တောကား မြို့ကား အခေါ်အဝေါ်တွေနဲ့ အနုပညာရှင်များရဲ့အမြင်

တောကား မြို့ကား အခေါ်အဝေါ်တွေနဲ့ အနုပညာရှင်များရဲ့အမြင်
March 28, 2018 AsianFame MediaGroup
တောကား မြို့ကား အခေါ်အဝေါ်တွေနဲ့ အနုပညာရှင်များရဲ့အမြင်

 

လူမှုကွန်ရက်စာမျက်နှာထက်တွေမှာ အခုရက်ပိုင်းအတွင်း မြန်မာပေါကား၊ တောကား၊ မြို့ကား၊ ရွာကား အစရှိတဲ့စကားသံတွေနဲ့ ဝိဝါဒတွေ ကွဲပြားလျက်ရှိနေပါတယ်။ အဲဒါကြောင့်လည်း ပေါ်ပြူလာဂျာနယ်အနေနဲ့ အနုပညာရှင် အချို့ရဲ့ အမြင်များကို စုစည်းမေးမြန်းဖော်ပြပေးလိုက်ပါတယ်။

ကျော်ထူး

 

 

ကျွန်တော့်အနေနဲ့ကတော့ ပရိသတ်တွေဘက်ကလည်း ခံစားသလို ရုပ်ရှင်ဘက်ကလည်းခံစားတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ ဖြစ်နေတဲ့အတွက် မြန်မာပေါကားကတော့ ထွက်မှာ ပါပဲ။ပျောက်သွားမှာ တော့မဟုတ် ပါဘူး။ နိုင်ငံခြားမှမဟုတ်တာလေ။ သို့သော်ငြားလည်း ခေတ်က ပြောင်း လဲသွားပြီ။ မြန်မာပေါကားလို့ ပြော မယ်ဆိုရင် အရင်တုန်းက ရိုက်ကူးခဲ့တဲ့ ကားတွေမှာ တော်တော်ပေါတဲ့ကား တွေရှိတယ်။ သို့သော်ငြား လည်း အဲဒီခေတ်က အဲဒီပရိသတ်ကိုး။ ဒီဘက်ခေတ်ပရိသတ်ကတော့ ဒီ ဘက်ခေတ်အနေအထားရှိတာကိုး။ အဲဒီအတွက် ဦးကျော်ထူးတို့ကတော့ မခံစားတော့ပါဘူး။ တစ်ခုရှိတယ်။ ပရိသတ်တွေအနေနဲ့ ဝေဖန်ပါ။ ဝေဖန် ထောက်ပြမှသာလျှင် ဒီဘက် ကပြင်စရာရှိတာတွေလည်း ပြင်သွားကြမှာလေ။ ပြင်တဲ့လူရှိခဲ့ရင်ပေါ့။ မပြင်တဲ့လူကတော့မပြင် ဘူးပေါ့လေ။ ဝေဖန် တာကိုလက်ခံပါတယ်။ ဒါပေမဲ့ အဲဒါကြီးကိုပဲ လက်ညှိုးထိုး ပြီးတော့ အပြစ် ပြောနေမယ်ဆိုရင် တွန်းလှည်းနဲ့ ထီရောင်းတဲ့သူနဲ့ ကား နဲ့ထီရောင်းတဲ့သူ ကွာသွားသလို ပေါ့။ ထီကတော့ထီပဲ။ ကားနဲ့ လိုက် ရောင်းတာ၊ တွန်းလှည်းနဲ့ လိုက် ရောင်းတာပဲကွာမယ်။ စကားအကုန် ပြောရမယ်ဆိုရင်တော့ မြန်မာ နိုင်ငံမှာဖြစ်တဲ့အတွက် မြန်မာပေါ ကားကတော့ ရှိနေမှာပါပဲ။

 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နေဆန်း

 

 

တောကား၊ မြို့ကားလို့ အထင် ခံရတာ အရင်တုန်းကတည်းကပါ။ အမြဲတမ်းပြောဆိုနေကြတာ။ အခုတော့ တောကား၊ မြို့ကားမဟုတ် တော့ဘူး။ တစ်ခုထပ် တိုးလာတယ်။ ရွာကားဆိုပြီးတော့ ဝေဖန်သံတွေက များလာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် တောကားပဲဖြစ်ဖြစ်၊ ရွာကားပဲဖြစ် ဖြစ်၊ မြို့ကားပဲဖြစ်ဖြစ်၊ ဘယ်သူတွေ ခွဲခြားနေပါစေ သူ့နေရာနဲ့သူမှာ ပရိ သတ်အားပေးမှုတွေ ရရှိထားတဲ့ အတွက် အကုန်တူတူပါပဲ။ အနုပညာ ဆိုတာ ပရိသတ်ကို မှီခိုပြီး လုပ်ရတဲ့ အလုပ်ပါ။ အဲ့လိုမျိုးခွဲခြားလို့လည်း ပရိသတ်တွေက ကျွန်တော်တို့ကို အားပေးမှုမလျော့ပါဘူး။ ရွာကား အဆင့် ရိုက်ရတာလဲ ကျွန်တော်တို့ နိုင်ငံကိုယ်က ရွာအဆင့်ဖြစ်နေလို့ လား မသိပါဘူး။

 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 

မင်းမော်ကွန်း

 

 

လူတွေက တစ်ယောက်နဲ့တစ် ယောက် အမြင်မတူတာတွေရှိတဲ့ အတွက် လွတ်လပ်စွာ ငြိမ်းချမ်းစွာနဲ့ ကွဲလွဲခွင့်ရှိပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ဒီကိစ္စနဲ့ ပတ်သက် ပြီး သိပ်ထွေထွေထူးထူးတော့ ပြော စရာမရှိပါဘူး။ ဘယ်လိုတွေပဲဖြစ် လာဖြစ်လာ လူတိုင်းပြောင်းလဲမှ ဒီ လောကကြီးက ပြောင်းလဲမှာပါ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*