ချစ်သူ G Fatt ကို သဘောကျရတဲ့ အချက်တွေနန်းဆုရတီစိုး ပြောပြ

ချစ်သူ G Fatt ကို သဘောကျရတဲ့ အချက်တွေနန်းဆုရတီစိုး ပြောပြ
April 2, 2018 Asian Fame Media
ချစ်သူ G Fatt ကို သဘောကျရတဲ့ အချက်တွေနန်းဆုရတီစိုး ပြောပြ

အနုပညာရှင်နှစ်ဦးဖြစ်တဲ့ G fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်သူစုံတွဲ က လိုက်ဖက်ညီ တဲ့စုံတွဲတစ်တွဲလို့ ဆိုရမှာဖြစ်ပြီး ပရိသတ်တွေကလည်း သဘောတူကြပါတယ်။ စိတ်တူ ကိုယ်တူလည်း ရှိကြတဲ့သူတို့ ချစ်သူ နှစ်ဦးရဲ့ အချစ်ရေးကတော့ အေးအေးဆေးဆေး သာသာယာယာ ပဲ ရှိနေပါတယ်။ ချစ်သွူ်အေအ ကို သဘောကျ နှစ်သက်ရခြင်းအ ကြောင်းကိုတော့ နန်းဆုရတီစိုးက…

“သဘောကျတဲ့အချက်တွေကတော့ အများကြီးပါပဲ။ ပြောရင် ကုန်မှာတောင်မဟုတ်ပါဘူး။ အဓိကကတော့ သူကစိတ်ကောင်းရှိတယ်။ ကိုယ့်အပေါ် တန်ဖိုးထားတယ်။ ကိုယ့်ကို တအားချစ်တယ်။ တအား ရိုမန့်တစ်ဆန်တယ်။ တစ်ကိုယ် ကောင်းဆန်စိတ်လည်း မရှိဘူး။ ကိုယ်ချင်းစာ တရားလည်းရှိတယ်။ ပြီးတော့ လူတကာအပေါ်လည်း စိတ်ကောင်းရှိတယ်။ အချက်တွေကတော့ အများကြီးပါပဲ” လို့ ပြောပါတယ်။ သူတို့ချစ်သူနှစ်ဦးမှာ တော့ G fatt က ရိုမန်တစ်ပိုဆန်သူ ဖြစ်ပြီး ပုဂံမှာ နန်းဆုရတီစိုးကို ဂရုတစိုက်နဲ့ ကျစ်ဆံမြီး ကျစ်ပေးတဲ့ ဗီဒီယိုဖိုင်ကလည်း မိန်း ကလေးတွေရဲ့ အသည်းကို တော်တော် လေး လှုပ်ခတ်သွား စေခဲ့ပါတယ်။

“သူကပိုပြီး ရိုမန့်တစ်ဆန်တယ်။ အသေး စိတ်ကအစ လုပ်ပေးတတ်တယ်။ အမှတ်တရနေ့ လေးတွေဆိုလည်း သူပဲအရင်ဆုံး သတိရပြီျးကမစမငျန တွေ အမြဲလုပ်ပေးဖြစ်တယ်” လို့ ချစ်သူရဲ့ ရိုမန့်တစ်ဆန် ဆန်နဲ့ ဂရုစိုက်မှုတွေကို နန်းဆုရတီစိုးက ပြော ပြပါတယ်။ ရှေ့ဆက် ရမယ့်ဘဝခရီးမှာလည်း သူတို့ရဲ့ အချစ်တွေကို ခိုင်မြဲအောင် တည်ဆောက်သွားမှာ ဖြစ်ကြောင်းကိုလည်း နန်းဆု ရတီစိုးက…

“အဓိကကတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုပဲ။ အလုပ်အကိုင် လုပ် ငန်း လည်း တူတော့ ပိုပြီးတော့ နားလည်မှုလည်း ရှိ ပါတယ်။ တစ်ယောက်နဲ့တစ် ယောက် နားလည်မှု ၊ သစ္စာရှိမှုလေးတွေနဲ့ တည်ဆောက်ထားပါတယ်။ သူလိုတဲ့နေရာ သူ့ကွက်လပ် ကိုယ်ဖြည့်၊ ကိုယ့်ကွက်လပ်သူဖြည့်ပေါ့။ တစ်ယောက်နဲ့ တစ်ယောက် တိုင်တိုင်ပင်ပင်နဲ့သူ မသိတဲ့နေရာ ကိုယ်ပြောပြ၊ ကိုယ်မသိတဲ့နေရာ သူပြောပြထားတာလည်း ရှိပါတယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*