ကိုရီစွတ်

ကိုရီစွတ်
April 3, 2018 Leanne Win
ကိုရီစွတ်

ကျွန်တော်ကြိုက်တဲ့ ‘နံပြား’ကို မနက် မိုးလင်းတိုင်း သူလေ ဈေးက ဝယ်ပြီးတော့ အမေကို ဝင်ပေးတယ်။ သူကျွေးတိုင်း စားခဲ့မိလို့ ကျွန်တော့် မှာ အားနာ။ ဘယ်လိုလုပ်ရမလဲ။ ကျွန်တော် မချစ်တော့ဘူး။ သူ့ချစ် စကားများ …ဘာဘာညာညာ ကျွန်တော် မကြားချင် …

ဒီနေ့တော့ စောစောစီးစီး ဒီလို ဒိုးလုံးသီချင်းလေးကို အစီအစဉ် တကျမရှိ ကျွန်တော်ညည်းမိတယ်။ ကျွန်တော်က အသက် ၇ဝ ကျော်ပြီ။ ဒိုးလုံးကို ကြိုက်တုန်းပဲ။ ကျွန်တော် ကြိုက်တာလည်း မပြောနဲ့။ နံပြားကို သီချင်းထဲ ထည့်ရေးထားသာကြည့် တော့။ ဥပမာ စန္ဒရားချစ်ဆွေဆို သူ့သီချင်းထဲ နံပြား ဘယ်ထည့်မလဲ ဗျာ။ အဲ …ကျွန်တော်ဒိုးလုံးကြိုက် ပုံက ဒိုးလုံးဆုံးတော့ “ဒုတိယကမ္ဘာဦး သီချင်း”ဆိုပြီး ဒိုးလုံးအလွမ်းပြေကဗျာ တစ်ပုဒ်ရေးဖူးတယ်။ အဲဒီကဗျာကို မပန်းခက်က ဂျပန်ဘာသာပြန်လို့ စာမူခဒေါ်လာ ၅ဝ တောင်ရဖူးခဲ့တာ လေ။ အဲကျွန်တော်တို့ ဒိုးလုံးကို ဂျပန် ကျောင်းသားတွေကလည်း ကြိုက်ကြ တယ်လို့ ကျွန်တော်သိရတယ်ခင်ဗျ။

အခုတော့ ဒိုးလုံးနံပြား၊ နံပြား ဒိုးလုံးကို ဂျုံနယ်သလို နယ်ဖတ်ရင်း ကျွန်တော်သတိရလာတာက ‘ငယ် ငယ်က နံပြား’ပေါ့။ ငယ်ငယ်က နံပြား ဆိုတော့ ကျွန်တော်ငယ်ငယ်က “နံပြား ဖုတ်တဲ့ ကိုရီစွတ်”ကိုပါ တွဲဖက်သတိ ရလာပြန်ရော။

ခမ်းခမ်းနားနားပြောရမယ်ဆို ရင် “ကိုရီစွတ်ဟာ ဘဝမှာ နံပြား ငတ်တယ်”လို့ ပြောမှဖြစ်မယ်။ ကိုရီ စွတ်ကို ဘဝနဲ့ချီပြီး ပြောရတာက လည်း ကျွန်တော်ကြောက်ရမယ့်သူ တွေထဲမှာ ကိုရီစွတ်က ထိပ်ဆုံးကပါ တယ်။ ကိုရီစွတ်သမီး ‘ယာဂျရူး’က လည်း၊ ကျွန်တော်နဲ့ဟဲ ..ဟဲ။အမှန် တော့ ယာဂျရူးရဲ့ နာမည်က ‘ယာဂျ နာ’ပါ။ ဘယ်အချိန်ကစပြီး ယာဂျ ရူးလိုက်မှန်းလည်း ကျွန်တော်အခု မမှတ်မိတော့ပါဘူး။ အခုခေတ်စကား နဲ့ ပြောရင် ယာဂျရူးက ‘လန်း’တယ်ဗျ။

