စိန်ရောင်ကို မွှမ်းတဲ့ရွှေ

စိန်ရောင်ကို မွှမ်းတဲ့ရွှေ
March 29, 2018 Leanne Win
စိန်ရောင်ကို မွှမ်းတဲ့ရွှေ

အခန်း (၁)

ဂုဏ်ထူးဦးစွမ်းနိုင် (အင်္ဂလိပ် စာ)B.Sc(phy), Dip.in French(YUFL)ဦးစီးတည်ထောင်သော ဘာသာရပ်သင်ကိုယ်ပိုင်အထက်တန်းကျောင်းဆိုတဲ့ ခံ့ညားကြီးကျယ်တဲ့ခြံဝိုင်းကြီး ထဲက ကြော်ငြာဘုတ်ကြီးတစ်ခု။ မြို့ ပြရဲ့ တကယ့်အချက်အချာကျတဲ့ နေရာကြီးမှာ တွေ့လိုက်ရတယ်။

“သြော် …ငါ့တပည့်လေး တောင် အင်မတန်အောင်မြင်တဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်နေပြီ ပဲကိုး” ကြော်ငြာဘုတ်ကြီး ကြည့်ပြီး ပြုံးရင်းဝဲတက်လာတဲ့ ပီတိမျက်ရည်တွေကိုမျက်တောင်နဲ့ပုတ်ခတ်ထုတ် လိုက်တယ်။ လွန်ခဲ့တဲ့ သုံးဆယ့်ငါး နှစ်လောက်က ဒေးဒရဲဆိုတဲ့နယ်မြို့လေးတစ်ခုအပိုင်ထဲက ရွာလေး တစ်ရွာမှာ ကျွန်တော်ကျောင်းဆရာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ တံငါရွာလေးဖြစ်တဲ့အတွက် အဲ့ဒီရွာ ရဲ့မိသားစုတော်တော်များများက ရေလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းတယ်။ ပညာရေးကိုသိပ်ဦးစားပေး လေ့မရှိဘူး။  အရွယ်ရောက်လာတဲ့ ကလေး တိုင်းကို မိဘတွေက သူတို့ရဲ့ မိရိုး ဖလာအလုပ်တွေကိုသင်ပေးပြီး အဲဒီ အလုပ်တွေကိုပဲ လုပ်ကိုင်စေခဲ့ကြ တယ်။ အဲ့ဒီအလုပ်တွေကသာ သူတို့ ရဲ့တစ်ခုတည်းသော အသက်မွေး ဝမ်းကျောင်းပညာလို့ သတ်မှတ်ထား ကြတယ်။ အဲဒါကြောင့် အဲဒီရွာလေး မှာ မူလတန်းကျောင်းလေးတစ် ကျောင်းသာရှိတယ်။ ဒါပေမဲ့ ခြောက် တန်းအထိတော့တွဲပြီး သင်ပါတယ်။အိမ်ခြေလေးရာကျော်လောက်ရှိတဲ့ ရွာလေးမှာ မူလတန်းကျောင်းလေး ပဲရှိတယ်ဆိုတော့ အဲ့ဒီရွာရဲ့ပညာရေး အခြေအနေကို မှန်းကြည့်လို့ရပါ တယ်။ ကျောင်းဆရာအဖြစ်နဲ့တာဝန် ကျရာ ဒေသတော်တော်များများကို လိုက်ပြီး ပညာသင်ပေးရပေမယ့် ဂုဏ်ထူးဦးစွမ်းနိုင်ဆိုတဲ့ ဒီကြော်ငြာ ဘုတ်ကြီးကြောင့် အဲဒီတံငါရွာလေးကို မှတ်မှတ်ထင်ထင်မျက်ဝန်းထဲမှာ မြင် လာခဲ့တာပါပဲ။

