ဘာသာဗေဒနှင့်ကျွန်တော်(၈)

ဘာသာဗေဒနှင့်ကျွန်တော်(၈)
April 3, 2018 Leanne Win
ဘာသာဗေဒနှင့်ကျွန်တော်(၈)

၂၀၀၂ ခုနှစ်ကစ၍ ရန်ကုန်တက္ကသိုလ် မြန်မာစာပါရဂူအကြိုသင်တန်းကို ဘာသာစကားအထူးပြုနှင့် စာပေ အထူးပြုဟူ၍ ခွဲလိုက်သည်။ မဟာ ဝိဇ္ဇာတန်းမှာ အထူးပြုခဲ့သည့် ဘာ သာရပ်အတိုင်း ပါရဂူအကြိုသင် တန်းတွင် ဆက်ယူရသည်။ ဘာသာ စကားအထူးပြုသင်ရိုးတွင်’ ရှေး ဟောင်းစာ’ ဟု ခြုံ၍ခေါ်သော မြန်မာကျောက်စာ၊ ရှေးမွန်ကျောက် စာ၊ ရခိုင်အက္ခရာ၊ ပျူစာတို့လည်း ပါသည်။ ဘာသာဗေဒနှင့်အတူ သဒ္ဒဗေဒ၊ လူမှုဘာသာဗေဒ၊ အတ္ထ ဗေဒ၊ ရေးဟန်ပညာဟူသော ဘာသာ ဗေဒပညာရပ်ခွဲများလည်းပါသည်။ စာပေအထူးပြုသင်ရိုးတွင် စာပေ သဘာတရားနှင့် ခေတ်အလိုက်စာပေ သင်ရိုးများပါသည်။

ကျွန်တော်က ဘာသာစကားအထူးပြုတန်းမှာ အတ္ထဗေဒနှင့် ရေးဟန်ပညာ သင် သည်။ စာပေအထူးပြုတန်းမှာ စာပေသဘောတရား သင်သည်။ ပထမဆုံးပါရဂူဘွဲ့ရသော ဒေါက်တာ အောင်မြင့်ဦး ကျမ်းပြုခဲ့သည့် စာအ ရေးအသားစနစ်၏ အခြေခံဖြစ်သော အရေးပုံသဏ္ဌာန်ဗေဒ Graphology ကို သင်ရိုးတစ်ခုအဖြစ်ထည့်ပြီး သူ့ ကိုပင် သင်ခိုင်းရသည်။ သူနယ် ပြောင်းသွားတော့ ကျွန်တော်ဆက် သင်သည်။ အရင်းခံသင်ရိုးများဖြစ် သော သဒ္ဒဗေဒနှင့် ဘာသာဗေဒကို ဆရာကြီး ဦးရွှေသွင်နှင့် ဦးထွန်း မြင့်တို့က ပို့ချပေးသည်။ ဒေါက် တာအောင်မြင့်ဦးက လူမှုဘာသာ ဗေဒလည်း သင်သည်။ အင်္ဂလိပ်စာ ဌာနမှ ဆရာကြီး ဦးသီဟ မြန်မာစာ ဌာနမှာ ပို့ချပေးသော လူမှုဘာသာ ဗေဒအတန်းများကို ကိုအောင်မြင့် ဦးက မှန်မှန်တက်ပြီး ဆက်လေ့လာပါ သည်။ ဂျာမနီသို့DAAD အစီအစဉ် ဖြင့် သွားခဲ့စဉ်တုန်းကလည်း လူမှု ဘာသာဗေဒကို ဆက်လက်လေ့လာခဲ့ သည်။ ရန်ကုန်တက္ကသိုလ် မြန်မာ စာဌာနမှာ ဘာသာဗေဒပညာရပ်ခွဲ များ သင်ကြားနိုင်အောင် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် အတတ်နိုင်ဆုံး ကြိုး စားခဲ့ကြခြင်းဖြစ်ပါသည်။

