ဇာတ်ကားတွေ ရိုက်ချင်ပါသေးတယ် သခင်ကြီး (သို့မဟုတ်) ဦးစံမြင့်

ဇာတ်ကားတွေ ရိုက်ချင်ပါသေးတယ် သခင်ကြီး (သို့မဟုတ်) ဦးစံမြင့်
April 23, 2018 AsianFame MediaGroup
ဇာတ်ကားတွေ ရိုက်ချင်ပါသေးတယ် သခင်ကြီး (သို့မဟုတ်) ဦးစံမြင့်

ဗီဒီယိုဇာတ်ကားတွေမှာ နယ်ပိုင်၊ မြို့ပိုင်၊ ရာဇဝတ်ဝန်ထောက် အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်ကြီး ဦးစံမြင့်ကိုပရိသတ် တွေအမှတ်ရမိမှာပါ။ သူ့ကို သခင်ကြီးလို့လည်း ပရိသတ်တွေသိကြ မှာဖြစ်ပြီး သူ့ရဲ့ဇာတ်ရုပ် ပီပြင်မှု ကြောင့် ပရိသတ်တွေရဲ့ အား ပေးမှုကိုရရှိခဲ့သူတစ်ဦးရယ်ပါ။ အခုအချိန်မှာတော့ သူ့ရဲ့အသက်က ၈၇ နှစ်ရှိပြီဖြစ်ပြီး ကျန်းကျန်းမာမာနဲ့ နေထိုင်လျက်ရှိပါတယ်။

”ရုပ်ရှင်လောကကနေ နားတယ်လို့တော့မဟုတ်ပါဘူး။ အနုပညာသမားဆိုတာက တော့ အလုပ်ကတော့လုပ်နေရတာပါပဲ။ အလုပ်ကိုက သိပ်မကောင်းတာကိုးလေ။ ဇာတ်ကားတွေကတော့ မရိုက်ကူးဖြစ်တာတော်တော်ကြာပြီ။ ဘာ ကြောင့် လဲဆိုတော့ ကုန်ကျ စရိတ် တွေနဲ့ ဘာတွေနဲ့ဆိုတော့လေ။ ပြီး တော့ အခြေအနေအရပ်ရပ်ကလည်း အကုန်လုံးပြောင်းသွားတော့ ဟိုး တုန်းက ရိုက်ကူးခဲ့တဲ့ ဇာတ်ကားမျိုး တွေကို မရိုက်ကူးနိုင်ကြတော့ဘူး။ အဲဒါကြောင့်ပါ။ ဇာတ်ကားတွေကတော့ ရိုက်ကူးပါတယ်။ အလုပ်က လုပ်မှစားရတာကိုးလေ။ လောလော ဆယ်တော့ လက်ခံ ထားတဲ့ ဇာတ်ကားတွေမရှိပါဘူး” လို့ ဇာတ်ကားရိုက်ကူး မှုပိုင်းနဲ့ပတ်သက်လို့ ဦးစံမြင့်က ပြောပါတယ်။ ရုပ်သံတွေကနေ ထုတ် လွှင့်တဲ့ဇာတ်ကား တွေမှာတော့ သူ့ရဲ့ သရုပ်ဆောင်မှုတွေကို ပြန်လည်မြင် တွေ့ရ မှာဖြစ်ပြီးသူ့အနေနဲ့လည်း ပြန်ကြည့်ဖြစ်တယ်လို့ ပြောပါ တယ်။

”ပရိသတ်တွေကလည်း တအား အားပေးပါတယ်။ ရိုက်လည်းရိုက် ချင်တယ်။ နယ်ရောမြို့ရောက ပရိသတ်တွေ ကလည်း ကားတွေ ဆက်ရိုက်ပေးပါလို့ ပြောကြတယ်။ သို့သော်လည်း ထုတ်လုပ်တာကို မထုတ်လုပ်နိုင် တဲ့အခြေ အနေမှာ ရှိနေတယ်။ ခေတ်အခါလိုက်ပေါ့လေ။ ရိုက်ကူး နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ပရိသတ်ကိုပြချင် ပါသေး တယ်” လို့ သူ့အနေနဲ့ ဇာတ်ကားတွေ ရိုက်ကူးပြီး ပရိသတ်ကို တင်ဆက်ချင်သေးတဲ့အကြောင်း ဦးစံမြင့်ကပြောပါ တယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*