ကျွန်တော်ဒီကျောင်းကို ပြောင်း လာစမှာပဲ ကလေးတစ်ယောက်ကို သေချာသတိထားမိခဲ့တယ်။ကလေး ရဲ့နာမည်က ကောင်းခန့်ကျော်။ဘယ် ဘက်ခြေထောက်ကလေးတစ်ဖက် ကမွေးရာပါမသန်ဘူး။ လမ်းလျှောက် ရင် သန်တဲ့ညာဘက်ခြေထောက်လေး ကို လက်တစ်ဖက်က ထောက်ပြီး အားပြုရင်းလျှောက်ရလေ့ရှိတယ်။ အမြဲတမ်းမှိုင်မှိုင်တွေတွေနဲ့ တစ် ယောက်တည်းပဲ နေလေ့ရှိတယ်။ကျောင်းခြံဝန်းရဲ့ သစ်ပင်အရိပ် အောက်ပဲဖြစ်ဖြစ်၊ ကျောင်းသားတွေ ရှင်းနေတဲ့ အတန်းထဲမှာပဲဖြစ်ဖြစ် လူရှင်းတဲ့နေရာတွေမှာထိုင်ပြီး ငိုင် နေလေ့ရှိတယ်။ ချို့တဲ့နေတဲ့ဘဝ အခြေအနေကို သိမ်ငယ်နေသူမှန်း ကြည့်လိုက်ရင်သိသာပါတယ်။ ကျွန် တော်က ၄ တန်းအတန်းပိုင်။ ကလေး ကလည်း လေးတန်းကျောင်းသား။ ဒါပေမဲ့ စာသင်ခွင့်ရတာ ရက်ပိုင်းပဲ ရှိသေးတော့ ကလေးတိုင်းနဲ့ ရင်းရင်း နှီးနှီး မရှိသေးဘူး။ တိုက်တိုက်ဆိုင် ဆိုင်လို့ ဆိုရမလား။ ဒီကလေးရဲ့ နေ့ စဉ်ဖြစ်နေကျ အခက်အခဲလားတော့ မသိဘူး။ ကျွန်တော် ကျောင်းကို စောစောရောက်လာတဲ့ တစ်နေ့။ ကောင်းခန့်ကျော်လေးဟာကျောင်းခြံ ဝန်းရဲ့ သစ်ပင်အောက်က ခုံတန်း လေးမှာထိုင်ပြီး တရှုပ်ရှုပ်နဲ့ ငိုနေတာ ကို တွေ့လိုက်ရတယ်။ သူထိုင်နေတဲ့ အရှေ့ကစားကွင်းမှာတော့ ရွယ်တူ ကလေးတွေ ဘောလုံးကန်နေကြ တယ်။ ကျောင်းတက်ဖို့လည်းလိုသေး တာနဲ့ ကျွန်တော် သူနဲ့ရင်းနှီးမှုယူဖို့ အတွက် သူ့အနားကိုကပ်သွားလိုက် တယ်။ သူထိုင်တဲ့ ထိုင်ခုံမှာပဲ ဝင်ထိုင် လိုက်တယ်။ ကောင်းခန့်ကျော်က ကျွန်တော့် ကိုတွေ့သွားတာမို့ ဖရိုဖရဲထိုင်ပြီး ငို နေရာက အမူအရာပြင်ထိုင်လိုက် တယ်။ ကျွန်တော့်ကိုနေရာနည်းနည်း တိုးဖယ်ပေးလိုက်တယ်။ မျက်ဝန်းက မျက်ရည်တွေကို မြန်မြန်ဆန်ဆန် သုတ်ဖယ်လိုက်တယ်။ ကျွန်တော်က သူ့ပခုံးလေးကို အသာအယာပုတ်လိုက်ရင်း “သားက ဘာဖြစ်လို့ ငိုနေရတာတုံးကွ” လို့ စကားအစချီလိုက်တယ်။ ကျွန်တော့် ကိုမော့ကြည့်ပြီး သိပ်ဝမ်းနည်းစရာ ကောင်းတဲ့စကားတစ်ခွန်းကို ငိုသံ လေးသဲ့သဲ့နဲ့ ပြောရှာတယ်။