ကိုရီစွတ်က ဘုရားကြီးဈေးအနီး မှာ နံပြားဖုတ်တယ်။ နံပြားသီးသန့် ပါ။ တစ်စားထဲ နံပြားဆိုင်ပေါ့။မနက် ဆို ကျွန်တော်က ဘုရားကြီး ဈေးထဲ က ဒေါ်ဇင် လက်ဖက်ရည်ဆိုင်ကို သတ္တုချိုင့်ကလေးနဲ့ လက်ဖက်ရည် သွားသွားဝယ်ရတယ်။ ကိုရီစွတ်နံပြား ဆိုင်နဲ့ မလှမ်းမကမ်း အကွာအဝေး လောက်က သွားရတယ်။ သွားတိုင်း ပြန်တိုင်းလည်း ကျွန်တော့်မှာ ကိုရီ စွတ် မမြင်အောင်ကြိုးစားသွားရ တယ်။ မြင်လိုက်လို့ကတော့ ကိုရီစွတ် ကျွန်တော့်ကို လှမ်းခေါ်တော့တာ။

ကျွန်တော်ကလည်း ကိုရီစွတ် လှမ်းခေါ်တိုင်း၊ ဘယ်အခါမှ မသွား ဘဲ မနေနိုင်ဘူး။ အဲသလို အသွားမှာ မြင်လိုက်ပြီး၊ လှမ်းခေါ်ခံရတယ်ဆိုရင် လက်ဖက်ရည်ဝယ်ပြီးတဲ့အခါ ကိုရီ စွတ်ကို ကျွန်တော်ဝယ်လာတဲ့ လက် ဖက်ရည် ဆက်သရမယ်ဆိုတာ ကျွန် တော်သိနေတယ်။ ကျွန်တော်က လည်း သူသိပြီးရင် မဆက်သဘဲကို မနေရဲဘူး။ အသွားမမြင်လို့ အပြန် မြင်ရင်လည်း မရဘူးခင်ဗျ။ ဆက်သ ရတာပဲ။

ကိုရီစွတ်က အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး။ မုတ်ဆိတ်လေး ငုတ်စ လီနဲ့။ ပါးစပ်မှာ ကွမ်းအမြဲငုံလို့။ ကျွန်တော့်ကို ကောင်လေးလို့ ခေါ် တယ်။ ကျွန်တော်က သူ့နံပြားဖိုနား ချိုင့်ကလေး ရောက်သွားပြီဆိုရင် ကို ရီစွတ်က ကျွန်တော်ကို ကွမ်းငုံရင်း “ကောင်လေး ..”လို့ ခေါ်လိုက်တယ် ဆိုရင်ပဲ၊ ကျွန်တော်လက်ဖက်ရည် ချိုင့်ကို ကိုရီစွတ်လက်ထဲ အပ်လိုက် ရတော့တာပဲ။ ကိုရီစွတ်က လက်ဖက် ရည်ချိုင့်ယူပြီး၊ သူ့နံပြားဖိုပေါ် တင် ထားလိုက်တယ်။ ချက်ချင်း မသောက် ဘူး။ နံပြားပဲ ဆက်ဖုတ်နေတယ်။ တကယ်ဆိုသူက ကျွန်တော့်လက်ဖက် ရည်ကို အနိုင်ကျင့်သောက်တာပဲ လေ။ သူမြန်မြန်သောက်တော့ ကျွန် တော်မြန်မြန်အိမ်ပြန်ရတာပေါ့။ ကျွန်တော် နံပြားဖိုဘေးမှာ လက်ပိုက် စောင့်နေရတယ်။

ကိုရီစွတ်က ကျွန်တော့်အဖေနဲ့ သူငယ်ချင်းဗျ။ သူ့ကို ရပ်ကွက်ထဲက လူတွေက မာမူ ဦးရီစွတ်တို့၊ ရီစွတ် ဆိုင်တို့ခေါ်ကြပေမယ့်၊ ကျွန်တော်က တော့ အဖေခေါ်သလို ကိုရီစွတ်လို့ ပဲခေါ်တယ်။

