ကြုံဖူးဆုံဖူး ကိုလူထူးများ(၁)

ကြုံဖူးဆုံဖူး ကိုလူထူးများ(၁)
April 5, 2018 Leanne Win
ကြုံဖူးဆုံဖူး ကိုလူထူးများ(၁)

လူအမျိုးမျိုး၊ စိတ်အထွေထွေ”ဆို တဲ့ မြန်မာအသုံးအနှုန်းရှိသလို၊ “လူအမျိုးမျိုး နတ်အထွေထွေ”ဆိုတဲ့ စကားလည်း ရှိပါတယ်။ “လူမျိုး ၁ဝ၁ ပါးဆိုတဲ့စကားလည်း ရှိပါသေး တယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ တော့ တိုင်းရင်းသား ၁၃၅ မျိုးတောင် ရှိတယ်လို့ သုတေသီများက ရှာဖွေ ဖော်ထုတ်ကြပြီး၊ သက်ဆိုင်ရာက အဲဒီအချက်ကို အတည်ပြုထားပါ တယ်။ မြန်မာနိုင်ငံမှာ လူဦးရေသန်း ၅ဝ ရှိတယ်လို့ သတ်မှတ်သလို၊ ဒီ လောက်မရှိနိုင်ဘူးလို့ဆိုသူ၊ ဒီ့ထက် မကဘူးလို့ဆိုသူတွေလည်းရှိနေကြ ပြန်ပါတယ်။

သန်း ၅ဝ ရှိတယ်ပဲထားပါ။ လူ တစ်ကိုယ် စိတ်တစ်မျိုးလည်း ဖြစ်နေ ပြန်၊ အဲဒီ့စိတ်တစ်မျိုးကလည်း ခံစား မှုအမျိုးမျိုး၊ အတွေးအမြင်အမျိုးမျိုး ရှိနေပြန်တော့၊ သန်း ၅ဝ အရေ အ တွက်ရှိတဲ့ လူစုလူဝေးကြီး၊ လူအုပ် စုကြီးတစ်ခု၊ ဒါမှမဟုတ် ဘိုဆန်ဆန် ပြောရရင် Society ကြီးတစ်ခု အတွင်းမှာ “စိတ်စေတသိက်”တွေ သပွတ်အူလိုက်နေလိမ့်မယ်လို့ ထင် စရာပါ။ ကျွန်တော်တို့ နိုင်ငံသား အစုအဝေးကြီးကို ဧရာမဆံပင်ခြည် ထွေးကြီးနဲ့တူတဲ့စိတ်ကွန်ရက်တွေ ဖွဲ့ နှောင်လွှမ်းမိုးနေတယ်လို့ ကျွန်တော် တွေးကြည့်မိတယ်။ တကယ်တော့ …ကျွန်တော်ကိုယ်တိုင်လည်း စိတ် ကွန်ရက်ကြီးထဲမှာ ဝင်ငြိနေတာပါ။

“No man is an island””လူဆိုတာ ထီးတည်းကျန် ကျွန်းမဟုတ်”လို့ ရေး ခဲ့တဲ့ အင်္ဂလိပ်စာကိုJohn Donne ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီစကားပိုဒ် ကလေးနဲ့တင် ကမ္ဘာကျော်သွားတော့ တာပဲ။