“သားဘောလုံး ကန်ချင်လို့ပါ ဆရာရယ်။ ခြေကျိုးက ဘောလုံးကန် လို့ မရဘူးကွဆိုပြီး သားကို ပေးမ ကန်ခိုင်းကြဘူး” သနားစရာ ကောင်းလိုက်ပါ လား။ ဒါကြောင့် အားငယ်နေရှာတာ ကိုး။ ငိုမယ်ဆိုလည်း ငိုနိုင်လောက်ပါ ရဲ့။ ကျွန်တော့်မှာလည်း ယောက်ျား တန်မဲ့ မျက်ရည်ကျရမလိုဖြစ်ခဲ့ရပါ တယ်။ သူအားငယ်နေရာကနေ ပျော် ရွှင်သွားအောင် ဘယ်လိုလုပ်ရပါ့ မလဲ။ ကျွန်တော်စဉ်းစားရပါတော့ မယ်။ ဒါဟာသူ့အတွက် စိတ်ဓာတ် မြှင့်တင်ပေးဖို့ ကျွန်တော့်ရဲ့ ပထမ ဆုံးခြေလှမ်းဖြစ်ပါတယ်။ ရပါပြီ။ ကျွန်တော်စဉ်းစားလို့ရခဲ့ပါပြီ။ စိတ် ဓာတ်မြှင့်တင်ပေးမယ့်သူက ငိုသံပါ နေလို့ မဖြစ်ဘူးလေ။ အဲဒါကြောင့် အသံကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြော လိုက်တယ်။ “သားပန်းချီဆွဲတတ်လား”ကျွန် တော့်ကို သူဆွဲတတ်ကြောင်း ခေါင်း ညိတ်ပြီး ပြန်ဖြေလိုက်တယ်။ ခြေလှမ်း သစ်အတွက် ကျွန်တော်အစပြုလေပြီ။ “ဒါဆိုရင် ဆရာနဲ့သားနဲ့ပြိုင်ပွဲတစ်ခုလောက်လုပ်ကြရအောင်။ အခု ဘောလုံးကန်နေတဲ့ကလေးတွေရဲ့ ပုံ ကို ပန်းချီဆွဲမယ်။ နိုင်တဲ့သူကို ရှုံးတဲ့ သူက မုန့်ဝယ်ကျွေးရမယ်။ ဘယ်လိုလဲ”

“ဆရာ တကယ်ဝယ်ကျွေးရမှာ နော်”  ကျွန်တော့်ကို သူကအထင်သေး တဲ့လေသံမျိုး၊ သူ့ကိုယ်သူ ယုံကြည်တဲ့ လေသံမျိုးနဲ့ တိုက်ပွဲမှာ သေချာပေါက် အောင်နိုင်မယ့် စစ်သူကြီးတစ်ယောက် လို ဝံ့ဝြံ့<ွကာြး<ွကား ပြောလိုက်တယ်။ “အိုခေလေ။ ပြိုင်ပွဲစကြတာ ပေါ့” နဂိုထက် ပိုရွှင်လန်းလာသောသူ့မျက်နှာလေးကို စတွေ့ရတော့ ကျွန်တော့်ဆီကို ဝမ်းသာခြင်းတွေ ကူးလူးလာပါတယ်။ ကျွန်တော်က ပန်းချီဆရာတစ်ဦးဆီမှာ ပန်းချီပညာ ကိုနည်းနည်းပါးပါးသင်ထားဖူးတယ်။ ဒါပေမဲ့ ကျွန်တော်သူ့ကိုအနိုင်ပေးဖို့ပဲ ဆုံးဖြတ်ထားပါတယ်။သူ့စိတ်ဓာတ် ကို မြှင့်တင်ပေးဖို့ဆိုတာ သူကိုယ်တိုင် အောင်နိုင်ခြင်းရဲ့ အရသာကိုမြည်း ကြည့်မိမှ အဆင်ပြေမှာမို့လား။ အစ ဦးဆုံးမှာပဲ အရှုံးနဲ့ရင်ဆိုင်ရပြီဆိုရင် ဘယ်မှာတက်ြ<ွကတော့မှာလဲ။ စာရွက် အလွတ်နှစ်ရွက်ကို ကျွန်တော် တစ်ရွက်ယူပြီး သူ့ကိုတစ်ရွက်ပေး လိုက်တယ်။ ခဲတံကိုလည်း ကျွန်တော် တစ်ချောင်းသူ တစ်ချောင်း။ တစ် ယောက် မျက်နှာတစ်ယောက်ပြိုင် တူကြည့်လိုက်ကြတယ်။ ပြိုင်ပွဲအတွေ့ အကြုံရှိနေတဲ့ ဝါရင့်ကြီးတွေက ပြိုင် ပွဲစည်းကမ်းကို သိနေကြသလိုမျိုးနဲ့ တစ်ယောက်နဲ့ တစ်ယောက်တိုင် ပင်စရာမလိုဘဲ ကျောချင်းကပ်လှည့် လိုက်ကြတယ်။ ကျွန်တော်ကတစ်က နေတစ်ဆယ်အထိရေပြီး ပုံစဆွဲဖို့ အချက်ပြလိုက်တယ်။ ဆယ့်ငါးမိနစ် လောက်ကြာတော့ သူ့ဆီက အသံ ထွက်လာတယ်။ “ဆရာပြီးပြီလား။ သားက ပြီး ပြီ။”

