နယ်ကလာရတာဖြစ်တာကြောင့် တစ်ယောက်တည်းရုန်းကန်ခဲ့ရတယ်ဆိုတဲ့ ခေးဆက်သွင်

နယ်ကလာရတာဖြစ်တာကြောင့် တစ်ယောက်တည်းရုန်းကန်ခဲ့ရတယ်ဆိုတဲ့ ခေးဆက်သွင်
April 23, 2018 Leanne Win
နယ်ကလာရတာဖြစ်တာကြောင့် တစ်ယောက်တည်းရုန်းကန်ခဲ့ရတယ်ဆိုတဲ့ ခေးဆက်သွင်

 

 

‘ပန်းပွင့်နဲ့လိပ်ပြာကျောင်းသား’ ဟာသဇာတ်လမ်းတွဲမှာ ရုပ်ဆိုးမ လေး ကာရိုက်တာနဲ့စတင်ခဲ့ပြီး ပရိသတ်တွေရဲ့ လက်ခံမှုကို ရရှိလာတဲ့ ခေးဆက်သွင်ကတော့ နောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲတွေမှာ ကာရိုက်တာမျိုးစုံနဲ့ ရိုက်ကူးလာတာကို တွေ့ရပါတယ်။ အနုပညာ ခရီးစတင် ခဲ့တဲ့ ဇာတ်လမ်းတွဲအပေါ်မှာတော့ ရူးသွပ်မှုပိုများတယ် ဆိုတဲ့ ခေးဆက် သွင်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲ အသစ်တွေက …

“ဇာတ်လမ်းတွဲ ရိုက်ကူးတဲ့အခါမှာ ခေးကအရင်ကဆို ဟာသတွေများပါ တယ်။ အခုလည်းခေးစီးရီးအသစ်ကို ရိုက်ထား ပါတယ်။ မေလထဲမှာလည်း ခေးပါဝင်သရုပ်ဆောင်ထားတဲ့ ‘အရိပ်’ ဆိုတဲ့ ဇာတ်လမ်းတွဲ လေးလည်း လွှင့်တော့မှာပါ။ နောက်ထပ်လည်း ‘သာမိုမီတာ’ဆိုတဲ့ စီးရီးကိုလည်း ရိုက်ထားပါတယ်။ ခေးကိုလည်း ပရိသတ်တွေသိတာက ဇာတ်လမ်းတွဲ နဲ့ဆိုတော့ ဇာတ်လမ်းတွဲအပေါ်မှာခေးက ပိုပြီးရူးသွပ်ခဲ့ပါတယ်။ ဇာတ်လမ်းတွဲနဲ့ပဲ သရုပ်ဆောင်အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပေမယ့် အခုတော့အပြင် ရုပ်ရှင်ရုံကြီးကားတွေလည်း ခေးရိုက်နေပါပြီ”လို့ ခေးဆက် သွင်က ပြောပြပါတယ်။

MRTV-4နဲ့ စာချုပ်ရှိသလိုအပြင် ဇာတ်ကားရိုက်ကူးမှု တွေ လည်း လက်ခံရိုက်ကူးနေတဲ့ ခေးဆက်သွင်အတွက်ရုပ်ရှင် နဲ့ဇာတ် လမ်းတွဲရိုက်ကူးမှုကွာခြားချက်တွေက …

“ခေးက အနုပညာလုပ်ဖို့ နယ်ကနေတက်လာ ခဲ့တာဖြစ်တယ်။ တစ်ယောက်တည်းရုန်းကန်ခဲ့ရတာဖြစ် တဲ့အတွက် အခုဒီနေရာ ဒီအနေအထားက ခေးလိုချင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်ရှင့်။ ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်က တော့ မတူပါဘူး။ ရုပ်ရှင်ကတော့ ကျယ်ကျယ် ပြန့်ပြန့်နဲ့ ပရိသတ်ပိုပြီး သိကြတယ်။ ဇာတ်လမ်းတွဲကျတော့ နယ်ဘက် တွေကို ရောက်တယ်။ ရုပ်ရှင်ကတော့ မြို့ပိုင်းတွေမှာ ပိုပြီးပျံ့နှံ့ တယ်။ ခေးအတွက် ဇာတ်လမ်းတွဲကတော့ လက်ဦးဆရာတွေ လိုပါပဲ”လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*