ဘာသာဗေဒ လေ့လာရေးကို အားဖြည့်ပေးသော အစီအစဉ်တစ်ခု ပေါ်လာပါသည်။ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ စိုးရင်သည် ဂျာမနီသို့သွားစဉ် Free University, Berlin (ဘာလင်မြို့၊ ဖရီးတက္ကသိုလ်)မှ ဘာသာဗေဒပညာ ရှင် ၂ ယောက်ကို ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနသို့ ဖိတ်ခေါ်ခဲ့သည်။ မြန်မာစာ ဆရာ၊ ဆရာမများကို ဘာသာဗေဒပညာရပ် ပို့ချပေးရန်ဖြစ် သည်။ မြန်မာနိုင်ငံမှာ တစ်နှစ်မျှ နေ ထိုင်ပြီး ပို့ချပေးရန် စီစဉ်သည်။ ထိုပညာရှင် ၂ ဦး နေထိုင်ရေးအတွက် အဆင့်မြင့် ပညာဦးစီးဌာနက နိုင်ငံ ခြား ကျောင်းသားဆောင်မှာ စီစဉ် ပေးမည်။ စားရေးသောက်ရေးကို မြန်မာစာဌာနက စီစဉ်ပေးမည်။ ထို အစီအစဉ်အရ ပါမောက္ခ ဒေါက် တာလိ(Dr. Heinrich Lieb) နှင့် ကထိက မစ္စတာ ဇက်ကမင် (Mr.Robin Sackman) တို့ ရောက်လာ ကြပါသည်။ ထိုအချိန်တွင် မြန်မာစာ ဌာနမှာ ပါမောက္ခဌာနမှူးဖြစ်နေ သော ကျွန်တော်က အိမ်ရှင်အဖြစ် တာဝန်ယူရသည်။ ဆရာများ၏ နေထိုင်စားသောက်ရေး၊ သွားရေး လာရေး၊ သင်ကြားပို့ချရေးတို့ကို ဌာနက ဆရာ၊ ဆရာမများနှင့် တိုင် ပင်ပြီး အဆင်ပြေအောင် စီစဉ်ပေးရ သည်။

ထိုပညာရှင်များ အထူးပြုသင် သည့် ပညာရပ်မှာ Integrational Linguisticsဖစ်သည်။ ‘သမူဟ ဘာသာဗေဒ’ဟု မြန်မာမှုပြုထား သည်။ သင်တန်းတက်ရန်အတွက် တစ်နိုင်ငံလုံးရှိ ဝိဇ္ဇာသိပ္ပံဘာသာ ရပ်သင် တက္ကသိုလ်ကောလိပ်များမှ ဆရာ၊ ဆရာမတစ်ဦးစီ ဖိတ်ခေါ် လိုက်ရာ စိတ်ဝင်တစားတက်ကြ သည်။ ဆရာနှစ်ဦးကလည်း တစ် နှစ်နီးပါးနေထိုင်သွားပြီး သင်ကြားပို့ ချပေးခဲ့သည်။ ဂျာမနီက သင်တန်း သားခေါ်သောDAAD အစီအစဉ် နှင့်လည်း ချိတ်ဆက်ပေးသည်။ သင် ကြားပို့ချသည့်ကာလအတွင်း မြန်မာ စာဌာနက ဆရာ၊ ဆရာမများနှင့် လည်း ခင်မင်သွားကြပါသည်။

DAAD အစီအစဉ်ဖြင့် ဂျာမနီ နိုင်ငံသို့ သွား၍ ဘာသာဗေဒ လေ့ လာသင်ယူခွင့်ရခဲ့သော မြန်မာစာဌာ နက ဆရာ၊ ဆရာမ ၃ ယောက်ရှိ ကြောင်း အလျဉ်းသင့်၍ ဖော်ပြလို ပါသည်။ ပထမတစ်ယောက်က ‘ကို အောင်မြင့်ဦး’ ဖြစ်သည်။ သူ့ပါရဂူ ကျမ်း ပြုစုပြီးစီးခါနီးတွင်ီဗဗီ အစီအစဉ်ဖြင့် ဂျာမနီသို့ ၃ လ သွား ပြီး ‘ပိုစံဒမ်’ တက္ကသိုလ်မှာ လူမှု ဘာသာဗေဒသင်ယူခဲ့သည်။ ထို့ နောက် မြန်မာနိုင်ငံသို့ ပြန်လာပြီး သူ့ပါရဂူကျမ်းကို အပြီးသတ်ပြုစု သည်။ ဒုတိယတစ်ယောက်က ‘ကို လေး’ ဖြစ်သည်။DAADအစီအစဉ် ဖြင့် ပညာတော်သင်အဖြစ် အရွေးခံ ရပြီး ဂျာမနီတွင် ‘ဒေါက်တာလိ’ထံ မှာ သမူဟဘာသာဗေဒ သင်ယူ သည်။ သူ ဂျာမနီမှာ ရှိနေစဉ် ဒေါက်တာလိတို့ မြန်မာနိုင်ငံသို့ တစ်နှစ်မျှ လာရောက်ခြင်းဖြစ်သည်။ ဒေါက်တာလိတို့ပြန်သွားပြီးနောက် ကိုလေးပြန်လာပြီး သူ့ပါရဂူကျမ်းကို ရန်ကုန်တက္ကသိုလ်မှာ အပြီးသတ်ပြု စုတင်သွင်းသည်။ ကျမ်းတွင် ‘သမူ ဟဘာသာဗေဒ’ သဘောတရားများ ထည့်သွင်းဖော်ပြသည်။ နောက်တစ် ယောက်ကတော့ ‘မလှမြတ်သွေး’ ဖြစ်သည်။