“ဟေ …အေး …” ကျွန်တော်ယောင်ယမ်းပြီး အသံ ထွက်သွားတဲ့အထိ အံ့သြရပါ တယ်။ ကျွန်တော်က အကြမ်းပဲခြစ် ရသေးတယ်။ သူက ပြီးပြီဆိုပဲ။ “ပြစမ်းပါဦး။ သားဆွဲထားတဲ့ပုံ”ဒုတိယအကြိမ် အံ့သြသွားရပြန်ပါ တယ်။ တကယ့်ကို သေသပ်တဲ့လက် ရာမျိုးပါလား။ သိပ်တော်တဲ့ပညာ ရှင်ဆီမှာ သင်ထားတဲ့လက်ရာမျိုးပါ ပဲ။ သူ့ကိုအလျှော့ပေးဖို့နေနေသာ သာယှဉ်ဆွဲရင်တောင် ကျွန်တော်နိုင် မှာ မဟုတ်ပါဘူး။ သေချာပါတယ်။မနိုင်ပါဘူး။ “လှလိုက်တဲ့လက်ရာ။ တော် လိုက်တာကွယ်။ သားကဘယ်သူ့ဆီမှာ သင်ထားတာလဲ။ သားဆရာက ဘယ် သူလဲ။” သူ့ခေါင်းလေးကို လက်နဲ့ သပ်ပေးရင်း ကျွန်တော်မေးလိုက်တယ်။

“ဘယ်သူ့ဆီကမှ သင်တာ မ ဟုတ်ပါဘူး ဆရာ။ ဒါပေမဲ့နေ့တိုင်း မြေကြီးပေါ်မှာ သားရဲ့ ပုံကို သားဆွဲ တယ်။ ဒီမှာတွေ့လား ဆရာမလာ ခင်လေးမှာပဲ သား ဆွဲထားတဲ့ပုံ” သူညွှန်ပြတဲ့နေရာကိုကြည့် လိုက်မိတယ်။ ကျွန်တော်တို့ထိုင်နေ တဲ့ခုံလေးရဲ့ရှေ့ဖိနပ်ချွတ်တဲ့နေရာ။ကျွန်တော့်ဖိနပ်နဲ့ ဖိမိထားတဲ့ပုံလေး တစ်ပုံ။ ကျွန်တော်ဖိနပ်ကိုဖယ်ပြီး ကြည့်လိုက်တယ်။ ခြေထောက်က လေးတစ်ဖက်သိမ်နေတဲ့ ကလေးတစ် ယောက်ရဲ့ပုံ။ ပုံလေးပေါ်မှာလည်း အစိုကွက်ကလေးတစ်ကွက်။ ပုံဆွဲ ရင်း သူငိုထားတာပဲဖြစ်မယ်။ ဒီပုံဆွဲ တိုင်း ငိုနေရတာလား မသိဘူး။ ဒါဆို ရင်တော့ သူနေ့တိုင်း ငိုနေရမှာ အသေအချာပါပဲ။ ကျွန်တော့်မှာ ဝမ်း နည်းစရာမြင်ကွင်းကြောင့် မခံစား နိုင်အောင်ကို ခံစားရပါတော့တယ်။ကျွန်တော် အဲဒီပုံလေးကိုကြည့်နေ တုန်းမှာပဲ ကျောင်းတက်ခေါင်း လောင်းထိုးတော့ သူကထသွားလေ ပြီ။ ကျွန်တော့်မှာသာ မထနိုင်ဘဲ ကျန်နေခဲ့တာ။ သူဆွဲထားတဲ့ ပုံလေး ပေါ်က အစိုကွက်လေးပေါ်ကျသွား မိတဲ့ ကျွန်တော့်မျက်ရည်စက်ကို သူ သိလိမ့်မှာ မဟုတ်။