ဘယ်သူမှ ထီးတည်းကျန်နေလို့ မရကြပါဘူး။ ဟိ ..သစ္စံ …၊ ဤ စကားမှန်၏။ (ပါဠိတတ်၍ မဟုတ် ပါ၊ ဖော်ပြပါ ပါဠိအသုံးအနှုန်းကလေး ကို သဘောကျသောကြောင့် ဆရာ ကြီးလေပေါက်ချိုးလိုက်ခြင်းပါ။ ခွင့် လွှတ်ကြနော် …။)အကျဉ်းထောင် ထဲမှာ ထိုက်သင့်တဲ့ပြစ်ဒဏ်အဖြစ် တစ်ယောက်တည်း တိုက်ပိတ်ခံထား ရတဲ့ solitary prisoner တစ် ယောက်တောင်မှ၊ အထီးမကျန်ပါ ဘူး။ သူ့ဘေးခန်းတွေမှာ သူနဲ့ဘဝတူ အကျဉ်းသားတွေရှိကြတယ်။ ထောင် ဝန်ထမ်းကလည်း သူ့ဆီနေ့စဉ်အစား အသောက်လာပို့တယ်။ အညစ် အကြေးတွေ လာသိမ်းတယ် မဟုတ် လား။ ရှေးတုန်းက တောထဲမှာ တစ် ကိုယ်တော်တရားကျင့်တဲ့ ယောဂီ တွေတောင်မှ တစ်ခါတစ်ရံမှာ “ဆား၊ ပျား”အလို့ငှာ လူနေရပ်ဝန်းဆီကို ချဉ်းကပ်အလှူခံကြရပါတယ်။

အခုခေတ် …ကမ္မဋ္ဌာန်းတ ရားအားထုတ်တဲ့ပုဂ္ဂိုလ်အချို့၊ ဂူတစ် လုံးထဲဝင် ..။ တံခါးပိတ်ပြီး တရား ကျင့်တတ်ကြပါတယ်။ (ကဲ) အဲဒီ ပုဂ္ဂိုလ်တွေ လူ့လောကနဲ့ အဆက် ပြတ်ပြီး အမှန်တကယ် အထီးကျန်ပါ ပြီတဲ့လား။ (နိုးပါး ..ခင်ဗျာ၊ နိုးပါ …)တရားကျင့်တဲ့ဂူအနီးအနားမှာ လူသူလေးပါးရှိနေတတ်ကြပါတယ်။ ဘာကြောင့်ဆို …ကမ္မဋ္ဌာန်းသမား ကို အစားအသောက်လာပို့ပေးရမှာ မဟုတ်လား။ ပင်လယ်သမုဒ္ဒရာထဲက ကျွန်းကလေးတစ်ကျွန်းပေါ်မှာ သင်္ဘောပျက်လို့ တစ်ယောက်တည်း ရေမျောကမ်းတင်ဖြစ်နေရှာတဲ့ဒုက္ခ သည်ကရော အထီးမကျန်ဘူးတဲ့ လားလို့ မေးကြပါဦးမယ်။ မေးရင် လည်း ဖြေရတာပ။

အဲဒီကျွန်းကလေးပေါ်မှာ တစ် ယောက်တည်းသောင်တင်နေတဲ့ သူ မျှာအေ စ့သညန ပါရင် တစ်ကမ္ဘာလုံး နဲ့ ဆက်သွယ်လို့ ရပါတယ်ခင်ဗျ။ သူ အထီးမကျန်ပါဘူး။ ဖုန်းမပါရင် ဘယ်လိုလုပ်မတုံးလို့ …စကား ကပ်ကြဦးမလား။ ကိစ္စမရှိပါဘူး။ ကျွန်းကလေးပေါ်က လူဟာ ဘယ်သူ နဲ့မှ အဆက်အသွယ်မရှိသော်ငြား။ သူဟာကမ္ဘာပေါ်မှာ ရှိနေခဲ့တာပါ။ အဝေးကနေ လူသားဦးရေသန်း ပေါင်း ၆ ထောင်လောက်က သူ့ကို ဝန်းရံထားကြတာပါ။ စကားကုန်ပြော လိုက်မယ်ဗျာ …သူအစာငတ်ရေ ငတ်နဲ့ သေသွားရင်တောင် အထီး မကျန်ပါဘူး။ နတ်ပြည်ရောက်ရင် နတ်သမီးနတ်သားတွေနဲ့တွေ့မှာပါ။ ကံဆိုးလို့ ငရဲပြည်ရောက်သွားရင် တောင်၊ ငရဲမင်းကြီးရဲ့ ဒီဝီဇံတပ် မကြီးတစ်ခုလုံးက သူ့ကို ဆီးကြိုနေ မှာပါ။