ဒေါက်တာလိတို့၏ သမူ ဟဘာသာဗေဒသင်တန်းကို ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနမှာ သူ တက်ရသည်။ ထို့နောက်DAAD အစီအစဉ်ဖြင့် ပညာတော်သင် အရွေးခံရပြီး ဂျာမနီသို့ သွား၍ ဒေါက်တာလိထံမှာ သမူဟဘာသာ ဗေဒ ဆက်လက်ဆည်းပူးသည်။ ပါရဂူကျမ်းပြုရန် ရန်ကုန်တက္ကသိုလ် မှာ သူတင်သွင်းထားသော ‘ယင်း ချား'(Yinchia) ဘာသာစကား သုတေသနကို ဂျာမနီမှာ ဒေါက်တာ လိ၏ ကြီးကြပ်မှုနှင့် ဆက်လက် သုတေသနပြုပြီး “Yinchia Studies Integrational and Structuralist: Documentation and Initial analysis of we undocumented Languge ” ခေါင်းစဉ်ဖြင့် ဂျာမနီ နိုင်ငံ၊ ‘ဖရီးယူနီဗာ စီတီဘာလင်’သို့ အောင်အောင်မြင်မြင် တင်သွင်း၍ ပါရဂူဘွဲ့ရခဲ့သည်။ (ယခု သူတို့သုံး ယောက်လုံး ပါရဂူဘွဲ့ရပြီးပါပြီ။ ဒေါက်တာ အောင်မြင့်ဦးက ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနမှာ ပါမောက္ခဌာနမှူးအဖြစ် တာဝန်ထမ်း ဆောင်နေသည်။ ဒေါက်တာကိုလေး က ပုသိမ်တက္ကသိုလ် မြန်မာစာ ပါမောက္ခအဖြစ်မှ နုတ်ထွက်ပြီး ကိုရီးယားနိုင်ငံ ဘူဆန်တက္ကသိုလ်မှာ အမှုထမ်းနေသည်။ ဒေါက်တာလှ မြတ်သွေးက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လူမှုရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေပါ သည်။)

ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခဌာနမှူးအဖြစ် ကျွန်တော် တာဝန်ယူနေစဉ် တင်သွင်းကြသော ပါရဂူကျမ်းများတွင် မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားများကို ဘာသာဗေဒနည်းဖြင့် သုတေသန ပြု၍ တင်သွင်းသော ကျမ်းများကို အမှတ်ထင်ထင် ရှိပါသည်။ ကိုထွန်း အောင်ကျော် (ယခု တောင်ငူတက္က သိုလ် မြန်မာစာပါမောက္ခ ဌာနမှူး ဒေါက်တာထွန်းအောင်ကျော်)က ‘ဖွန်း (Phun) ဘာသာစကား’ကို သု တေသနပြု၍ ကျမ်းတင်သွင်းသည်။ ဖွန်းစကားမှာ ဧရာဝတီမြစ် ပထမ မြစ်ကျဉ်းအောက်နားတွင် နေထိုင် သော ဖွန်းလူမျိုးတို့ ပြောဆိုသော စကားဖြစ်သည်။