အခန်း (၂)

ကျွန်တော် စာသင်ခန်းထဲ ရောက်တာနဲ့ “မင်္ဂလာပါ ဆရာ။ ယ နေ့ကြွလာ မြတ်ဆရာ ချမ်းသာကိုယ် စိတ်မြဲပါစေ”လို့ ကလေးအားလုံးက မတ်တတ်ရပ် နှုတ်ဆက်လိုက်တယ်။ “မင်္ဂလာပါတပည့်တို့။ ကျန်းမာကြ ပါစေ။ ထိုင်ကြပါကွယ်”လို့ ပြန်နှုတ် ဆက်တော့ ကလေးတွေ ပြန်ထိုင်ကြ တယ်။ “ဆရာ့ကို သောက်ရေတစ်ခွက် လောက် ခပ်ပေးပါလားကွယ်” ကျောင်းသားတွေထဲမှာ ဘယ် သူက ဖင်ပေါ့သလဲ သိချင်တာနဲ့ စမ်း ကြည့်လိုက်တယ်။ ကျောင်းသား အများစု မတ်တတ်ထရပ်လိုက်ချိန် မှာပဲ အတန်းရှေ့ကို ရောက်လာတာ က ကောင်းခန့်ကျော်။ သန်တဲ့ခြေ ထောက်ကလေးတစ်ဖက်ကို လက် နဲ့ထောက်ထားလိုက်သေး။ ကျွန် တော်ဝမ်းသာသွားရပါတယ်။ သူ့မှာ တခြားကလေးတွေထက် ပိုတဲ့ဂါရဝ တရားပိုရှိတာ၊ လျင်မြန်မှုရှိတာကို တွေ့လိုက်ရလို့ပါ။ တစ်ချိန်တည်းမှာပဲ ကျောင်းသားအများစုရဲ့ အမူအရာ ကို ကျွန်တော်ဖတ်လိုက်မိတယ်။”အ ကျိုးက မျက်နှာလုပ်ချင်လို့ ကမန်းက တမ်းထတာလား။ ထပ်ကျိုးဦးမယ်”လို့ တိုးတိုးပြောသူတွေ ရှိသလို ကောင်းခန့်ကျော်ရဲ့ သာမန်မဟုတ်တဲ့ မတ်တတ်ရပ်တာကိုလည်းကြည့်ပြီး ဟားတဲ့ ကျောင်းသားတွေလည်း ရှိ တယ်။ ခမျာလေးမှာတော့ ဘာမှ မသိရှာပါ။ ရေခပ်ပြီး ကျွန်တော့်ကို လာပေးတယ်။ “ကျန်းမာချမ်းသာပါစေ။ ရေ ကျိုးဆယ်ပါး မတောင်းဘဲပြည့်ပါ စေ”လို့ ကျွန်တော် ဆုပေးလိုက်မိ တယ်။