ဆိုတော့ကာ ..လူဖြစ်လာရင် လူ့ဘဝခရီးတစ်လျှောက်မှာ လူပေါင်း စုံနဲ့ တွေ့ကြုံဆက်ဆံရမှာဖြစ်ပြီး၊ သေသွားတာတောင် နတ်သိကြား တွေ၊ ငရဲမင်းငရဲသားတွေနဲ့ ထိတွေ့ ပတ်သက်နေရဦးမှာလို့ ကျွန်တော် ပြောချင်တာပါခင်ဗျာ။ လူ့လောက မှာ “ငါဘယ်သူနဲ့ပဲ တွေ့ချင်တယ်။ ဘယ်သူ့ကိုတော့ မတွေ့ချင်ဘူး”ဆို ပြီး ဆန္ဒပြု၊ ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ “ငါဖြင့် …ဝေဿန္တရာမင်းကြီးရဲ့ နိုင်ငံမျိုးမှာ နေချင်လိုက်တာ”လို့ ဆုတောင်းလို့ မရသလို ရောမခေတ် က မင်းဆိုးမင်းညစ် “ကာလီဂူလာ” လို ဘုရင်ရဲ့ နိုင်ငံမျိုးမှာလည်း လူ မဖြစ်ပါရစေနဲ့ ဆုတောင်းရင်လည်း ဆုတောင်းပြည့်ချင်မှ ပြည့်မှာ။ ကံ ပစ်ချထားရာအတိုင်း …၊ လူ့လော ကတစ်နေရာမှာ ရှင်သန်ရပြီး လူ အမျိုးမျိုးအစားစားနဲ့ တွေ့ကြုံဆုံ စည်းရတာဟာ လူ့ဘဝပါ။

ကျွန်တော် ၇ တန်းကျောင်းသား ဘဝတုန်းက ကြုံခဲ့ဆုံခဲ့ရတဲ့ အတန်း ဖော် မောင်လူထူးတစ်ယောက်က စပြောရမှာပဲ။ အဲဒီတုန်းက အတန်း ပိုင်ဆရာမရဲ့အစီအစဉ်အရ၊ စာသင် ခန်းထဲမှာ နှစ်ယောက်တစ်တွဲ ထိုင် ကြရတယ်။ တစ်ယောက်ကိုနျု လို့ခေါ်တဲ့ စားပွဲစောင်းတစ်လုံးစီ ကုလားထိုင်တစ်လုံးစီနဲ့ပေါ့။ ကျွန် တော့်ညာဘက်မှာ ကျွန်တော်နဲ့ တွဲ ထိုင်တဲ့ မြင့်ဝေက ဝတÄုဖတ်တာ ဝါသနာတူကြတော့၊ အတန်းထဲမှာ ကျွန်တော်တို့က ဝတ္ထုလည်း ခိုးဖတ် ကြ၊ ဝတÄုအကြောင်းလည်း တွတ်ထိုး နေတတ်ကြတာကို ဆရာမက သိပ် သဘောကျပုံမရဘူး။

ဒီအခြေအနေမှာ မြင့်ဝေကို တခြားနေရာ ဖယ်ထုတ်လိုက်ပြီး ဆရာမက မြင့်ဝေနေရာမှာ ကျောင်း သားသစ် တင်မောင်ထွန်းကို နေရာ ချထားလိုက်တာပါပဲ။ တင်မောင် ထွန်းဆိုတဲ့ ကျောင်းသားသစ်ကို မြင်တော့ ကျွန်တော်ဖျားချင်သလိုလို ဖြစ်သွားပါတယ်ခင်ဗျ။ သူ့ပုံစံက “သက်ကြီးပု”ပုံစံမျိုးကိုး။ ကျွန်တော် တို့ အတန်းသားအားလုံး ပျမ်းမျှ အသက် ၁၃၊ ၁၄ နှစ်လောက်ရှိကြပေ မယ့် တင်မောင်ထွန်းက ၁၇၊ ၁၈ နှစ် အရွယ်မျိုးကြီးကိုး။ ဒါ့အပြင်သူက ရှေးခေတ်မင်းသားတွေလို၊ ဆံပင်ကို ဆီရွှဲရွှဲလူးပြီး နောက်လှန်ဖြီးထားတာ။ ရှပ်အင်္ကျီက ကြယ်သီးတွေကို လည် ပင်းအောက်အထိ အပြည့်တပ်ထား တယ်။ ပုဆိုးရှည်ရှည်ဝတ်ပြီး ခါးပုံစ သေးသေးကလေး ထုတ်ထားပြန် ရော။ ဖိနပ်က “ဟတ်ဖ်ရှုး”လို့ခေါ်တဲ့ အနက်ရောင်သားရေနောက်ပိတ် ဖိနပ်အဟောင်းကြီး။ တိုက်ပုံအင်္ကျီ ပင်နီရောင်ကလည်း အဟောင်း အမြင်း အမွေးဖွားဖွားနဲ့။