အဲ …ကျွန်တော့်လက်ဖက် ရည်ကို ရီစွတ်သောက်ပြီးတဲ့အခါ ကျွန်တော်ပြန်လို့ရပြီပေါ့။ ကိုရီစွတ် က လက်ဖက်ရည်ကို ဘယ်တော့မှ ပန်းကန်နဲ့ မသောက်ဘူး။ ပန်းကန် လည်း မရှိဘူး။ လက်ဖက်ရည်ချိုင့် အဖုံးထဲ ထည့်သောက်တာ။ ဒီတော့ အဖုံးပြန်ပိတ်တဲ့အခါ အဖုံးထဲက လက်ဖက်ရည်အကျန်တွေလည်း ချိုင့် ထဲဝင်ကုန်ရော။ ကျွန်တော်ရွံလည်း ရွံတယ်။ စိတ်လည်း ညစ်တယ်။ ဒီ လိုတွေများလာတော့ ကျွန်တော် သည်းမခံနိုင်တော့ဘူး။ အဖေနဲ့ တိုင် လိုက်တယ်။

ဒီတော့ အဖေက ဘယ်လိုတုံ့ ပြန်တယ်မှတ်သလဲ။ စိတ်ဆိုးမိုးဆိုးနဲ့ “သူသောက်ချင်လို့ နေမှာပေါ့ကွာ” လို့ ကျွန်တော့်ကို ငေါက်လိုက်သေး တာ။ အမှန်တော့ ကိုရီစွတ် အဲသလို ယူသောက်နေတာ အဖေသိပုံရတယ်။ ဒါကို ကျေနပ်ပုံလည်းရတာ ကျွန် တော် က မသိဘူး။ ခံပေါ့။

အဲ …ကိုရီစွတ်ရဲ့ နံပြားဆိုင် မှာ ကိုရီစွတ်မဖုတ်တဲ့ နေ့ဆို၊ သူ့ သမီး ယာဂျရူးဖုတ်တယ်။ ဒီလိုယာဂျ ရူးဖုတ်တဲ့နေ့ဆို၊ ကျွန်တော်က ပြောင်းပြန်။ ယာဂျရူးမမြင်မြင်အောင် လက်ဖက်ရည်ဝယ်ရတာကိုက ပျော် စရာ။ ယာဂျရူးနံပြားဖုတ်တဲ့နေ့ဆို၊ သူ့ဆိုင်မှာ ကျွန်တော်အကြာကြီးနေ တယ်။

ယာဂျရူးကလည်း နံပြားရောင်း ရတဲ့ပိုက်ဆံထဲက ကျွန်တော်တို့ နှစ် ယောက် တခြားမုန့်တွေ ဘာတွေ ဝယ်စားပေါ့လေ။ ယာဂျရူးနဲ့အချိန် တွေ အများကြီး ယူမိတဲ့နေ့ဆို အဖေ လက်ဖက်ရည်နောက်ကျပြီး သောက် ရမြဲပေါ့။ အဖေက “မင်း ..နောက် ကျလှချည်လား” မေးရင် ကျွန်တော် ကလည်း ကိုရီစွတ်ခေါင်းပေါ်ချလိုက် တာပဲ။ ကိုရီစွတ်နံပြားဖိုပေါ် လက် ဖက်ရည်ချိုင့်တင်ပြီး …နံပြားဖုတ် နေတယ်ပေါ့။ ကိုရီစွတ်အပေါ် ပုံချ လိုက်ရုံပဲ။

အခုတော့ နှစ်တွေလည်း ကြာ ခဲ့ပြီပေါ့လေ။ ငယ်ငယ်က နံပြားတွေ လည်း ကျွန်တော့်ဘဝနဲ့ ဝေးသွားပါ ပြီ။ ကျွန်တော်ကိုယ်တိုင်ရဲ့ အသက် တောင် ခုနစ်ဆယ်ကို မိမိရရ ကျော် သွားပြီဆိုတော့ ကျွန်တော့်ထက် အသက်နည်းနည်းသာငယ်တဲ့ ယာဂျ ရူးတစ်ယောက်၊ ခုလောက်ဆိုအသက် ခုနစ်ဆယ် သီသီစွန်းရော့မယ်။

အဖေလည်း မရှိရှာတော့ဘူး။

ကိုရီစွတ်လည်း လစ်သွားပြီ ..

ကျွန်တော့်မှာတော့ ဒိုးလုံးသီ ချင်းကြားတိုင်း၊ ယာဂျရူးဖုတ်တဲ့နံပြား ကို သတိရလှတယ်ဗျာ။ =နံပြားကို ဘယ်သူရွေ့သလဲ ..’ဆိုတဲ့အထိ တော့ မမေး၊ မမေးကြပါနဲ့။ ။

ကိုငြိမ်း (မန္တလေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*