“ရေကျိုးဆယ်ပါးထဲမှာ မွေး ရာပါ ခြေထောက်မသန်တာ ပျောက် တာပါလား ဆရာ” ရင်ထဲကို ဝုန်းဒိုင်းကြဲသွားတဲ့ မေးခွန်းပါ။အတန်းဖော်ကျောင်းသား တွေမကြားလိုက်ပေမယ့် ကျွန်တော့် မှာတော့ တကယ့်ကိုမကြားဝံ့မနာသာ မေးခွန်းတစ်ခု။ မေးတဲ့သူ့မှာလည်း မျက်ရည်စတွေနဲ့။ မဖြေနိုင်တဲ့ ကျွန် တော့်မှာလည်း မျက်ရည်စတွေနဲ့။ က လေးကို ကျွန်တော့်ရင်ခွင်ထဲထည့်ပြီး နှစ်သိမ့်ပေးလိုက်တယ်။ ကျောင်း သားလေးတွေက ကျွန်တော်တို့ကို ကြည့်ပြီး ကြောင်နေကြမလား။ ကျွန် တော် ဘာကိုမှမမြင်တော့ပါ။ကလေး ကိုဖက်ထားရင်း ကျွန်တော်သိသ လောက် တတ်သလောက်အားပေး စကားတွေနဲ့ အားပေးခဲ့တယ်။ “ခြေထောက်တစ်ဖက် မသန် တာနဲ့ အားလျှော့စရာမဟုတ်ပါဘူး ကွယ်။ တချို့ဆို ခြေထောက်နှစ် ချောင်းလုံးမပါဘဲ ကမ္ဘာကျော်ပညာရှင်ဖြစ်သွားကြတာတွေရှိတာပဲ။ အဲ့ ဒီထက်ဆိုးတဲ့ နိုင်ငံခြားကနစ်(စ်)ဆို တဲ့လူတစ်ယောက်ဆိုရင် ခြေထောက် ရော၊လက်ရော အကုန်မပါဘူး။ ဒါ ပေမဲ့ သူကလည်း ကမ္ဘာကျော်ကွဲ့။ငါ့သားလေးမှာ သူများတွေမလုပ်နိုင် တဲ့အလုပ်ကို လုပ်နိုင်တဲ့အစွမ်းတွေ ပိုင်ထားတာပဲ။ သားလေးသာ ကြိုး စား။ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိ ဘူး။ မဖြစ်သေးတာပဲ ရှိတယ်” သူလေးကလည်း ကျွန်တော့် စကားတွေကိုနားထောင်ခဲ့တယ်။နား လည်သွားပုံလည်းရတယ်။ သားကြိုး စားပါ့မယ်လို့ ကျွန်တော့်ကို ကတိ ပေးခဲ့တယ်။

အခန်း(၃)

“ခြေထောက်တစ်ဖက် မသန် တာနဲ့ အားလျှော့စရာမဟုတ်ပါဘူး ကွယ်။ တချို့ဆို ခြေထောက်နှစ် ချောင်းလုံးမပါဘဲ ကမ္ဘာကျော်ပညာရှင်ဖြစ်သွားကြတာတွေရှိတာပဲ။ အဲ့ ဒီထက်ဆိုးတဲ့ နိုင်ငံခြားကနစ်(စ်)ဆို တဲ့လူတစ်ယောက်ဆိုရင် ခြေထောက် ရော၊လက်ရော အကုန်မပါဘူး။ ဒါ ပေမဲ့ သူကလည်း ကမ္ဘာကျော်ကွဲ့။ငါ့သားလေးမှာ သူများတွေမလုပ်နိုင် တဲ့အလုပ်ကို လုပ်နိုင်တဲ့အစွမ်းတွေ ပိုင်ထားတာပဲ။ သားလေးသာ ကြိုး စား။ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိ ဘူး။ မဖြစ်သေးတာပဲ ရှိတယ်” သူလေးကလည်း ကျွန်တော့် စကားတွေကိုနားထောင်ခဲ့တယ်။နား လည်သွားပုံလည်းရတယ်။ သားကြိုး စားပါ့မယ်လို့ ကျွန်တော့်ကို ကတိ ပေးခဲ့တယ်။ ကျွန်တော့်အားပေးစကား ထိ ရောက်တယ်လို့ ပြောရမလား။ ကောင်းခန့်ကျော်ရဲ့ အနိုင်မခံအရှုံး မပေးတဲ့စိတ်ဓာတ်ကောင်းကြောင့် လားမသိ။ အရင်ကထက်ပိုတဲ့ ယုံ ကြည်မှုတွေ သူ့မှာရှိလာတယ်။ စာ မေးပွဲတိုင်းကိုလည်း ထူးထူးချွန်ချွန်နဲ့ အောင်မြင်လာခဲ့တယ်။ ရွာကျောင်း တွင်းမှာ ပထမ။