အဲဒီတုန်းက ကျွန်တော်တို့ ကျောင်းဝတ်စုံက မီးခိုးရောင်မာဆ ရိုက်သားရှပ်အင်္ကျီလက်ရှည်၊ နီစိမ်း ပြာ၊ မန်ကျည်းစေ့ကွက် ချည်လုံချည် နဲ့ ပင်နီတိုက်ပုံပါ။ မိန်းကလေးတွေ ကတော့ ပင်နီရင်ဖုံးအင်္ကျီနဲ့ ကန့်လန့် ဖြတ် နံ့သာရောင် အစင်းသုံးစင်းပါ တဲ့ ခရမ်းရောင်ထဘီဝတ်ကြရတယ်။ ဆရာ၊ ဆရာမများက …အဝါခံ မှာ အနက်စင်းကလေးတွေပါတဲ့ ရွှေ ကောင်းလုံချည်၊ အင်္ကျီအဖြူတွေနဲ့ တစ်မျိုးတစ်ဘာဘာ တူညီဝတ်စုံဆင် မြန်းကြရသပေါ့။

တစ်နေ့တော့ ..။ သူကျောင်း ဘယ်တုန်းက ခွင့်ယူထားတဲ့ ကျောင်း အုပ်ဆရာကြီးနဲ့ တင်မောင်ထွန်းတို့ ကျောင်းဝင်းတစ်နေရာမှာ မျက်နှာ ချင်းဆိုင် ဆုံမိကြတယ်။ ဆရာကြီးက တစ်မောင်ထွန်းကို စေ့စေ့ကြည့် တယ်။ တင်မောင်ထွန်းကလည်း ဆရာကြီးကို စူးစူးရဲရဲ၊ ပြူးပြူးပြဲပြဲ ကြည့်တယ်။ နှစ်ယောက်စလုံး ငေး ကြောင်ကြောင် အိုးတိုးအမ်းတမ်းအမူ အရာတွေနဲ့ …။

ဖြစ်ပုံကိုလည်း ကြည့်ပါဦး။ သူ တို့နှစ်ယောက်က အရပ်အမောင်း ရော ရုပ်ရည်ပါ ချွတ်စွပ်နီးပါးတူနေ တယ်။ အဝတ်အစားချင်းမတူပေမယ့်၊ ဝတ်ပုံစားပုံက ခြေဆုံးခေါင်းဖျားတူ နေတယ်။ အâမွှာညီအစ်ကိုလား၊ (ဒါမှမဟုတ်)သားအဖလားလို့တောင် ထင်ရတယ်။ ပထမဆုံးတင်မောင် ထွန်းက မျက်လွှာချ၊ ခေါင်းငုံ့လိုက် တယ်။ ဆရာကြီးက စောင်းကန်း စောင်းကန်းကြည့်ပြီး ထွက်သွား တယ်။

တစ်လလောက်အကြာမှာ ဆ ရာကြီးပင်စင်ယူသွားပါတယ်။ အား လုံးကံကောင်းတာပါ။ နို့မို့ဖြင့်ရင် ဆရာကြီးနဲ့ တင်မောင်ထွန်းကို ကျွန် တော်တို့ ခဏခဏလူမှားနေတတ် ကြလို့ပါခင်ဗျာ။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*