ကျောင်းတက်ရင်းနဲ့ အနုပညာအလုပ်များ လုပ်ကိုင်နေတဲ့ Miss Universe Pyin Oo Lwin 2017 အလှမယ် ထွဋ်မြတ်ရွှေရည်

ကျောင်းတက်ရင်းနဲ့ အနုပညာအလုပ်များ လုပ်ကိုင်နေတဲ့ Miss Universe Pyin Oo Lwin 2017 အလှမယ် ထွဋ်မြတ်ရွှေရည်
March 29, 2018 AsianFame MediaGroup
ကျောင်းတက်ရင်းနဲ့ အနုပညာအလုပ်များ လုပ်ကိုင်နေတဲ့ Miss Universe Pyin Oo Lwin 2017 အလှမယ် ထွဋ်မြတ်ရွှေရည်

Miss Universe Pyin Oo Lwin 2017 အလှမယ် ထွဋ်မြတ်ရွှေရည်က International School of Myanmar ကျောင်းမှာ ပညာသင်ယူ နေတဲ့ ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ သူမက အနုပညာကို ဝါသနာပါတဲ့အတွက် ကျောင်းတက်ရင်းနဲ့ အနုပညာအလုပ်များကို တွဲဖက် လုပ်ကိုင်နေပါတယ်။ အခုလက်ရှိ လက်ခံရိုက်ကူးနေတဲ့ ဇာတ်ကားနဲ့ အစီအစဉ်တွေရော အနုပညာ အလုပ်တွေပါ ပြောပြတာကတော့ ..

”TVCတွေရိုက်ထားတာရှိတယ်။ပြက္ခဒိန်တွေရိုက်ဖို့ ကမ်းလှမ်းထားတာတွေရှိသလို ရိုက်ထားပြီးသားတွေလည်း ရှိပါတယ်။ မထွက်သေးတာတွေလည်း ရှိတယ်။ ကျောင်းတစ် ဖက်နဲ့ဆိုတော့ အခုလောလောဆယ် ဒါလေးတွေပဲ လက်ခံထားတယ်။ ရုပ် ရှင်ရိုက်ကူးဖို့တော့ အခုလောလော ဆယ်အစီအစဉ်မရှိသေးဘူး။ ကျောင်းလည်း တက်နေတာဆိုတော့ ကျောင်း ပြီး သွားရင်တော့ ရှိလာမယ်ထင်ပါတယ်။ ညီမက သရုပ်ဆောင်လုပ်ရတာ ပိုဝါသနာပါတယ်။ ညီမကိုယ်ညီမ အလှမယ်တစ်ယောက်ဆိုတာထက် သရုပ်ဆောင် တစ်ယောက်ဖြစ်ရတာ ကို ပိုဝါသနာပါလာသလိုပဲ။ သရုပ် ဆောင် အလုပ်ကိုတော့လုပ်မယ်။ သရုပ်ဆောင်ပညာနဲ့ ပတ်သက်ပြီးလည်း အခုရိုက်ကူးနေတဲ့TVC ကြော်ငြာလေးတွေ ရိုက်ကူးတဲ့အခါမှာ ဒါ ရိုက် တာတွေရဲ့ သင်ကြားပေးမှုတွေကို နာခံရင်းနဲ့ အဲဒီကနေပညာတွေ သင်ယူဖြစ်ပါတယ်။ ညီမက ဂီတလည်း ဝါသနာပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်ဘက်အပိုင်းကိုပဲ ပိုဦးစားပေး လုပ်ဖြစ်သွားမှာပါ”လို့ အလှမယ် ထွဋ်မြတ်ရွှေရည်က ပြောပြပါတယ်။

ထွဋ်မြတ်ရွှေရည်အနေနဲ့ အလှမယ်ပြိုင်ပွဲတွေကို ထပ်မံဝင် ရောက်ယှဉ်ပြိုင် ဖို့တော့ စိတ်ကူးမရှိတော့ဘူးလို့ ပြောပါတယ်။ ထွဋ်မြတ်ရွှေရည်က ပညာရေး နဲ့ပတ်သက်ပြီး ISM ကျောင်းမှာ ၁၁ တန်းကို တက်ရောက်သင်ယူနေ တာဖြစ်ပြီး ၁၂ တန်းထိ တက်ရောက်သင်ယူပြီးရင်တော့ ဘွဲ့ရရှိတော့ မှာဖြစ်ပါတယ်။

ဇင်မာနွယ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*