မြန်မာသံကို ချစ်မြတ်နိုးပြီး မြန်မာမှုကိုထိန်းသိမ်းပေးပါလို့ ပရိသတ်ကို တောင်းဆိုလိုက်တဲ့ အိအိချွန်

မြန်မာသံကို ချစ်မြတ်နိုးပြီး မြန်မာမှုကိုထိန်းသိမ်းပေးပါလို့ ပရိသတ်ကို တောင်းဆိုလိုက်တဲ့ အိအိချွန်
April 9, 2018 Leanne Win
မြန်မာသံကို ချစ်မြတ်နိုးပြီး မြန်မာမှုကိုထိန်းသိမ်းပေးပါလို့ ပရိသတ်ကို တောင်းဆိုလိုက်တဲ့ အိအိချွန်

အိအိချွန်၊ အိအိမွန်ဆိုတဲ့ ညီအစ်မနှစ်ယောက်လို့ ပြောလိုက်ရင် သေချာ တယ်။ မြန်မာသံစဉ်တွေ သီဆိုကြတဲ့ မြန်မာသံအဆိုတော်တွေ။ အနုပညာလောကမှာ ညီအစ်မ နှစ်ယောက်လက်တွဲပြီး လျှောက်လှမ်းဖြစ်တော့ ပိုပြီးအားရှိမှာအမှန်ပါ ပဲ။ ထူးခြားတာက ညီအစ်မနှစ်ယောက်စလုံးရဲ့ ပရော်ဖက်ရှင်နယ်အလုပ်က အဆို တော်ဖြစ်သလို နှစ်ယောက်စလုံးကလည်း မြန်မာမှု၊ မြန်မာ့ဂီတကို ချစ်မြတ်နိုး သူတွေပေါ့။ ဒီခေတ်ကြီးထဲမှာ မြန်မာသံစဉ်ကို ချစ်မြတ်နိုးတယ်ဆိုတာ တော် တော်ရှားသွားပါပြီ။ ညီအစ်မ နှစ်ယောက်အတူတူ လျှောက်လှမ်းဖြစ်တဲ့အခါ တစ်ခါတလေ စိတ်အခန့်မသင့်တာမျိုး၊ တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်တာမျိုးရောရှိလားလို့ အရွှန်းဖောက်လိုက်တော့ သူတို့ ရယ်ကြ ပါတယ်။

“ရှိတာပေါ့။ ဒါပေမဲ့ ကြာကြာ စိတ်မကောက်နိုင်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ချစ်တာကိုး။ ညီအစ်မနှစ်ယောက်က တစ်ခါတလေ စိတ် ကောက်ကြတယ်။ ဒါပေမဲ့ နာရီပိုင်းလေးပါပဲ။ တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်ပြီးတော့ မခေါ်ကြတော့ဘူးဆိုရင် စကားမပြောတော့ဘူး။ နာရီပိုင်းပေါ့နော်။ ပြီးတော့မှ ဟယ် …ဘာလုပ်စရာရှိတယ်။ ဘယ် သွားမယ်နော်။ ပြန်ခေါ်ရတာပေါ့။ သူမပါလည်း မပြီးဘူး။ ကိုယ်မပါလည်း မပြီးဘူး။ ညီအစ်မနှစ်ယောက်က နှစ်ယောက်တစ်ဘဝဖြစ်နေတယ် (ရယ်လျက်)” လို့ အိအိချွန်က ပြောပါတယ်။ ရှေ့မှာပြောခဲ့သလို ဂီတအမျိုး အစားစုံလင်လှတဲ့ ဒီခေတ်ကြီးထဲမှာ မြန်မာသံကို ဘာဖြစ်လို့ ချစ်မြတ်နိုးပြီး တစိုက်မတ်မတ် လုပ်ဖြစ်တာလဲလို့ မေးတာကိုတော့ အိအိချွန်က …

“ငယ်ငယ်လေးကတည်းက မဟာဂီတတွေ၊ ဆိုင်းဝိုင်းတွေ၊ ပတ္တလားတွေသင်ခဲ့တယ်။ အဖေ၊ အမေရဲ့သွေးရော၊ ပြီးတော့ မြန်မာ့ ဂီတကို ထိန်းသိမ်းချင်တယ်ပေါ့နော်။ အဲဒီအတွက် အခုချိန်အထိလည်း မြန်မာ့ ဂီတကိုဆိုတယ်။ အိချွန်တို့ အသက်ကြီးသည်အထိ မြန်မာသံကိုပဲ သီဆိုသွားမှာပါ။ အိချွန်တို့ ဒီမြန်မာသံဆိုတယ်ဆိုတာကလည်း မလွယ် ဘူးပေါ့နော်။ နေရာရဖို့လည်း မလွယ်ပါဘူး။ အခုဆိုလို့ရှိရင် ညီအစ်မ နှစ်ယောက်ကို ပရိသတ်က အားပေးလာကြတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်နဲ့ အဆက်အသွယ် မပြတ်အောင် ညီအစ်မ နှစ်ယောက် အခွေတွေ ထုတ်ပါဦးမယ်။ ပရိသတ်တွေကလည်း ထပ်ပြီး တော့ အားပေးပါဦး။ မြန်မာသံကို ပိုပြီးတော့ ချစ်မြတ်နိုးပြီးတော့ မြန်မာမှုကို ပရိသတ်ကြီးလည်း ဝိုင်းဝန်းပြီးတော့ ထိန်းသိမ်းပေးပါလို့ ပြောချင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

 

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*