သူ့ကျမ်းပြုချိန်တွင် ဖွန်းစကားပြောသူ အရေအတွက်မှာ ဆယ်ဂဏန်းမျှသာ ရှိတော့ကြောင်း သိရသည်။ တိမ်ကောပျောက်ကွယ်လု နီးဖြစ်သော တိုင်းရင်းသား ဘာသာ စကားတစ်ခုကို သုတေသနပြုရခြင်း ဖြစ်သည်။ ဂျပန်ဖောင်ဒေးရှင်း၏ ပရိုဂျက်တစ်ခုအဖြစ် စတင်ဆောင် ရွက်သည်။ အိုဆာကာနိုင်ငံခြား ဘာသာတက္ကသိုလ်မှ မြန်မာစာ ပါမောက္ခ ဆရာ ‘ယာဘူ'(Mr. S.Yabu) ကလည်း ကိုထွန်းအောင် ကျော်ကို အကူအညီများစွာ ပေးခဲ့ ပါသည်။ ဆရာယာဘူသည် ‘အရှေ့ တောင်အာရှရှိ တိမ်ကောပျောက် ကွယ်လုနီး ဘာသာစကားများကို သုတေသနပြုနေစဉ် ဖွန်းစကားကို လေ့လာခြင်းဖြစ်သည်။

မခင်မိုးမိုး (ယခုရွှေဘို တက္က သိုလ် မြန်မာစာပါမောက္ခဌာနမှူး ဒေါက်တာခင်မိုးမိုး)က ကတူးဘာ သာစကားကို သုတေသနပြုပြီး ကျမ်း တင်သွင်းသည်။ မနုနုသိန်းနှင့် မမိုး မိုးစော (ယခု တောင်ကြီးတက္ကသိုလ် မြန်မာစာတွဲဖက်ပါမောက္ခများ)က ‘ထနော့ဘာသာစကား ‘နှင့် ‘အာခါ ဘာသာစကား’တို့ကို သုတေသနပြု ပြီး ပါရဂူကျမ်းများ တင်သွင်းကြ သည်။ ကျမ်းပြုသူများကိုယ်တိုင်က သက်ဆိုင်ရာ တိုင်းရင်းသားစကား များနှင့် နီးစပ်သော တိုင်းရင်းသား လူမျိုးများဖြစ်သည့်အပြင် ဘာသာ ဗေဒကိုလည်း စနစ်တကျ လေ့လာ ဆည်းပူးပြီးဖြစ်သည့်အတွက် တိုင်း ရင်းသားဘာသာစကား သုတေသန ကျမ်းများကို အောင်အောင်မြင်မြင် ပြုစုနိုင်ခဲ့ကြပါသည်။ သူတို့ကျမ်းပြု စဉ်က ကိုလိုနီခေတ်တို့တွင် ပြုစုခဲ့ သောSir George Greason ၏Linguistic Survey of India တွင် မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာ စကားများကို သုတေသနပြုထား သည့် အချက်များနှင့် လက်လှမ်းမီ ရာ ဘာသာဗေဒကျမ်းများ၊ တိုင်းရင်း သား ဘာသာစကားလေ့လာချက် များကို ရှာဖွေလေ့လာကာ၊ ကိုယ် တိုင်ကွင်းဆင်းသုတေသန ပြုထား သော အချက်များနှင့် ဆက်စပ်၍ ပြုစုကြပုံများကို မြင်တွေ့ကြားသိနေ ရသည့်အတွက် အားရကျေနပ်မိပါ သည်။ အလားတူ တိုင်းရင်းသား ဘာသာစကား သုတေသနကျမ်း များ နောက်ပိုင်းမှာလည်း ဆက်လက် ပေါ်ထွက်ပါသည်။

မန္တလေးတက္ကသိုလ် မြန်မာစာ ဌာနတွင်လည်း ပါရဂူသင်တန်းများ ဖွင့်လှစ်နေပြီဖြစ်ရာ ကျွန်တော် တို့ကို ပြင်ပစာစစ်အဖြစ် ဖိတ်ကြား သည့်အတွက် သွားရောက်စစ်ဆေး ရင်း အတÄဗေဒနှင့် လူမှုဘာသာဗေဒ ကို ကျွန်တော်နှင့် ဒေါက်တာအောင် မြင့်ဦးတို့က ပို့ချဆွေးနွေးရပါသည်။

မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*