ရက်နေ့ မှ ဧပြီလ ၂၄ရက်နေ့အထိ ရွှေတိဂုံစေတီ တော်မှာ ဖူးမြော်ကြည်ညိုနိုင်ကြမှာဖြစ်​ပါတယ်​။

သီဟ

ဓာတ်​ပုံ-​အောင်​နိုင်​စိုး(ကစ္ဆပ)

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*