သူ့စိတ်ကြိုက် ကိုယ့်စိတ်ကြိုက်ဆိုတာထက် သူနဲ့သင့်တော်မယ့် အမျိုးသမီးဆို ပိုပြီးတော့ ကောင်းတာပေါ့’ လို့ ပြောလာတဲ့ ထွန်းထွန်း ရဲ့ မိခင် ဒေါ်ရွှေစင်သိန်း

သူ့စိတ်ကြိုက် ကိုယ့်စိတ်ကြိုက်ဆိုတာထက် သူနဲ့သင့်တော်မယ့် အမျိုးသမီးဆို ပိုပြီးတော့ ကောင်းတာပေါ့’ လို့ ပြောလာတဲ့ ထွန်းထွန်း ရဲ့ မိခင် ဒေါ်ရွှေစင်သိန်း
April 4, 2018 Leanne Win
သူ့စိတ်ကြိုက် ကိုယ့်စိတ်ကြိုက်ဆိုတာထက် သူနဲ့သင့်တော်မယ့် အမျိုးသမီးဆို ပိုပြီးတော့ ကောင်းတာပေါ့’ လို့ ပြောလာတဲ့ ထွန်းထွန်း ရဲ့ မိခင် ဒေါ်ရွှေစင်သိန်း

အဆိုတော်၊ သရုပ်ဆောင်ထွန်းထွန်းဟာ သူ့ရဲ့အနုပညာမှာ အဆိုပိုင်းရော၊ သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အနုပညာသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ထွန်းထွန်းဟာ အဆိုဘက်မှာဆိုရင်လည်း ပရိသတ်အားပေးမှုများစွာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ နောက်ပိုင်းမှာ သရုပ်ဆောင် အနုပညာအလုပ်ကို ဝင်ရောက်လုပ်ကိုင်ချိန်မှာလည်း သူ့ရဲ့ကြိုးစားမှုအရ အနုပညာရှင်တို့ရဲ့ ထူးချွန်ဆုဖြစ်တဲ့ အကယ်ဒမီဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒီလိုထူးချွန်တဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်လာအောင် ငယ်ငယ်ကတည်းက ဘယ်လိုမျိုးထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့သလဲလို့ ထွန်းထွန်းရဲ့မိခင် ဒေါ်ရွှေစင်သိန်းကို မေးကြည့်တဲ့အခါမှာတော့ ဒေါ်ရွှေ စင်သိန်းက…

“အန်တီတို့မှာသားဆိုလို့ ဒီတစ်ယောက်ပဲရှိတာလေ။ သူဒီလိုအောင်မြင်နေတဲ့အတွက် ဝမ်းသာတယ်။ ဂုဏ်လည်းယူ တယ်။ သူက ငယ်ငယ်တုန်းက သရုပ်ဆောင်တာကို ဝါသနာမပါဘူး။ ဒါပေမဲ့ သူ ၃၊ ၄နှစ် အရွယ်က ဓာတ်ပုံတွေရိုက်ရင်တော့ တကယ့်ကိုပုံစံအမျိုးမျိုးထုတ်ပြီး အဲ့ဒီလိုရိုက်တာတွေတော့ တော်တော်လေးကို ပဲများတယ်လို့ အန်တီတို့တွေက ထင်ကြတယ်။ အဲ့ဒီ ၃၊ ၄ နှစ်အရွယ်ကတည်းကလည်း သီချင်းတွေဆို အဲ့ဒီလိုဓာတ်ပုံတွေရိုက်ဆိုတော့ အန်တီတို့စိတ်ထဲမှာ သားကတော့ ကြီးလာရင် အနုပညာကို ဝါသနာပါမယ့်သူပဲလို့ အန်တီတို့က တွေးထားတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ အဲ့ဒီလို ဆန္ဒမျိုးဖြစ်တာကိုမပြခဲ့ဘူး။ အဲ့ဒီလိုနဲ့ ဒီအတိုင်းပဲ အေးအေးဆေးဆေးပဲ။ ၁ဝ တန်းလည်း အောင်ပြီးတော့မှ သီချင်းတွေဆိုပြီး ဦးကျော်တို့နဲ့တွေ့ပြီးမှ ဒီလောကထဲကို ရောက်လာတာပါ။ အနုပညာလောကထဲကို ဝင်ရောက် တဲ့အချိန်မှာလည်း အန်တီတို့က သူများမိဘတွေလို ပိတ်ပင်တားဆီးမှုမျိုးလည်းမရှိဘူး။ ကိုယ့်ရဲ့သားက အနုပညာကို ဝါသနာပါတဲ့အတွက် အန်တီတို့ကလည်း သူဝါသနာပါတဲ့အလုပ်မှာ ထူးချွန်အောင်ပံ့ပိုးပေးဖို့ပါပဲ။ အခုသူလည်း သူ့လမ်းကြောင်းနဲ့သူသွားနေပြီဆိုတော့ အန်တီတို့အတွက် စိတ်အေးရပါပြီ”လို့ ပြောပါတယ်။

သားဖြစ်သူ ထွန်းထွန်းရဲ့ အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါမှာ မိဘတွေဘက်ကနေ သတ်မှတ်ထားတဲ့ ကန့် သတ်ချက်တွေရှိသေးလားလို့ မေးကြည့်တဲ့အခါမှာတော့ ဒေါ်ရွှေစင်သိန်းက “သားရဲ့ အိမ်ထောင်ဖက်အတွက် သူ့ဘာသာသူပဲ ရွေးချယ်ခွင့်ပြုမှာပါ။ ကန့်သတ်ချက်တွေမရှိပါဘူး။ သူလည်း အသက်မငယ်တော့ပါဘူး။ သူ့စိတ်ကြိုက် ကိုယ့်စိတ်ကြိုက်ဆိုတာထက် သူနဲ့သင့်တော်မယ့် အမျိုးသမီးလေးဆို ပိုပြီးတော့ကောင်းတာပေါ့။ အန်တီတို့က ဒါဖြစ်စေချင်တယ်။ ဒါဆိုပြီးတော့ ပြောနေပြန်ရင်လည်း ဖြစ်ချင်မှဖြစ်မှာလေ။ အဲ့ဒီတော့သူနဲ့ ဖူးစာပါရင်တော့ ရမှာပဲ။ အရင်တုန်းကတော့ သားကမရင့်ကျက်သေးတော့ စိတ်ပူပြီး ဟိုလိုက်ကြည့်ဒီလိုက်ကြည့်နဲ့ အခုတော့ အေးဆေးဖြစ်သွားပြီ”လို့ ပြောပါတယ်။

သဲစုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*