အဲ့ဒီက တစ်ဆင့် ကျေးရွာအုပ်စုအဆင့်မှာ ပထမ။နောက်ဆုံးမြို့နယ်အဆင့် ထူးချွန် ဖြေတော့လည်း ကောင်းခန့်ကျော် ပထမရခဲ့တယ်။ သူ့ကိုယ်သူအားငယ် ရမယ့်လူတစ်ယောက်လို့မထင်တော့တဲ့ယုံကြည့်မှုမျိုးနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြစ်နေတာကိုတွေ့ရတော့ ဝမ်းသာ မျက်ရည်ကျရပြန်ပါတယ်။ သူ့ကို အကျိုးလို့ ပြောခဲ့ဖူးတဲ့ အတန်းဖော် ကျောင်းသားတွေလည်း ကောင်းခန့် ကျော်ဆိုတာနဲ့ကျောင်းဂုဏ်ဆောင်တစ်ယောက်အဖြစ် အသိအမှတ်ပြုလာ ကြတယ်။ အတန်းတိုင်းက ကျောင်း သားတွေကို ဆရာတွေက ဆုံးမ တော့မယ်ဆိုရင် ကောင်းခန့်ကျော် ကို ဥပမာထားပြီး ဆုံးမကြတယ်။

ရွာထဲမှာလည်း ကောင်းခန့် ကျော်ဆိုတာနဲ့ စာသိပ်တော်တဲ့ ကလေး။ အလွန်စာကြိုးစားတဲ့ကလေး ဆိုပြီး အောင်မြင်မှုတွေနဲ့ တွဲမြင်လာ ခဲ့ကြတယ်။ အရင်လို ခြေထောက် မသန်တဲ့ကလေးလို့ မထင်ကြတော့ ပါဘူး။ အဲ့ဒီအောင်မြင်မှုတွေက သူ့ ရဲ့ မသန်တဲ့ ခြေထောက်လေးတစ် ဖက်ကို ဖုံးလွှမ်းသွားနိုင်ခဲ့ပါပြီ။ သူလည်း အဲ့ဒီခြေထောက်လေးကို မေ့နေအောင်ကို တက်ကြွလန်းဆန်း နေပါပြီ။ရွာထဲမှာလည်း ကောင်းခန့် ကျော်ဆိုတာနဲ့ စာသိပ်တော်တဲ့ ကလေး။ အလွန်စာကြိုးစားတဲ့ကလေး ဆိုပြီး အောင်မြင်မှုတွေနဲ့ တွဲမြင်လာ ခဲ့ကြတယ်။ အရင်လို ခြေထောက် မသန်တဲ့ကလေးလို့ မထင်ကြတော့ ပါဘူး။ အဲ့ဒီအောင်မြင်မှုတွေက သူ့ ရဲ့ မသန်တဲ့ ခြေထောက်လေးတစ် ဖက်ကို ဖုံးလွှမ်းသွားနိုင်ခဲ့ပါပြီ။ သူလည်း အဲ့ဒီခြေထောက်လေးကို မေ့နေအောင်ကို တက်ကြွလန်းဆန်း နေပါပြီ။ မြို့နယ်ထူးချွန်က ရလာတဲ့ ပထမဆုကို ယူလာရင်း ..

“ဆရာ့ရဲ့ အားပေးစကား ကြောင့် အခုလိုအခြေအနေကို ရောက်လာတာပါ။ ကောင်းခန့်ကျော် ဆိုတာ ပိုပီပြင်လာတာပါ” ဆိုပြီး လူ ကြီးတစ်ယောက်လို စကားမျိုးတွေ ပြောပြီး လာကန်တော့ပြန်တော့ ကျွန်တော့်မှာ ထိန်းသိမ်းရခက်တဲ့ မျက်ရည်တွေက အိကျလာခဲ့ရတယ်။မျက်ရည်တွေကြားထဲကပဲ …

“မင်းသိပ်တော်ပါတယ် သား လေး။ အမေဘယ်လောက်သိပ်သိပ်ကိုယ်တိုင်အိပ်မှ အိပ်ပျော်တာဆိုတဲ့ စကားအတိုင်း မင်းမှာကြိုးစားချင် စိတ်ရှိလို့ အခုလိုဖြစ်လာတာပါ။     ဆရာက နည်းနည်းလေးပဲ ထောက်ပံ့ ပေးခဲ့ရသူပါ။ မင်းနာမည်ကိုမောင် စွမ်းနိုင်လို့ခေါ်ပြီး ဂုဏ်ပြုပါတယ်”ဆိုပြီး အားပေးဂုဏ်ပြုခဲ့ပါတယ်။ ကျွန်တော်ပေးလိုက်တဲ့ နာမည်ကို သူ တော်တော်လေး သဘောကျသွားပုံ ရတယ်။ သူ့ဘဝတစ်လျှောက်လုံး အဲ့ဒီနာမည်ပဲ တွင်သွားခဲ့တယ်။ အခု လိုအောင်မြင်တဲ့ ကျောင်းဆရာတစ် ယောက်ဖြစ်တဲ့အထိ ကျွန်တော်ပေး တဲ့နာမည်နဲ့ပဲ လျှောက်နေတာတွေ့ တော့ ကျွန်တော့်မှာ ဝမ်းသာရပါ တော့တယ်။

“အဲ့ဒီကိုယ်ပိုင်ကျောင်းကသိပ်ကောင်းတာကွ။ဈေးလည်းသက်သာ တယ်။ ကျောင်းဆရာကလည်း စည်း ကမ်းကြီးတယ်။ နှစ်တိုင်းလည်း ဘာ သာစုံဂုဏ်ထူးရှင်တွေ ထွက်တယ်။ ကျောင်းမှာ ပန်းချီပညာကိုလည်း အဲ့ ဒီဆရာကိုယ်တိုင်သင်ပေးတာ။ ခြေ ထောက်သာမသန်တာ ပညာပိုင်းမှာ တော့ ဒီနယ်မှာ နာမည်အရဆုံး ကျောင်းဆရာပဲ”  ကြော်ငြာဘုတ်ကို မော့ကြည့်နေ ရာမှ ကျွန်တော့်အကြည့်တွေကို အနောက်ဘက်ကို ပြောင်းလိုက်တယ်။ ကျွန်တော့်အနောက်ကနေ ဖြတ်သွား တဲ့ လူနှစ်ယောက်ရဲ့ ချီးကျူးထော မနာသံ။ အဲ့ဒီလူတွေလိုပဲ တခြား သော လူဘယ်လောက်များများ မောင်စွမ်းနိုင်လေးကို ချီးကျူးနေ မလဲ။ သေချာပေါက် ချီးကျူးကြမှာ ပါ။ သိပ်မွှေးတဲ့ပန်းဆိုတော့ လေပေါ် လေအောက်ရနံ့ရောက်တာ မဆန်းပါ ဘူး။ အခုကျွန်တော်ကိုယ်တိုင် အဲ့ဒီ မွှေးရနံ့ကို ရနေပါပြီ။ မြန်မာပြည်က စိန်ဆိုရင် မင်းက အဲ့ဒီစိန်ကိုကွပ်ပေး တဲ့ရွှေဖြစ်ခဲ့ပြီ။ မောင်စွမ်းနိုင်က စိန် ဆိုရင် ဆရာက အဲ့ဒီစိန်ကို ကွပ်ပေး တဲ့ ရွှေဖြစ်ခဲ့ရပြီပေါ့။ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ စိန်ရောင်ကို ပိုပြီး တောက်အောင် အမွှမ်းတင်ပေးတဲ့ ရွှေတွေပေါ့။ ကျွန်တော့်ရဲ့ အိမ် အပြန်လမ်းတစ်လျှောက် ပီတိတွေကို ကျောပိုးလာခဲ့တယ်။ ဂုဏ်ထူးဦးစွမ်း နိုင်ဆိုတဲ့ ကြော်ငြာဘုတ်ကြီးကို မျက် လုံးထဲက ဘယ်တော့မှထွက်မှာ မ ဟုတ်တော့ပါဘူး။

ညီဆောင်းဦး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*